Bethany Independent Presbyterian Church

Myanmar

ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏ (ဟေရှာယ ၆၄း ၈)

ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏ (ဟေရှာယ ၆၄း ၈)



နိဒါန်း

၁။ ခမည်းတော်ဘုရား ဗေဒ

က။ နက်နဲသည်

ခ။ ခမည်းတော်ဘုရား၏ လက္ခဏာသွင်ပြင်များ

၂။ ဘုရားသခင်နှင့် ဆက်နွယ်မှူ

က။ သမားရိုးကျ

ခ။ ကိုယ်တိုင်ကိုယ်ကျ

 

ဘုရားသခင်၏ အတူပါရှိခြင်း

1 ကိုယ်တော်သည် မိုဃ်းကောင်းကင်ကို ဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။

2 မီးသည်အမှိုက်ကို လောင်သကဲ့သို့၎င်း၊ ရေကိုဆူ စေသကဲ့သို့၎င်း ဖြစ်ပါစေသော။

သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ရန်သူတို့သည် နာမတော်ကို သိ၍၊ ရှေ့တော်၌ လူအမျိုး မျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်။

3 အကျွန်ုပ်တို့ မြော်လင့်သည်ထက်၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသောအခါ၊

ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။ ဟေရှာယ ၆၄း ၁-၃

၁။ ဘုရားသခင်၏ အတူပါရှိခြင်းကို မျှော်လင့်ခြင်း

၂။ ဘုရားသခင်၏ အတူပါရှိခြင်းကို အောက်မေ့ခြင်း

၃။ ဘုရားသခင်၏ အတူပါရှိခြင်း တန်ခိုးအား အံ့ဖွယ်ဖြစ်ခြင်း

၄။ ဘုရားသခင်၏ အတူပါရှိခြင်း ထပ်မံထင်ရှားရန် ဆုတောင်းခြင်း

 

အပြစ်၏ ပြသနာ

4 ကိုယ်တော်ကို မြော်လင့်သောသူတို့အဘို့အလိုငှါ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော

ဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့်မမြင်စဖူးပါ။

5 ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့် သောသူ၊ တရား တော်လမ်းတို့၌ ကိုယ်တော်ကို

အောက်မေ့သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယ ဖွဲ့တော် မူ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည်

အစဉ်လွှဲတတ် သောကြောင့် အမျက်ထွက်တော်မူ၏။ ကယ်တင်ခြင်းသို့ ရောက်ရကြပါ မည်လော။

6 အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သော အဝတ်နှင့်တူကြပါ၏။

အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်းလျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။

7 နာမတော်ကို ပဌနာပြုသောသူ၊ ကိုယ်တော်ကို မှီဝဲခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော်သော သူတယောက်မျှ မရှိပါ။

အကြောင်းမူကား၊ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။ ဟေရှာယ ၆၄း ၄-၇

၁။ ဘုရားသခင် တစ်ပါးတည်းသာရှိ၏

က။ ဖြောင့်မတ်သောသူတို့ထံ သူ့ကိုယ်သူ ဖွင့်ပြတော်မူသည်

ခ။ မျှော်လင့်သောသူတို့အဖို့ ကျေးဇူးပြုတော်မူသည်

၂။ ဘုရားသခင်၏ အတူမပါရှိခြင်း

က။ ဘုရားသခင်၏ အမျက်ဒေါသ

ခ။ အပြစ် ဒုစရိတ်တို့အား ဝန်ခံခြင်း

ဂ။ ဘုရား၏ အတူပါရှိခြင်းကို ရုပ်သိမ်းသည်

ဃ။ အပြစ်သည် အဆုံး၌ ပျက်စီးခြင်းသို့ ပို့ဆောင်သည်။

 

ဘုရားသခင်အား အသနားခံခြင်း

8 သို့ရာတွင်အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။

ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။

9 အိုထာဝရဘုရား၊ ပြင်းစွာ အမျက်ထွက်တော် မမူပါနှင့်။ ပြစ်မှားမိသော အပြစ်တို့ကို အစဉ်မပြတ် အောက်မေ့တော်မမူပါနှင့်။

ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ ရှိသမျှသည် ကိုယ်တော်၏ လူဖြစ်ကြပါ၏။

10 သန့်ရှင်းသောမြို့တော်တို့သည် တောဖြစ်ကြပါ ပြီ။ ဇိအုန်တောင်လည်း တောဖြစ်ပါပြီ။ ယေရုရှလင်မြို့ လည်းပျက်စီးပါပြီ။

11 ကိုယ်တော်ကို ဘိုးဘေးတို့ချီးမွမ်းရာအရပ်၊ အကျွန်ုပ်တို့၏ သန့်ရှင်းတင့်တယ်သော ဗိမာန်တော်ကို မီးလောင်ပါပြီ။

အကျွန်ုပ်တို့နှစ် သက်ဘွယ်သော အရာရှိသမျှတို့သည် သုတ်သင်ပယ်ရှားလျက်ရှိကြပါ၏။

12 အိုထာဝရဘုရား၊ ဤအမှုတို့ကို သည်းခံတော်မူ မည်လော၊ အောင့်လျက်နေ၍ အကျွန်ုပ်တို့ကို အလွန် ဆင်းရဲစေတော်မူမည်လော။ ဟေရှာယ ၆၄း ၈-၁၂

၁။ ဣသရေလအမျိုးတို့၏ ဒုက္ခ

က။ သန့်ရှင်းသောမြို့များကို သဲန္တာရ ဖြစ်လာသည်

ခ။ ဇိအုန်တောင်/ ယေရုရှလင်မြို့တို့သည် တောအဖြစ် ပျက်စီးကြသည်

ဂ။ ဗိမာန်တော်သည်လည်း ပျက်စီးသည်။

၂။ ဘုရားသခင်အား အသနားခံခြင်း

က။ ဖခင်ကဲ့သို့

ခ။ အိုးထိန်းကဲ့သို့

ဂ။ သခင် ကဲ့သို့

ဃ။ ဖန်ရှင်းရှင်ကဲ့သို့

၃။ ဆုတောင်းရမည့် အချက်များ

က။ အပြစ်ကို ဖြေရှင်းရန်

ခ။ ဘုရားသခင် တိတ်ဆိတ် မနေစေရန်

ဂ။ ဘုရားသခင်သည် လူမျိုးတော်တို့နှင့် ဝေးကွားခြင်း အဆုံးသတ်ရန်

 

နိဂုံး

၁။ အပြစ်ပြသာနာသည် လစ်လျူရှူလို့မရပါ။

၂။ ဘုရားသခင်အား ဆုတောင်းသနားခံခြင်း

က။ ဆုတောင်းခြင်းအမူတို့သည် အထက်သို့တက်စေရန်ဖြစ်သည်

ခ။ ဆုတောင်းခြင်းအမူတို့သည် အရေးထားပြီး ပူဇော်ရန်ဖြစ်သည်

၃။ ဘုရားသခင်သည် ဆုတောင်းခြင်းအဖြေ ပေးမည်လား။

13 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။

သင်တို့ မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။

ငါကျွန် တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက် ကြောက်ကြလိမ့်မည်။

14 ငါ၏ကျွန်တို့သည် ရွှင်လန်းသော စိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား၊

ဝမ်းနည်းသောစိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသော နှလုံးနှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည်။

16 မြေကြီးပေါ်မှာ မိမိကို မိမိကောင်းကြီးပေးသော သူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းကြီးပေးလိမ့်မည်။

မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင် ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား၊

အရင်အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ် ပျောက်လျက်ရှိကြ၏။ ဟေရှာယ ၆၅း ၁၃-၁၄, ၁၆

က။ ဘုရားသခင်သည် သူ၏ကျွန်တို့ကို ကောင်းချီးပေးလိမ့်မည်

ခ။ သူ့ကျွန်တို့၏ နှလုံးသား၌ ပျော်ရွှင်မူပေးလိမ့်မည်။

ဂ။ ဘုရားသခင်သည် မိမိတို့၏ အပြစ်ဒုစရီတ်များကို အောက်မေ့တော်မူမည်မဟုတ်။