Bethany Independent Presbyterian Church

Myanmar

ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။ ဧဖတ်သြဝါဒစာ ၁ နှင့် ၅

ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။ ဧဖတ်သြဝါဒစာ ၁ နှင့် ၅


နိဒါန်း

၁။ ဧဖတ်မြို့ အသင်းတော်

က။ ဤအသင်းတော်သည် တမန်တော် ရှင်ပေါလုက တည်ထောင်ခဲ့သည်။

ခ။ ဤအသင်းတော်သည် ကောင်းမွန်စွာ သင်ကြားခြင်း ခံယူခဲ့သည်။

၂။ ဖခင်ကဲ့သို့ ဘုရားသခင်၏ဝါဒ

က။ ဧဖတ်အသင်းတော်၌ သွင်သင်ခဲ့ပြီးသားဖြစ်သည်။

ခ။ ဤသို့ရှင်ပေါလု၏ သွင်သင်ချက်သည် အောင်မြင်လျှက် ခွန်အားဖြစ်စေသည်။

 

ဖခင်ကဲ့သို့ဘုရားသခင်၏ အံ့ဖွယ်လုပ်ဆောင်ချက်များ

2 သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင်ထံတော်က

ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌ ရှိပါစေသော။

3 ငါတို့သည်ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည် အကြောင်း၊

4 ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ။ ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့၌

ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော

ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

5 ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကိုချီးမွမ်းစေခြင်းငှါ၊

6 ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသောစေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။ ဧဖတ် ၁း ၂- ၆

၁။ သူသည် ငြိမ်သက်ခြင်းနှင့် ကျေးဇူးတော်တို့အား ပေးတော်မူသည်။

၂။ ကောင်းကင်ဘုံနှင့် ဆိုင်သောအရာတို၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့အား ပေးသည်။

၃။ အခွင့်ထူး လုပ်ဆောင်ပေးသော အရာများ၊

က။ ကမ္ဘာမတည်မရှိမှီ ငါးတို့အား ရွေးကောက်တော်မူပြီ ဖြစ်သည်။

၁။ သန့်ရှင်းဖို့ရန်

၂။ အပြစ်ကင်းဖို့ရန်

၃။ သူ၏ မေတ္တာအားဖြင့် ရွေးခဲ့သည်။

ခ။ ငါတို့သည် သားအရားရခြင်းအလို့ဌါ ခွဲခန့်မှတ်သားခဲ့သည်

၁။ သခင်ယေရှုအားဖြင့်

၂။ သူ၏ အလိုတော်နှင့် အညီ

ဂ။ ချစ်တော်မူသော သားတော်၌ ကျန်တော်တို့အား လက်ခံဖွယ်ဖြစ်စေသည်။

 

နက်နဲသော အကြံစည်တော်အား ဖွင့်ပြခြင်း

7 ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊

8 ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်းခံရကြ၏။

9 ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သောအလိုတော်၏ နက်နဲသော အရာကို ငါတို့အား ပြတော်မူ၏။

10 ထိုနက်နဲသောအရာဟူမူကား၊ ကာလအချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်းကင်ပေါ်၊

မြေကြီး ပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ ချုပ်ခြာ စေတော်မူလိမ့်သတည်း။

11 မိမိစေတနာ၏အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည်ခြင်း ရှိသည်အတိုင်း၊

ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။

12 အကြောင်းမူကား၊ ခရစ်တော်ကို မျှော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်း အကြောင်းဖြစ်သတည်း။ ဧဖတ် ၁း ၇-၁၂

၁။ ကျန်တော်တို့အား ရွေးနုတ်ခြင်း မင်္ဂလာ ပေးခဲ့သည်

က။ အပြစ် ခွင့်လွှတ်ခြင်းရှိသည်။

ခ။ ကယ်တင်ခြင်း (ရွေးနုတ်ခြင်း) ရှိသည်။

၂။ ကျန်တော်တို့အား ကြွယ်ဝသော ကျေးဇူးတော် ပေးခဲ့သည်။

က။ ကျေးဇူးတော်ကို ကြွယ်ဝစွာ ပေးခဲ့သည်

ခ။ ကျေးဇူးတော်ကို အသိပညာနှင့် ဆင်ခြင်မူနှင့်အတူ ပေးခဲ့သည်။

၃။ နက်နဲသော အကြံအအစည်ကို ကျန်တော်တို့အား သိစေတော်မူသည်။

က။ ထို အကြံအစည်တော်ကို မဖွင့်ပြခဲ့ရင်

ခ။ သူ၏ လုပ်ဆောင်သမျှအားလုံးသည် လျို့ဝှတ်သောအရာများ ဖြစ်လိမ့်မည်။

၄။ ကြီးမားသော အမွှေတော်ကို ကျန်တော်တို့အား ပေးတော်မူသည်

က။ ကျန်တော်တို့သည် သူ၏ အမွှေခံများ ဖြစ်ကြသည်။

ခ။ ကျန်တော်တို့သည် ခရစ်တော်နှင့်အတူ အမွှေခံများ ဖြစ်ကြသည်။

 

သားသမီးများအပေါ် ခမည်းတော်၏ စိန်ခေါ်မှုများ

1 ထိုသို့သင်တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည် နည်းတူကျင့်ကြလော့။

2 ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေ ခြင်းငှါ၊

ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။

8 အထက်ကာလ၌သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား၊

သခင်ဘုရား၌အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။

15 ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။

16 ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။

17 ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြင်း၍ သိသောသူ ဖြစ်ကြ လော့။

18 လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့။

19 ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဘတ်ရွတ်၍၊

နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။

20 ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊

ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။ ဧဖက် ၅း ၁-၂၊ ၈၊ ၁၅-၂၀

၁။ ဘုရားသခင် ကျင့်တော်မူသည် နည်းတူ ကျင့်ကြရန်

က။ ဘုရား၏ သားတော် သခင်ယေရှု၏ ပုံဥပမာနှင့်အညီ လိုက်လျှောက်ရန်

ခ။ ဘုရားသခင်သည် ဖခင်ကဲ့သို့ မှန်ကန်စွာ ဆက်နွယ်မှု ပြုရန်

၂။ အထူးစိန်ခေါ်မှု (၃) ခု

က။ ချစ်ခြင်းမေ တ္တာ၌ ကျင်လည်ကြရန်

ခ။ အလင်း၌ ကျင်လည်ကြရန်

ဂ။ ပညာရှိစွာ ကျင်လည်ကြရန်

 

နိဂုံး

၁။ ဘုရားသခင် ကျင့်တော်မူသည် နည်းတူ ကျင့်ကြရန် ဖိတ်ခေါ်ခြင်း

က။ ဤအထူး ဖိတ်ခေါ်ခြင်းသည် မှန်ကန် သင့်လျှော်သောအရာကို လုပ်ရန်ဖြစ်သည်

ခ။ မိမိ၏ နှလုံးသားများကို ပြင်းထန်စွာ စိန်ခေါ်မှု ပေးပါစေ

၂။ သခင် ခရစ်တော်၏ ပုံဥပမာ

က။ နှိမ့်ချသော လူသားကဲ့သို့

ခ။ ခရစ်တော်၏ အသက်တာကို ခရုတစိုက် လေ့လာရန်

ဂ။ သခင်ယေရှု၏ နောက်တော်ကို နီးနီးကပ်ကပ် လိုက်ကြရအောင်။