Bethany Independent Presbyterian Church

Myanmar

“ငါတို့သည် ခရစ်တော်နှင့် အတူအောင်ပွဲကိုအစဉ်ခံစေခြင်း” ၂ကော ၂း၁၄-၁၇

“ငါတို့သည် ခရစ်တော်နှင့် အတူအောင်ပွဲကိုအစဉ်ခံစေခြင်း” ၂ကော ၂း၁၄-၁၇

 


 

နိဒန်း

က။ ရှင်းပေါလုသည် ကောရိန်သုအသင်းတော် ထူထောင်သူဖြစ်သည်

ခ။ ဤအသင်းတော် တည်ဆောက်ဖို့ ဆယ်ရှစ်လကြာသည်

ဂ။ သခင်ဘုရားက အခြားဒေသများ၌သာဿနာပြုဖို့ စေလွှတ်သည့်ကာလ၌ ကောရိန်သု အသင်းတော်သည် ဆိုးရွားခဲ့သည်

ဃ။ ဤအသင်းတော်သည် မိမိတို့၏ ဝိညာဉ်ဖခင်ကို ကျောခိုင်းခဲ့ခြင်း အကြောင်းရင်းများရှိသည်

၁) မှားယွင်းသောသွန်သင်းခြင်းများ

 ၂) မကောာင်းသော လွှမ်းမိုးမှုများ

၃) အသင်းတော်ထဲ၌ ဂိုဏ်းအသီးသီးရှိခြင်း

၄) မှားသော ကျင့်သုံးမှုများ

အသင်းတော်သည် နက်ရှိုင်းစွာရှုပ်ထွေးသည်!

 

ပြသနာများ ကို ရင်ဆိုင်ခြင်း

က။ ပြသနာများကို ရင်ဆိုင်ဖြေရှင်ရန်ဖြစ်သည်

ခ။ ရှင်ပေါလု၏ အပိုင်း၊-

၁) အသင်းတော်ပြဿနာဖြေရှင်းဖို့ ၁ကော၊ ရေးသည်

၂) ကောရိန်သု သို့ တိမောသေ နှင့် တိတု စေလွှတ်သည်

၃) သူသည် အားဆိုက်ဆုတောင်းသည်

၄) ကောရိန်သူအသင်းတော်အတွက် စိတ်နှလုံးပေးသည်

၅) အသင်းတော်အပေါ်သူ့မေတ္တာ ဆက်လက်ပြသသည်  ၂ကော ၂း၄

က) စိတ်ပူပန်ခြင်းနှင့်ပေးစာ ရေးသည်

ခ) မေတ္တာလည်းပါ စာရေးသည်

ဂ) ရှင်းပေါလုသည် သူတို့၏ဆိုးသော အကျင့်များကို ခွင့်လွှတ်မည်

 

ဘုရားသခင်၏ လမ်းပြခြင်း

က။ ရှင်ပေါလုသည် ဘုရား၏ လမ်းပြခြင်းကို ရှာသည်

၁) သတင်းကောင်းဟောဖို့ ဘုရားသခင်က တံခါးဖွင့်ပေးသည်   ၂ကော ၂း၁၂

 ၂) ရှင်ပေါလုသည် ဘုရားသခင်၏လမ်းပြခြင်းအစဉ်စောင့်တတ်သည်

ခ။ နာလည်မှုလွဲခြင်း

၁) အချို့တို့က ရှင်ပေါလုသည် မတရားသူဖြစ်သည်ဟု ထင်ကြသည်

၂) အခြားသောသူများက ရှင်ပေါလုသည် ကောရိန်သုကို ပြန်သွားမည်ဆိုပြီး မသွားဟု ပြောကြသည်

ဂ။ ရှင်ပေါလုသည် ကောရိန်သူအသင်းတော်ကို ဘုရား၏လမ်းပြခြင်းတရား ကိုဝေမျှဖို့လိုသည်

၁) ဘုရားသည် လမ်းပြသည်

 ၂) အောင်မြင်မှု နှင့်လမ်းပြသည်

ဃ။ လူ့အပိုင်း

၁) ဘုရား၏ လမ်းပြခြင်းကို နာခံလိုက်လျှောက်ဖို့

 ၂) ဘုရားလမ်းပြပို့ဆောင်သည့်နေရာ၌ အမှုတော်ဆောင်ဖို့

၃) လူ့အစီအစဉ် သည်တခါတခါ ဘေးဖယ်ဖို့လိုသည်

၄) ဤအရာသည် မအပ်စပ်ခြင်း အဟုတ်ဘဲ ဘုရား၏လမ်းပြခြင်းကို နာခံခြင်းသာဖြင့်သည်

 

ထိရောက်စွာ ဘုရားသခင်၏အစီတော်ခံခြင်း

က။ ခရစ်တော်၏ အမွှေးအကြိုင်ကို ပျံ့နှံ့စေဖို့  ၂ကော ၂း၁၄-၁၅

ခ။ ရိုးသားဖြောင့်မတ်ခြင်း အစဉ်အမြဲရှိရန် ၂ကော ၂း၁၇

 

ငါတို့အတွက် စိန်ခေါ်ချက်

၁။ မည်သည့်ဒေသသို့ ဘုရားလမ်းပြပို့ဆောင်နေသည်ကို မှတ်ယူရန်

၂။ သစ္စာရှိစွာ နာခံဖို့ဆုံးဖြတ်ရန်

၃။ ဘုရားသခင်သည် အောင်ပွဲနှင့် အစဉ်လမ်းပြမည်ကို ယုံကြည်ခြင်။