Bethany Independent Presbyterian Church

Myanmar

အပတ်စဉ် သင်းအုပ်ပေးစာ စက်တင်ဘာလ (၂၇)၊ ၂၀၂၀

အပတ်စဉ် သင်းအုပ်ပေးစာ စက်တင်ဘာလ (၂၇)၊ ၂၀၂၀

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၈ ဧည့်သည်သတ်ကို ပြုတတ်သေူသူ၊ သူတေ်ာကောင်းနျင့် အဆွေဖွဲ့သောသူ၊ ဣန္ဒြေ စောင့်
သောသူ၊ ဖြောင့်မတ်သော သူ၊ သန့်ရှင်းသော သူ၊ ကာမဂုဏ်ကို ချုပ်တည်းသောသူဖြစ်ရမည်။
၉ စင်ကြယ်သော သြဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှာ၎င်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှါ၎င်း တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသော သစ္စာစကားတော်ကိုအမြဲစွဲလမ်းသောသူဖြစ်ရမည်။
တိတုသြဝါဒစာ ၁း ၈-၉

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ခေါင်းဆောင်ကောင်းများ၏ အခြားအရည်အသွေးများ
က) ဧည့်ဝတ်ကျေပွန်သောသူ
ခ) ကောင်းသောအရာများကို ကြိုက်နှစ်သက်သူ
ဂ) နူးညံံ့သိမ်မွေ့သောသူ
ယ) တရားမျှတသောသူ
င) သန့်ရှင်းသောသူ
စ) မိမိကိုယ်မိမိထိန်းချုပ်နိုင်သောသူ

၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုင်တွယ်ခြင်း
က) ထာဝရတည်သော နှုတ်ကပတ်တော်ကို ခိုင်မြဲစွာစွဲကိုင်ရမည်။
ခ) ခံယူထားသော တရားတော်တို့မှ လုံးဝလမ်းမလွဲသောသူဖြစ်ရမည်။

၃။ ကောင်းမွန်စွာ အစေခံနိုင်ရမည်။
က) မှန်ကန်သော ယုံကြည်ခြင်းကို ကောင်းစွာ သင်ပေးနိုင်သူဖြစ်ရမည်။
ခ) သူတစ်ပါးအား ခွန်အားပေး၊ တိုက်တွန်းနိုင်သူဖြစ်ရမည်။
ဂ) သမ္မာတရားကို ဆန့်ကျင်သောသူများအားရင်ဆိုင်ပြီး လမ်းမှန်သို့သွေးဆောင်နိုင်ရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ခေါင်းဆောင်မှုနှင့် အသင်းတော်
က) ကောင်းသောခေါင်းဆောင်သည် အသင်းတော်အတွက်ကောင်းကြီးမဂ်လာဖြစ်သည်။
ခ) ထို့ကြောင့် အသင်းတော်သည် ကောင်းသောခေါင်းဆောင်ကိုရှာဖွေရမည်။

၂။ ခေါင်းဆောင်များ သင်ကြားမွေးထုတ်ခြင်း
က) ဤအရာသည် လက်တွေ့အကောင်အထည်ဖော်နေသောအရာဖြစ်ရမည်။
ခ) ဓမ္မတက္ကသိုလ်များတွင် သင်ယူခြင်း
ဓမ္မတက္ကသိုလ်သည် ခြေခံသဘောတရားများကို ပံ့ပိုးပေးသောကျောင်းဖြစ်သည်။
ဂ) ခေါင်းဆောင်များ သင်ကြားမွေးထုတ်ခြင်းလုပ်ငန်းစဉ်တွင် ဓမ္မပညာရေးနယ်ပယ်တစ်ခုအလွန်ဖြစ်နေရမည်။

 

ကျွန်တော်တို့အတွက် စိန်ခေါ်မှုများ

၁။ သိုးထိန်းတစ်ယောက်အနေဖြင့်
က) အစဉ်အမြဲ ခိုင်မာရမည်။
ခ) မိမိကိုယ်မိမိ အမြဲသုံးသပ်ခြင်းသည် ကောင်းသောအကျင့်ဖြစ်သည်။
၁) ကျွန်တော်တို့ နေ့စဉ်အသက်တာ
၂) ကျွန်တော်တို့ တာဝန်ယူထားသော အမှုတော်လုပ်ငန်း

၂။ အနာဂတ်မျှော်ကြည့်ခြင်း
က) အစဉ်အမြဲ အနာဂတ်ကိုမျှော်ကြည့်တတ်ရမည်။
ခ) အနာဂတ်ခေါင်းဆောင်များမွေးထုတ်ရမည်။
ဂ) အနာဂတ်ခေါင်းဆောင်များအား လျှေက်ပတ်စွာလေ့ကျင့်ပေးရမည်။
ယ) အနာဂတ်ခေါင်းဆောင်များအတွက် သင့်တင့်လျှောက်ပတ်သော ပြင်ဆင်မှုနှင့်သင်ကြားပို့ချခြင်းရှိရမည်။

၃။ အတိတ်က အမှားများကနေသင်ယူခြင်း
က) အမှားဆိုသည်မှာ ရှောင်လွှဲလို့မရသောအရာဖြစ်သည်။
ခ) အရေးကြီးသည်မှာ ထိုအမှားများမှ သင်ခန်းစာများသင်ယူတတ်ရန်ဖြစ်သည်။
ဂ) ပို၍ ခိုင်မာပြီး လိမ္မာသောသူဖြစ်လာရမည်ဖြစ်သည်။

 

ဆုတောင်းလျက်
ပါစတာ ချာလ်စ်တန်