Bethany Independent Presbyterian Church

Myanmar

“ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌စုံလင်တတ်သည်” ၂ကော ၁၂း၁-၁၀

“ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌စုံလင်တတ်သည်” ၂ကော ၁၂း၁-၁၀



နိဒါန်း

က။ ထူးချွန်သော တမန်တော် ပေါလု

၁) ယုံကြည်ခြင်း၌

၂) အသက်ရှင်ခြင်း၌

၃) အမှုတော်မြတ်၌

၄) အဆုံးသတ်အောင်မြင်ခြင်း၌

ခ။ တမန်တော် ပေါလုသည် အံ့သြဖွယ်ဖြစ်သည်၊-

၁) ပုံသက်သေ

၂) ခွန်အားပေးခြင်း

၁ငါသည်ဝါကြွားခြင်းကိုမပြုသင့်လျှင်၊ သခင်ဘုရားပြတော်မူသော ထူးဆန်းသောရူပါရုံနှင့် ဗျာဒိတ် တော်များကို တဖန်ပြောဦးမည်။

၂တဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတယောက်ကို တတိယကောင်း ကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ၏။

ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည်မပါသည်ကို ငါမသိ။ ဘုရားသခင်သိတော်မူ၏။ ၃ထိုသူသည်ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ၍၊

လူမပြောအပ် မပြောနိုင်သောစကားကို ကြားသည့် အကြောင်းကိုငါသိ၏။ ၄ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ၊ ဘုရားသခင်သိတော်မူ၏။

၆ ထိုသို့သောသူကို ဝါကြွားမည်။ နွမ်းရိအားနည်းခြင်းမှ တပါး ကိုယ်ဂုဏ်ကို မဝါကြွား။ 6 ဝါကြွားခြင်းငှါအလိုရှိလျှင်လည်း၊ သူရူးဖြစ်သည်မဟုတ်။

အကြောင်းမူကား၊ ငါသည်ဟုတ်မှန်စွာ ပြော တတ်၏။ တစုံတယောက်သောသူသည် ငါ့ကိုမြင်သည်ထက်၊

ငါ့သတင်းကိုကြားသည်ထက်၊ ငါ့ကို သာ၍ မထင်စေခြင်းငှါ ငါမပြောဘဲနေ၏။ ၂ကော ၁၂း၁-၆

 

ခက်ခဲသော သင်ခန်းစာ – ကိုယ်၌စူးသောဆူး

၈ ငါခံရသောဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည်ထောင်လွားသောစိတ်မရှိစေခြင်းငှါ၊

ငါ့ကို ဒဏ် ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။ ၂ကော ၁၂း၇

က။ ပြသနာ ဖော်ထုတ်သည်

၁) ကိုယ်၌ဆူးစူးခြင်းခံသည်

၂) ပေါလုအားစူး ဖို့စာတန်၏တမန်ပေးခြင်းခံသည်

ခ။ ပြသနာသည် နားလည်သဘောပေါက်သည်

၁) ပေါလုအား နှိမ့်ချစေဖို့

၂) သူသည် အလွန်ဝါကြွားခြင်းမှတားရန် (သူ၏ စတ်/နှလုံးသား)

 

ဘုရားသခင်မှ အဖြေကိုရှာခြင်း

ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည် အကြောင်းသုံးကြိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍… ၂ကော ၁၂း၈

က။ ဆုတောင်းခြင်းနှင့် အဖြေရှာ

ခ။ အသနားခံခြင်းနှင့် အဖြေရှာသည်

ဂ။ ရလိုသော အဖြေ၊-

ကိုယ်မှ စူးဖယ်ရှားဖို့!

 

သခင်ဘုရားမှ နက်နဲသော အဖြေ

9 ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ဟု မိန့်တော်မူ၏။

က။ ဘုရား၏ ကျေးဇူးတော် ကမ်းလှမ်းခြင်း

ခ။ ဘုရား၏ ခွန်အား ကတိ

ဂ။ ကိုယ်၌စူးဆူးခြင်းပြသနာ သည် ဆက်လက်တည်မည်!

သခင်ဘုရားအား ပေါလု၏ တုံ့ပြန်ခြင်း

၉ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ်၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။

၁၀ထို့ကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ်၌ အား နည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။

10 သို့ဖြစ်၍ ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။

အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။ ၂ကော ၁၂း၉ခ-၁၀

က။ ဘုရား၏အဖြေကို ဝမ်းသာခြင်းနှင့်လက်ခံခြင်း

၁) သာ၍ဝမ်းမြောက်စွာ

၂) ဝါကြွားမည်

က) ငါ့ကိုယ်၏ အားနည်းခြင်း၌

ခ) ကဲ့ရဲ့ခြင်းများ ၌

ဂ) ဆင်းရဲခြင်းထဲ

ဃ) ညှဉ်းဆဲနှိပ်စက်ခြင်း ၌

င) ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့၌

၃) သခင်ယေရှုခရစ်တော် အဖို့

ခ။ ခွန်အား၏ဝရောဓိ နက်နဲသော နားလည်ခြင်း

၁) နက်နဲသော နားလည်ခြင်း

၂) နက်ရှိုင်းသော ဉာဏ်ပညာ

၃) လေးနက်သော ယုံကြည်ခြင်း

“အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။” ၂ကော ၁၂း၁၀-ခ

 

နိဂုံး

က။ ရှေ့မှာလာသော အနာဂတ်

၁) မာနတ်သည် တိုက်ခိုက်နိုင်သည်

၂) ကိုယ်ထဲစူးသည် မဖယ်ထုတ်တာဖြစ်နိုင်သည်

၃) ဒုက္ခခံခြင်းကို ကျွန်တော်တို့ခံနေဖို့လိုအပ်နိုင်သည်

ခ။ ကျွန်တော်တို့ အမြဲဆွဲကိုင်ရမည့် ယုံကြည်ခြင်း

၁) ဘုရားသခင်၏ရှေ့တော်၌

၂) ဘုရားသခင်၏ကူညီခြင်း၌

၃) ဘုရားသခင်၏ အစွမ်းတန်ခိုး၌

၄) ဘုရားသင်၏ကယ်မခြင်း၌

၅) ဘုရားသခင်၏ ကတိတော်၌

ဘုရားသခင်၏ကျေးဇူးတော်သည် ကျွန်တော်တို့အတွက် လုံလောက်ပြီး၊ ကိုယ်တော်၏ တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ကို ကျွန်တော်တို့ ယုံကြည်ကြပါစို့။