Bethany Independent Presbyterian Church

Myanmar

“ငါတို့တွင်ထင်ရှားစွာဖြစ်လေပြီးသော အတ္တုပ္ပတ္တိများ။” ရှင်လုကာ ၁း၁-၄၊ ၄း၁၇-၂၀

“ငါတို့တွင်ထင်ရှားစွာဖြစ်လေပြီးသော အတ္တုပ္ပတ္တိများ။” ရှင်လုကာ ၁း၁-၄၊ ၄း၁၇-၂၀



နိဒါန်း

က။ ခရစ်ဝင်ကျမ်းများ ရေးသားခြင်းအလုပ်

၁) ရှင်မဿဲ နှင့် ရှင်ယောဟန်

က) သူတို့နှစ်ဦးသည် သခင်ယေရှု၏ တပည့်တော်အရင်းများ ဖြစ်သည်

ခ) သူတို့နှစ်ဦးသည် တမန်တော်အရာ၌ ခန့်အပ်ခြင်းခံသူဖြစ်ကြသည်

ဂ) သူတို့သည် မိမိအတွေ့အကြုံနှင့် ရေးသားနိုင်သည်

၂) ရှင်မာကု နှင့် ရှင်လုကာ

က) သူတို့နှစ်ဦးသည် တမန်တော် မဖြစ်ကြပါ

ခ) သို့သော်၊ သူတို့သည် တမန်တော်တို့နှင့်နီးကပ်သူဖြစ်ကြသည်

ခ။ ခရစ်ဝင်ကျမ်းရေးသားခြင်း၏ ရည်ရွယ်ချက်များ

၁) လူတို့သည် သခင်ခရစ်တော်အားယုံကြည်စေဖို့ရန်၊

၂) ကိုယ်တော်၏သွန်သင်ခြင်းအားဖြင့် သခင်ယေရှုခရစ်၏ ကြွယ်ဝသော ပညာကို လူတို့သည် ရရှိရန် ကူညီဖို့

၃) သခင်ယေရှု၏အသက်တာအရေးပါခြင်းကိုနားလည် ပြီးတန်ဖိုးထားရန် ကူညီဖို့၊

၄) လူတို့သည်သခင်ဘုရားအား ယုံကြည်ခြင်းကို သေချာဖို့ကူညီရန်။

ဂ။ ရှင်လုကာ ခရစ်ဝင်ကျမ်းရေးသားသူ

၁) သူသည် ဓမ္မသစ်ကျမ်း နှစ်အုပ်ရေးသားသူဖြစ်သည်

က) ရှင်လုကာ ခရစ်ဝင်ကျမ်း

ခ) တမာန်တော် ဝတ္တု

၂) ရှင်လုကာသည် ဘယ်သူနည်း

က) သူသည် “ချစ်သောဆေးသမား လုကာ”ဖြစ်သည်၊ ကောလော ၄း၁၄

ခ) သူသည် ရှင်ပေါလုနှင့် အတူရှိကြောင်းဖေါ်ပြသည် ၂တိ ၄း၁၁-က

၃) သူဖြစ်လာသည် ကား-

က) ရှင်ပေါလု၏ သာဿနာ့ခရီးတချို့၌လုပ်ဖော်ဆောင်ဖက်ပြုသည်

ခ) နှိမ့်ချစွာနှင့် သူသည် ရှင်ပေါလုနှင့် အတူရှိခြင်းကို နှမ်စား “ငါတို့”

ဟု အသုံးပြုခြင်း ဖြင့်ဖော်ပြသည် တမန် ၁၆း၁၀၊

 

သခင်ယေရှုခရစ်၏ အခြားအသက်တာ အတ္တုပတ္တိလည်းရှိသည်

“ရှေ့ဦးစွာမှစ၍ ကိုယ်တိုင်မြင်သော သက်သေဖြစ်လျက်၊ နှုတ်ကပတ်တော် မှုကို
ဆောင်ရွက်သော သူတို့သည်- ငါတို့တွင်ထင်ရှားစွာဖြစ်လေပြီးသော အတ္တုပ္ပတ္တိ
များကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသော စာကို စီရင်ရေးသား
သောသူ အများရှိကြသည် ဖြစ်၍၊ ရှင်လုကာ ၁း၁-၂

က။ စီရင်ရေးသားသောသူများ

၁) စာရေးသူများ

၂) သူတို့သည် သမိုင်း (ခရစ်ဝင်ကျမ်း) ရေးသားမည်

ခ။ ငါတို့တွင်ထင်ရှားစွာဖြစ်လေပြီးသော အတ္တုပ္ပတ္တိများ

၁) စာရေးသူတို့သည် ပစ်မှတ်ရှိရှိ ရေးသားခဲ့သည်

၂) သူတို့သည် ထို “အတ္တုပ္ပတ္တိများ” ၏ပြည့်စုံခြင်းကိုရေးသားကြသည်

၃) ဤပြည့်စုံခြင်းများသည် အများသိသော အရာဖြစ်သည်

 

