Bethany Independent Presbyterian Church

Myanmar

ငါတို့သည် ဘုရားသခင့်ထံမှ ကြွလာသောဝိညာဉ်ကိုခံရကြပြီ ၁ ကော ၂း၁၂

ငါတို့သည် ဘုရားသခင့်ထံမှ ကြွလာသောဝိညာဉ်ကိုခံရကြပြီ ၁ ကော ၂း၁၂



နိဒါန်း

၁။ ဘုရားသခင်၏ဝိညာဉ်တော်သည် ဘုရားသခင်ပေးတော်မူသော အံ့ဖွယ်သော ကျေးဇူးတော်ဖြစ်သည်။

က။ သူသည် ငါတို့၏ တံဆိပ်ဖြစ်သည်။

ခ။ သူသည် ငါတို့၏ အာမခံချက်ဖြစ်သည်။

ဂ။ သူသည် ငါတို့၏ ဥပဇ္စ်ယ်ဆရာဖြစ်သည်။

၂။ ကံဆိုးစွာဖြင့်၊ ကောရိန္ဃုအသင်းတော်သည် သန့်ရှင်းသောဝိညာဉ်တော်အကြောင်းနှင့်ပတ်သက်လာရင် စိတ်ရှုပ်ထွေးမှုဖြစ်လာသည်။

က။ အသင်းတော်၌ တစ်ယောက်နှင့်တစ်ယောက်ကြား ကွဲလွဲမှုများဖြစ်ခဲ့သည်။

ခ။ အသင်းတော်၌ ဂိုဏ်းကွဲမှုများ ရင်ဆိုင်ကြုံတွေ့နေရသည်။

ဂ။ တမန်တော် ရှင်ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်ဗေဒ အကြောင်းနှင့်ပတ်သက်၍ အချို့သောယုံကြည်ချက်များ ရှင်းလင်းစရာရှိခဲ့သည်။

 

ကောရိန္ဃု၌ အချို့သောပြဿနာများ

၁။ သူတို့သည် လူ့ပညာကို နှစ်သက်သဘောကျခဲ့ကြသည်။ ၁ ကော ၂း ၅

၂။ သူတို့သည် လောကီပညာကို ရှာခဲ့ကြသည်။ ၁ ကော ၂း ၆

၃။ သူတို့သည် ဇာတိပကတိအလိုသို့ ယိမ်ခဲ့ကြသည်။ ၁ကော ၂း ၁၄

၄။ ထို့ကြောင့်၊ တမန်တော် ရှင်ပေါလု၏ သွန်သင်ချက်များကို-

က။ မေးခွန်းများထုတ်ခဲ့ကြသည်။

ခ။ ငြင်းပယ်ခဲ့ကြသည်။

 

ရှင်ပေါလု ဟောပြောခဲ့သော တရားတော်

၁။ သူငြင်းပယ်ခဲ့သည်-

က။ လူကို ဆွဲဆောင်တတ်သော “ထူးမြတ်သော စကားနှင့် ထူးမြတ်သော ပညာ”

ခ။ ဖြားယောင်းသောစကားနှင့် လူပညာ

၂။ သူ့ဦးတည်ချက်မှာ-

က။ ဘုရားသခင်၏ သက်သေတော်

ခ။ သခင်ယေရှု၏ ကားတိုင်တော်နှင့် သူ၏အသေခံတော်မူခြင်း

ဂ။ ဝိညာဉ်တော်နှင့် ၎င်း၏တန်းခိုးတော်ကို ဖော်ပြခြင်း

ဃ။ ဘုရားသခင်၏ တန်ခိုးတော၌တည်ဆောက်ထားသောယုံကြည်ခြင်း

 

ဝိညာဉ်ရေးပိုင်းဆိုင်ရာများ

၉။ ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကိုချစ်သောသူတို့အဖို့အလိုဌါ၊

ဘုရားသခင်ပြင်ဆင်တော်မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။

၁၀။ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဖော်ပြတော်မူ၏။

ဝိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသောအရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။ ၁ ကော ၂း ၉-၁၀

၁။ ဘုရားသခင်ကိုချစ်သောသူတို့အဖို့ ဘုရားသခင်ပြင်ဆင်တော်မူသော နက်နဲသောအရာများရှိ၏။

က။ လူ့မျက်စိဖြင့် မမြင်

ခ။ နားဖြင့် မကြား

ဂ။ စိတ်နှလုံးဖြင့် မကြံစည်သေး။

၂။ ဤနက်နဲသောအရာတို့ကို မိမိဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဖွင့်ပြတော်မူ၏။

က။ ဝိညာဉ်တော်သည် ဘုရားသခင်၏နက်နဲသောအရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။

