Bethany Independent Presbyterian Church

Myanmar

အပတ်စဉ် သင်းအုပ်ပေးစာ ၆၊၉၊၂၀၂၀

အပတ်စဉ် သင်းအုပ်ပေးစာ ၆၊၉၊၂၀၂၀

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကိုကြားလိုက်ပါ၏။ ငါတို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက် ခြင်းရှိပါစေသော။ (တိ ၁း၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဤသင်းအုပ်ပေးစာကို လက်ခံရရှိသောသူ

၂။ တိတု
က။ မည်သူမည်ဝါ ဖြစ်သည်ကို ကောင်းစွာ ဖော်ပြထားသည်။
ခ။ စစ်မှန်သောသား ဖြစ်သည်။
ဂ။ တိမောသေကဲ့သို့ပင် ဆက်ဆံခြင်းခံရသောသူ ဖြစ်သည် (၁ တိ ၁း၂)။

၃။ အကျွန်ုပ်တို့၏ ယုံကြည်ခြင်း
က။ “ဆက်ဆံသော” စကားလုံးကို သုံးထားသည်။
ခ။ ပေါလုကိုယ်တိုင်က အခြားသော ယုံကြည်သူများ၊ တိမောသေတို့နှင့်အတူ
ဆက်ဆံကြသော ယုံကြည်ခြင်းကို ဆိုလိုသည်။

၄။ နှုတ်ခွန်းဆက်သခြင်း
က။ ကျေးဇူးတော်
(၁) ပေါလု အလွန်နှစ်သက်သော စကားလုံး ဖြစ်သည်။
(၂) ပေါလုအသက်တာ၌ ထင်ရှားစွာ နေရာယူထားသော စကားလုံးလည်း ဖြစ်သည်။
ခ။ ဂရုဏာတော်
(၁) ပေါလု အလေးထားသော ဝေါဟာရ တစ်လုံး ဖြစ်သည်။
(၂) ဤစကားလုံးသည် ”ကျေးဇူးတော်” နှင့် စပ်ဆက်မှု ရှိသည်။
(၃) ဂရုဏာတော်နှင့် ကျေးဇူးတော်သည် တွန်တွဲလျက် အကျိုးပေးသည်။
(၄) ဤစကားလုံးကို ဓမ္မဟောင်းကျမ်း၌ အကျယ်တဝန့် အသုံးပြုကြသည်။
ဂ။ ငြိမ်သက်ခြင်း
(၁) ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်သည်။
(၂) ဘုရားသခင်က ပေးသနားတော်မူသော ကျေးဇူးတော်နှင့် ဂရုဏာတော်တို့၏ အကျိုးရလဒ် ဖြစ်သည်။ ထိုအကြောင်းကြောင့်သာ
ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်း ရရှိကြသည် (ရောမ ၅း၁)။
(၃) ငြိမ်သက်ခြင်းသည် ပုဂ္ဂိုလ်တစ်ဦးချင်းနှင့်သက်ဆိုင်၍ လက်တွေ့အကျိုးသက်ရောက်မှု ရှိသည်။
(၄) ငြိမ်သက်ခြင်းသည် အကျွန်ုပ်တို့၏ စိတ်ရောကိုယ်ပါ သိသာစွာ အကျိုးပေးသည်။
၅။ ဤကောင်းချီးမင်္ဂလာတို့၏ အရင်းအမြစ်
က။ ခမည်းတော်ဘုရားသခင်
ခ။ အကျွန်ုပ်တို့၏ ကယ်တင်ရှင် သခင်ယေရှုခရစ်တော်ထိုသခင်အားဖြင့် ရရှိခံစားရသော ကယ်တင်ခြင်းကြောင့် အထက်ပါ
ကောင်းချီးမင်္ဂလာသုံးပါးကို ရရှိကြရသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ကျေးဇူးတော်၊ ဂရုဏာတော်နှင့် ငြိမ်သက်ခြင်း
က။ ပေါလုနှင့် တိတုတို့အတွက် အရေးပါသကဲ့သို့ အကျွန်ုပ်တို့အတွက်လည်း အလွန်အရေးပါသော ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။
ခ။ ဤကောင်းချီးမင်္ဂလာများကို အကျွန်ုပ်တို့သည် ပေါ့တန်စွာ ခံယူမိတတ်ကြသည်။
၂။ အကျွန်ုပ်တို့၏ အသက်တာနှင့် အမှုတော်မြတ်၌ ဤကောင်းချီးမင်္ဂလာများကို အစဉ်တန်ဖိုးထားခြင်းသည် ကောင်းမြတ်သည်။
က။ ရရှိခံစားရသော ကောင်းချီးမင်္ဂလာများသည် ကျေးဇူးတော်နှင့် ဂရုဏာတော်၌ မြစ်ဖျားခံလျက် ရှိကြသည်။
ခ။ ဤကောင်းချီးမင်္ဂလာများကို အလွန်တန်ဖိုးထား၍ အောက်မေ့ကြစို့။

 

အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်
၁။ အသင်းသူ/သားများလည်း အထက်ပါ ကောင်းချီးမင်္ဂလားများကို
သတိရအောက်မေ့တတ်ရန် ကူညီကြစို့။
၂။ အကျွန်ုပ်တို့ အသက်တာ၌ ဘုရားသခင်ပေးသနားတော်မူသော ကျေးဇူးတော်နှင့်
ဂရုဏာတော်တို့အတွက် ကျေးဇူးသိတတ်ဖို့ ကြိုးစားအားထုတ်ကြစို့။
၃။ ဂိုဗစ်-၁၉ ကပ်ရောဂါကြီးကို ရင်ဆိုင်ကြရချိန်၌ အထူးသဖြင့် ဘုရားသခင်ပေးသနားတော်မူသော ငြိမ်သက်ခြင်းကို ပို၍တန်ဖိုးတတ်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်