Bethany Independent Presbyterian Church

Myanmar

ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ (ယော ၁၃း၁)

ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ (ယော ၁၃း၁)



နိဒါန်း

၁။ ချစ်ခြင်း မေတ္တာနှင့် ပတ်သတ်သော သင်ခန်းစာများ သင်ယူခဲ့ပြီးပြီ

က။ ဣသရေလအမျိုးအတွက် ဘုရားသခင်၏ မေတ္တာ

ခ။ တပည့်တော်များအတွက် သခင်ယေရှု၏ မေတ္တာ

ဂ။ မေတ္တာသည် အလွန် သဘာဝဆန်သည်။

၂။ သခင်ယေရှူက အထူးမိန့်မှာခြင်းကို ပေခဲ့သည်။

က။ တပည့်တော်တို့အား တစ်ဦးကိုတစ်ဦး ချစ်ကြရန် မိန့်မှာခဲ့သည်။

ခ။ ဘာကြောင့် ချစ်ချင်းမေတ္တာကို အမိန့်အဖြင့် ပေးဖို့လိုအပ်သလဲ။

 

ဝမ်းနည်းစရာ အကြောင်းရင်း

၁။ လူသားသည် ဆိုးဆိုးဝါးဝါး ထိခိုက်ခြင်းခံသည်

က။ အပြစ်ကြောင့်

ခ။ ကိုယ့်ကိုယ်ကိုယ်

ဂ။ ဆာတန်ကြောင့်

ဃ။ လောကကြောင့်

၂။ လူသားများအပေါ် အပြစ်၏ ထိခိုက်မှူများ

က။ ချစ်ခြင်းသည် သဘာဝအလျှောက် ဖြစ်လာသည် မဟုတ်။

ခ။ သဘာဝအလျှောက် ယိမ်းယိုင်ခြင်း။

၁။ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ကိုယ့်ကိုယ်အထိပ်ထားခြင်း

၂။ အခွင့်အရေးယူခြင်း

၃။ သူတစ်ပါးအား တောင်းဆိုချက်များပေးခြင်း

၄။ ကျေးဇူးမသိတက်ခြင်း

၅။ သူတစ်ပါးအား အပြစ်ရှာခြင်း

၆။ သူတစ်ပါးအား ငြင်းပျယ်ခြင်း

 

တပြည့်တော်များ၏ ရုန်းကန်မှူများ

၁။ ကိုယ်ပိုင် ဟန်အသီးသီးရှိကြသည်

၂။ တစ်ဦးနှင့် တစ်ဦးအပေါ် ခတ်ခဲမှူတွေရှိသည်

၃။ ခေါင်းဆောင် လုပ်ချင်ကြသည်

၄။ ကိုယ့်စိတ်ဝင်စားမှူကိုသာ တွေးတက်ကြသည်။

၅။ မဖေါ်ပြလိုသော ကိုယ်ပိုင် အစီအစဉ်ရှိကြသည်။

 

တစ်ဦးကို တစ်ဦးချစ်ဖို့ အမိန့်တော်ကို နားလည်ခြင်း

၁။ အမိန့်တော်ဆိုတာ

က။ နားလည်ကြသည်

ခ။ နာခံကြသည်

၂။ တစ်ဦးနှင့် တစ်ဦး ချစ်ဖို့ရန် အမိန့်

က။ တစ်ဦးချင်း၏ အပြစ်များကို ကိုင်တွယ်ရန်ဖြစ်သည်

ခ။ ပြသာနာများကို ဖြေရှင်းကြရန် ဖြစ်သည်။

ဂ။ လက်တွေ့ကျသော အဖြေများကို ရှာရန် ဖြစ်သည်။

ဃ။ အမိန့်တော်ကို နာခံရန် ဖြစ်သည်။

င။ ဒါဆိုရင် ဒီအမိန့်တော်ကို ဘယ်လို ပြည့်စုံစေမည်နည်း။

 

တစ်ဦးနှင့် တစ်ဦး ချစ်ဖို့ရန် အမိန့်ကို ပြည့်စုံစေခြင်း

၁။ အမိန့်ကို ဆင်ခြင်နှလုံးသွင်းခြင်း

34 သင်တို့သည် အချင်းချင်းတယောက်ကိုတယောက် ချစ်ကြလော့။

ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။

35 သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍

သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ ယောဟန် ၁၃း ၃၄-၃၅

က။ အမိန့်လို့ ဖေါ်ပြထားသည်

ခ။ သခင်ယေရှုက ကျွန်တော်တို့ကို ချစ်နည်းတူ၊ အချင်းချင်းချစ်ဖို့ ဖြစ်သည်

ဂ။ ဒီမေတ္တာကို ကျင့်သုံးခြင်းသည် တပည့်တော်ဖြစ်ခြင်းကို သက်သေပြသည်။

၂။ အမိန့်ကို ထပ်၍ ဆင်ခြင်နှလုံးသွင်းခြင်း

ငါ့ကိုချစ်လျှင် ငါ့စကားကို စောင့်ရှောက်ပါ (ယော ၁၄း ၁၅)

က။ သခင်ယေရှုကို တကယ် ချစ် မချစ် စစ်ဆေးဖို့လိုနေသည်။

ခ။ ဒီချစ်ခြင်းက မှန်လျှင်၊ သူ့စကားကို စောင့်ရှောက်ရန် ဖြစ်သည်။

၃။ အမိန့်ကို ထပ်ဆင့်၍ ဆင်ခြင်နှလုံးသွင်းခြင်း

9 ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေ ကြလော့။

10 ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊

သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။ ယောဟန် ၁၅း ၉-၁၀

က။ သခင်ယေရှူ၏ ချစ်ခြင်း၌ တည်ကြည်ကြရန် ဖြစ်သည်။

ခ။ သူ့အမိန့်ကို လိုက်နာလျှင်၊ သူ့ချစ်ခြင်း၌ ည်ကြည်လာသည်

ဂ။ သခင်ယေရှူသည် ခမည်းတော်၏ ချစ်ခြင်း၌ တည်ခြင်းကို ပုံဥပမာ ဖြစ်သည်။

၄။ ဒီအမိန့်ကို မစောင့်ရှောက်ခြင်း၏ ပြသာနာ

က။ သခင်ယေရှုကို ကျွန်တော်တို့ တကယ် မချစ်လို့

ခ။ သူ့စကားကို မစောင့်ရှောက်ခြင်းသာ ဖြစ်သည်။

ဂ။ သူ့ချစ်ခြင်း၌ တကယ် မကျင်လည်လို့ ဖြစ်သည်။

 

နိဂုံး

၁။ မချစ်တက်တဲ့ ပြသာနာကို ရင်ဆိုင် ဖြေရှင်းရအောင်

၂။ မိမိ အပြစ်များကို ဝန်ခံရအောင်

၃။ သန့်ရှင်းခြင်း အသက်တာကို ရှာရအောင်

၄။ သခင့်အတွက် စစ်မှန်သော ချစ်ခြင်းနဲ ပြည့်စုံကြပါစေကြောင်း