ခ။ ဤနက်နဲသောအရာတို့ကိုဖော်ပြဖို့ ဘုရားသခင်၏ ဝိညာဉ်တော်လိုအပ်သည်။

 

ဆန့်ကျင်ဘက်ဖြစ်သော ဝိညာဉ်ပိုင်းဆိုင်ရာ (၂) ခု

၁၃။ ဘုရားသခင်ပေးတော်မူသောအရာတို့ကို ငါတို့သည် လူပညာကို အမှီပြု၍ နားလည်သောစကားနှင့်မဟော။

သန့်ရှင်းသောဝိညာဉ်တော်သည် ဝိညာဉ်နှင့်စပ်ဆိုင်သော အရာကို ဝိညာဉ်စကားအားဖြင့်ဖွင့်ပြ၍ ပဲ့ပြင်တော်မူသောစကားနှင့် ငါတို့သည်ဟောကြ၏။

၁၄။ ဇာတိပကတိလူသည် ဘုရားသခင်၏ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာ ဖြစ်သည်ဟု ထင်တတ်၏။

ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍ နားလည်နိုင်သောကြောင့် ဇာတိပကတိလူသည် နားမလည်နိုင်။

၁၅။ ဝိညာဉ်လူမူကား၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား၍နားလည်တတ်၏။ သို့သော်လည်း ထိုလူကို အဘယ်သူမျှပိုင်းခြား၍ မသိနိုင်။

၁၆။ ထိုလူကို သွန်သင်နိုင်မည်အကြောင်း အဘယ်သူသည် ထာဝရဘုရား၏စိတ်တော်ကို သိသနည်း။ ငါတို့မူကား၊ ခရစ်တော်၏စိတ်ကို ခံရကြ၏။ ၁ ကော ၂း ၁၃-၁၆

၃။ လောကီဝိညာဉ်သည် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ခြားနား၏။

က။ လောကီဝိညာဉ်သည် အောက်ပါလဏ္ဍာများဖြစ်ကြသည်။

၁။ လူပညာ

၂။ ဇာတိပကတိအရာကို ခံယူ၏

၃။ သူတို့သည်ဝိညာဉ်ပကတိနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်ကြ၏။

၄။ ဇာတိပကတိသည် ဝိညာဉ်ပကတိကို ငြင်းပယ်၏။

ခ။ ဘုရားသခင်၏ဝိညာဉ်သည်လည်း ထူခြားသော လဏ္ဍာများရှိ၏။

၁။ ဝိညာဉ်အရာတို့သည် ဝိညာဉ်ရေးနှင့် ခိုင်းနှိုင်း၏။

၂။ ဝိညာဉ်ပကတိအားဖြင့်သာ ဝိညာဉ်အရာတို့ကို ပိုင်းခြား၍နားလည်တတ်၏။

၃။ ခရစ်တော်၏စိတ်ကိုခံရဖို့ ဖွင့်ပြ၍ ကူညီတော်မူ၏။

 

အနှောက်ယှက်ဖြစ်စေသော ပြသနာများ

၁။ ညီအစ်ကိုတို့၊ အထက်က ငါသည် ဝိညာဉ်လူတို့အားဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသောအခွင့်မရှိဘဲ၊

ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ပြောရ၏။

၂။ ယခုတိုင်အောင် သင်တို့သည်ခဲဖွယ်စားဖွယ်ကိုမကြေနိုင်သောကြောင့်ငါမကျွေးရ။ နို့ကိုသာ တိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်သေး။

၃။ ယခုပင်လည်း၊ ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍ သင်တို့သည်

ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။ လောကီထုံးစံအတိုင်းကျင့်ဆောင်ကြသည် မဟုတ်လော ၁ ကော ၃း ၁-၃

၁။ ဇာတိပကတိ၏ ပြသနာ

၂။ တိမ်ခြင်း၏ ပြသနာ

၃။ ဤပြသနာများသည် သူတို့ကိုထင်ရှားစေပြီး အသင်းတော်ကိုလည်း ထိခိုက်အကျိုးသက်ရောက်စေသည်။

 

နိဂုံး

၁။ နက်နဲသော ကြီထွားခြင်းကို ရှာကြရအောင်။

က။ အသိတရားနှင့် ဉာဏ်ပညာ်၌

ခ။ ကိုယ်ခန္ဓာနှင့် ဝိညာဉ်ခွန်အာ်း၌

၂။ ဝိညာဉ်တော်၏ အထောက်အမကို သေချာရှာကြရအောင်

က။ သင်ယူရန်

ခ။ ပိုင်းခြား၍နားလည်ရန်

၃။ ဒီနေ့ဒီချိန်၌ လိုအပ်ချက်သည် ဝိညာဉ်တော်နှင့်ပြည့်သောပုဂ္ဂိုလ် ဖြစ်သည်။