Bethany Independent Presbyterian Church

Myanmar

“ခပ်သိမ်းသောကာလ၌ထာဝရဘုရားကိုကောင်းကြီးပေးမည်” ဆာလံ ၃၄

“ခပ်သိမ်းသောကာလ၌ထာဝရဘုရားကိုကောင်းကြီးပေးမည်” ဆာလံ ၃၄



နိဒါန်း

၁။ ကောင်းချီးမင်္ဂလာ ဓမ္မသီအြလောဂျီ

အချက်နှစ်ချက် မှတ်ထားရန်၊-

က) ပစ္စည်း/ရုပ်နှင့်ဆိုင်သော ကောင်းချီးမင်္ဂလာ

ခ) ဝိညာဉ်ကောင်းချီးမင်္ဂလာ

၂။ ပြည့်စုံသောဓမ္မသီအြလောဂျီ၌် သင့်တော်သော တုံ့ပြန်ခြင်းရှိသည်

က) ငါတို့သည် “ထာဝရဘုရားကို ကောင်းချီးပေး” ဖို့သင်ယူရမည်

ခ) ကောင်းကောင်းမွန်မွန် ာဝရဘုရားအားကောင်းချီးပေးဖို့ ရှာနေရမည်

လိုအပ်သောနာလည်သဘောပေါက်ခြင်း

၁။ ဘုရားသခင်သည် ငါတို့အားကောင်ကြီးပေးသည် ဟုဆိုသောအခါ

က) သူသည် ကောင်းချီးပေးနိုင်သောအာနာရှိသည်

ခ) သူသည် ကောင်ချီးပေးနိုင်သော တန်ခိုးရှိသည်

ဂ) ကိုယ်တော်၏ကောင်းချီးသည် ငါတို့အသက်တာကို ထူးကဲစေသည်

ဃ) သူ၏ကောင်းချီးက ငါတို့၏ဘဝသည် ထာဝရပြောင်းလဲစေသည်

၂။ ထာဝရဘုရားအားကောင်းချီးပေးခြင်းကို ဆိုသောအခါ၊-

က) အထက်ဖော်ပြသောအရာနကို အသုံးပြုလို့မရပါ။

ခ) ငါတို့သည် မည်သည့်နည်းနှင့်မျှ ဘုရားသခင်ကိုမပြောင်းလဲစေနိုင်ပါ။

၃။ ဘုရားသခင်အားကောင်းချီးပေးခြင်း၌ အရေးပါသောအချက်တစ်ခု

က) “ကောင်းချီး” ဆိုသောဝေါဟာရသည် “ဒူး” ဆိုတဲ့ဟေဗြဲစကားမှလာသည်

ခ) “ကောင်းချီး” အကြောင်းကို စဉ်းစားသောအခါ၊-

၁) ငါတို့သည် ဘုရားသခင်ကို အသိမှတ်ပြုသည်

၂) ငါတို့ဘုရားရှေ့၌ဒူးထောက်သည်

၃) ကြီးမြတ်သော ဘုရားရှေ့၌ စစ်မှန်သောနှိမ့်ချခြင်းကို ကျင့်သည်

၄။ ဘုရားသခင်အားကောင်းချီးပေးခြင်းနှင့်ဆိုင်၌ အခြားအချက်အလက်

က) မြင့်မားသော ဂုဏ်ပြုခြင်းကို ဘုရားအားပေးဖို့

ခ) ထာဝရဘုရားအား အလုံးစုံသော ချီးမွမ်းခြင်းကိုပေးဖို့

ဂ) ဘုရားသခင်အားကောင်းချီးပေးနည်းများ

က) ကျေးဇူးတင်ခြင်း

ခ) သီချင်းဆိုခြင်း

ဂ) ထာဝရဘုရားရှေ့၌ကခုန်ခြင်း

ဃ) ပူဇော်သကာပေးခြင်း

 

ထာဝရဘုရားအားကောင်းချီးပေးခြင်းကိုဖော်ပြခြင်း

(ဆာလံ ၃၄)

၁။ ကောင်းကြီးပေးသည်

ခပ်သိမ်းသောကာလ၌ထာဝရဘုရားကိုကောင်းကြီးပေးမည်     ဆာလံ ၃၄း၁-က

၂။ မြွတ်ဆိုသည်

ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ်မြွတ်ဆိုည်    ဆာလံ ၃၄း၁

၃။ ဝါကြွားသည်

ငါ့ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကိုပြုမည်  ဆာလံ ၃၄း၂-က

၄။ ချီးမွမ်းသည်/ချီးမြောက်သည်

ငါနှင့်အတူထာဝရဘုရားကို ချီးမွမ်းကြလော့။

နာမတော်ကို တညီတညွတ်တည်းချီးမြောက်ကြကုန်အံ့။  ဆာလံ ၃၄း၃

 

ထာဝရဘုရားအားကောင်ကြီးပေးခြင်း အကြောင်းရင်းများ

(အကြောင်းရင်းသုံးချက်ဖော်ပြမည်)

၁။ ငါတို့၏ဆုတောင်းခြင်းကို နားညောင်းသည်

က) ငါသည်ထာဝရဘုရားကို ရှာသောအခါနားထောင်တော်မူ၏၊  ဆာလံ ၃၄း၄-က

ခ) ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရား

သည်နားထောင်၍၊   ဆာလံ ၃၄း၆-က

၂။ ကယ်နှုတ်တော်မူခြင်း

ကြောက်မတ်ဖွယ်သောအကြောင်းအလုံးစုံအထဲက ငါ့ကိုကယ်နှုတ်တော်မူ၏၊  ဆာလံ ၃၄း၄-ခ

၃။ ကောင်းကငတမန်တော်တို့၏ကယ်လွှတ်ခြင်း

ထာဝရဘုရားကိုကြောက်ရွံ့သော သူတို့ပတ်လည်၌ ကောင်းကင်တမန်တော်

တို့သည်တပ်ချ၍ ကယ်လွှတ်တတ်ကြ၏၊   ဆာလံ ၃၄း၇

 

နိဂုံးချုပ်

၁။ ငါတို့သည် ဘုရားရှေ့တော်၌ဒူထောက်ကြပါစို့။

၂။ ထာဝရဘုရားအား ကောင်းကြီးပေးကြပါစို့။