ရှင်လုကာ၏ ကိုယ်တိုင်ကြိုးစားအားထုတ်ခြင်း

ငါသည်လည်း ထိုအတ္တပ္ပတ္တိအလုံးစုံတို့ကို ရှေးဦးစွာမှစ၍၊- စေ့စေ့ဖွေရှာ လိုက်စစ်ပြီးလျှင်၊
ကိုယ်တော်သင်ပြီးသောအကြောင်းအရာတို့သည် ဧကန်အမှန်ဖြစ်ကြောင်းကို ကိုယ်တော်
သိစေခြင်းငှါ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည် အကြံရှိပါ၏၊ အလွန်မြတ်သောသော်ဖိလု။ ရှင်လုကာ ၁း၃-၄

ကိုယ်တော်သင်ပြီးသောအကြောင်းအရာတို့သည် ဧကန်အမှန်ဖြစ်ကြောင်းကို ကိုယ်တော်

သိစေခြင်းငှါ၊ ရှင်လုကာ ၁း၃-၄

က။ ရှင်လုကာ၏ အသိပညာ

၁) ပြည့်ဝသော အသိတရားရှိထားပြီ

က) သူသည် စေ့စေ့စပ်စပ် လေ့လာထားပြီ

ခ) သူသည်အကောင်းဆုံးအထောက်အထားတိုင်းကိုလိုက်သည်

၂) ရှေ့ဦးစွာမှစ၍

က) သူသည် “အလုံးစုံ” ကို သေချာစွာ စစ်ခဲ့ပြီ

ခ) သူသည်ရေးသားဖို့ အစဉ်သင့်ဖြစ်သည်

ခ။ သူ၏ရေးသားတင်ပြခြင်း

၁) အစဉ်အတိုင်းဖြစ်သော ဖြစ်စဉ်ကို ပြုစုရေးသားဖို့၊ ရှင် ၁း၄

၂) မှတ်ဖွယ်အဆင့်အတန်းရှိသောသူ ထံသို့

“အလွန်မြတ်သော သော်ဖိလု” ရှင်လုကာ ၁း၄

ဂ။ စာရေးသူ၏ ပန်းတိုင်းများ

၁) သိခြင်း

“သိစေခြင်းငှါ…” ရှင်လုကာ ၁း၄-က

၂) မှန်ကန်ခြင်း

“အကြောင်းအရာတို့သည် ဧကန်အမှန်ဖြစ်ကြောင်း…” ရှင်လုကာ ၁း၄-ခ

 

“ပြည့်စုံခြင်း” ကိုဗဟိုပြုခြင်း

က။ သခင်ယေရှု၏ မွေးဖွားခြင်း နှင့် အသက်တာဆိုင်ရာ ဖရောဖက်ပြုချက်များ

၁) ဖရောဖက်ပြုချက်အများရှိသည်

၂) ဖရောဖက်များအားဖြင့်ဘုရားသခင် ဖော်ပြသော အရေးကြီးသောအရာများ ရှိသည်

၃) ဤဖရောဖက်ပြုချက်များသည် ပြည့်စုံ မပြည့်စုံ မေးရမည်

ခ။ မေရှိယဆိုင်ရာ ဖရောဖက်ပြုချက်များ ပြည့်စုံခြင်း

၁) ရှင်လုကာနှင့် တခြားခရစ်ဝင်ကျမ်းရေးသောသူများတို့သည် ဖရောဖက်ပြုချက်များ

ပြည့်စုံခြင်းကို စစ်ဆေးသည်၊

၂) ဤဖရောဖက်ပြုချက်များသည် အမှန်ပြည့်စုံပြီဖြစ်ကြောင်း ခိုင်မာသောအသိတရား နှင့်

သေချာမှုနှင့် သူတို့သည် ရေးသားကြသည်၊

 

သခင်ယေရှုခရစ်၌် ငါတို့၏ သေချာသောယုံကြည်ခြင်းကို ထိခိုက်နိုင်သော အရာများ

က။ ငါတို့၏အသိတရား၌ ဟာကွက်များ

ခ။ ဖြစ်ပေါ်လာသော သံသယများ

ဂ။ ဆိုးရွားစွာထိခိုက်နိုင်သော ကြမ်းတမ်း နာကျင်သော အတွေ့အကြုံများ

ဃ။ ယုံကြည်ခြင်းအားလျှော့လာခြင်း (ဝါ) ဆုံးရှုံးခြင်း

ဤခရစ်စမတ် တရားပလ္လင်ဒေသနာများ၏ စိန်ခေါ်ချက်

က။ သေချာမှုတွေ့ရှိရန်

ခ။ စိတ်ချမှုပြန်လည်ရရှိရန်

ဂ။ ယုံကြည်ခြင်းကို ခိုင်မာစေဖို့

ဃ။ သခင်ခရစ်တော်ယုံကြည်ခြင်း၌ ပျော်ရွှင်မှုရ ရှိရန်

 

နိဂုံး

က။ ခရစ်စမတ်သည်တန်ဖိုးထားခြင်းအသစ်တွေ့ရှိဖို့၊

ခ။ သခင်ယေရှုခရစ်၌ပို၍နက်နဲသော အသိတရားရရှိရန်၊

ဂ။ သခင်ဘုရား၌ သာ၍ခိုင်ခံ့သော ယုံကြည်ခြင်းရှိရန်။