Bethany Independent Presbyterian Church

Myanmar

အပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ သြဂုတ်လ (၂၃)

အပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ သြဂုတ်လ (၂၃)

 

ညီကိုမောင်နှမတို့၊

ရှင်ပေါလုရေးထားခဲ့သော တတိယသင်းအုပ်ပေးစာ စာအုပ်ကို ကျွန်တော်တို့အတူတကွစပြီး လေ့လာကြမှာဖြစ်သည်။ ဤပေးစာသည် ရှင်ပေါလု၏ဝိညာည်သားဖြစ်သော တိတုဆီရေး
သော စာဖြစ်သည်။

 

ဆင်ခြင်နှလုံးသွင်းခြင်း
ရှင်ပေါလုသည် ခေါ်တော်မူခြင်းခံသောသူများ၏ယုံကြည်ခြင်းနှင့် တရားတော်နှင့်အညီ သမ္မာ
တရားကိုအသိအမှတ်ပြသောသူ ဘုရားသခင်၏အစေခံကျွန်နှင့် သခင်ခရစ်တော်၏ တမန်
တော်ဖြစ်သည်။ တိတု ၁း၁

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ရှင်ပေါလု၏ မိမိကိုယ်မိမိခံယူချက်များ
က။ ဘုရားသခင်၏ အစေခံကျွန်ဖြစ်သည်။
ခ။ သခင်ခရစ်တော်၏ တမန်တော်လည်းဖြစ်သည်။

၂။ ရှင်ပေါလုအစေခံခြင်းများကို လေးစားတန်ဖိုးထားခြင်း
က။ သူ၏ ယုံကြည်ခြင်း
ခ။ ဤယုံကြည်ခြင်းကို ယုံကြည်သူတိုင်းစွဲမြဲစွာ ကိုင်စွဲထားသည်။
(၁) ဘုရားသခင်ကြိုတင်ခွဲခန့်ထားသောသူများ
(၂) ဘုရားသခင်ရွေးနုတ်ထားသောသူများ

ဂ။ သမ္မာတရားနှင့်ညီသော အမှန်တရား
(၁) သမ္မာတရားနှင့် အမှန်တရားသည်အမြဲ ဒွန်တွဲနေသည်။
(၂) အမှန်တရားသည် သမ္မာတရားနှင့်အညီအသက်ရှင်ခြင်းကိုသက်ရောက်စေသည်။

၃။ ရှင်ပေါလုအသက်တာ၌ အမှန်တရားလက်တွေ့ကျင့်သုံးခြင်း
က။ ရှင်ပေါလုသည် မိမိကိုယ်မိမိလိမ္မာပါးနပ်စွာစီမံသည်။
ခ။ ဘုရားသခင်အတွက် သြတပစိတ်ကြည်လင်စွာအသက်ရှင်ရန် ကြိုးစားသည်။
ဂ။ သူဟောသော တရားတော်အတိုင်း သူကိုယ်တိုင်ကျင့်သည်။

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ဘယ်လိုမြင်ကြလဲ။
က။ တမန်တော်မဖြစ်ကြသော်လည်း
ခ။ ဘုရားသခင်၏ အစေခံကျွန်ကဲ့သို့ ကိုယ်ကိုကိုယ်ခံယူရမည်။

၂။ အသက်တာနှင့်အမှုတော်အောင်မြင်ခြင်းအတွက် စိန်ခေါ်မှုများ
က။ အသက်တာနှင့်အမှုတော်မြတ်၌ အောင်မြင်ဖို့ရန် ကိုယ်ကိုကိုယ်စိန်ခေါ်ရမည်။
ခ။ ကိုယ်ကိုကိုယ် ခံယူချက်၊ ထင်မြင်ချက်သည် အလွန်အရေးပါသည်။
ဂ။ ကိုယ်ကိုကိုယ် အစေခံကျွန်ကဲ့သို့ ခံယူခြင်း၏ သွင်ပြင်လက္ခဏာများမှာ-
(၁) စိတ်နှလုံးနှိမ့်ချခြင်း
(၂) နှိမ့်ချစွာအစေခံခြင်း
ဃ။ အမှုတော်မြတ်ကိုတစ်ကယ်နားလည်မည်ဆိုလျှင်
(၁) သန့်ရှင်းသူများကို ပို၍ကောင်းစွာ ဂရုစိုက်မည်။
(၂) ထိုသူတို့သည် ကြိုတင်ခွဲခန့်ထားခြင်းခံသူများဖြစ်သည်။
(၃) အထင်သေးစရာ တစ်ယောက်မျှမရှိ။
(၄) ဘုရားသား၊သမီးများကဲ့သို့ အားလုံးကိုတန်ဖိုးထားရမည်ဖြစ်သည်။
င။ အမှန်တရားကို ကောင်းစွာနားလည်မည်ဆိုလျှင်
(၁) ကျွန်တော်တို့အသက်တာကို အကျိုးသက်ရောက်စေမည်။
(၂) ဘုရားတရားနှင့် ပို၍ အကျွမ်းဝင်စေမည်။
(၃) တရားတော်အတိုင်း ဂရုတစိုက် ပြုမူကျင့်ကြံနေမည်။

၃။ အသက်တာနှင့် နှလုံးသားကို ပြန်လည်စမ်းစစ်ခြင်း
က။ ကျွန်တော်တို့စိတ်နှလုံးထဲမှာ အမှန်တကယ်ဘယ်လိုခံယူကြသလဲ။
ခ။ မိမိဟော၊ သင်ပေးသောတရားတော်နှင့်အညီ အသက်ရှင်သလား။
ဂ။ ရှင်ပေါလု၏ အသက်တာနှင့်ခံယူချက်များကို ပုံဥပမာထားကာ အတုခိုးသင်ယူကြပါစို့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်