Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၅၊၇၊၂၀၂၀

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၅၊၇၊၂၀၂၀

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၃း၁၀    ငါဆုံးမသြဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို၎င်း၊ အန္တိအုတ်မြို့၊ဣ ကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်းတို့ကို၎င်း၊ သင်သည် ရှာဖွေနားလည်ရပြီ။
၃း၁၁    ထိုသို့သော အမှုတို့ကို ငါတွေ့ရသော်လည်း၊ တွေ့သမျှတို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နှုတ်မူပြီ။-
၃း၁၂    ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှါ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။-
၃း၁၃    ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတပါးကို၎င်း၊ ကိုယ်ကို၎င်းလှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွါးကြလိမ့်မည်။
၂တိ ၃း၁၀-၁၃

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ တမန်တော်ပေါလု၏နောက်သို့ မျက်ခြေမပျက် လိုက်ခြင်း
က။ သူ၏သွန်သင်ချက် (ဆုံးမသြဝါဒ)၊
ခ ။ အကျင့်ကျင့်ခြင်း၊
ဂ။ ကြံစည်ခြင်း၊
ဃ။ သစ္စာစောင့်ခြင်း၊
င။ စိတ်ရှည်ခြင်း၊
စ။ ချစ်ခြင်း၊
ဆ။ သီးခံခြင်း၊
ဇ။ ခံရသော ညှဉ်းဆဲခြင်း၊
ဈ။ ခံရသော ဆင်းရဲခြင်း၊

၂။ ရှင်ပေါလုကိုယ်တိုင် ဆင်ခြင်ခြင်အသက်တာနှင့် အမှုတော်မြတ်၌ ဘုရားသခင်သည် သူ့ကို အဖန်ဖန် ကယ်နှုတ်ခဲ့သည်။

၃။ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်လျက် အသက်ရှင်လိုသောသူတို့သည်
က။ ညှဉ်းဆဲခြင်းအတွက် ပြင်ဆင်ထားရမည်။
ခ။ ထိုမှသာ ပေါလုနှင့်အတူ (ယုံကြည်ခြင်းသူရဲကောင်း) စာရင်းဝင်နိုင်ကြမည် ဖြစ်သည်။
ဂ။ ထိုသို့အားဖြင့်၊ သခင်ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံခြင်းအမှု၌ ဆက်ဆံသောသူများ ဖြစ်နိုင်ကြမည် ဖြစ်သည်။

၄။ ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူများ
က။ သူတော်ကောင်းများသဖွယ် ဟန်ဆောင်ကြသည်။
ခ။ အမှန်မှာ သူတို့သည် လှည့်ဖြားတတ်သောသူများ ဖြစ်ကြသည်။
(၁) အတုအယောင်များ၊
(၂) လှည့်ဖြားသောသူများ၊
(၃) ယုတ်မာ၍ ဆိုးညှစ်သောသူများ ဖြစ်ကြသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ကောင်းသောပုံသက်သေများကို အတုယူခြင်း
က။ အကောင်းဆုံးပုံသက်သေမှာ သခင်ခရစ်တော်ယေရှု ဖြစ်သည်။
ခ။ ရှင်ပေါလုသည်လည်း ကောင်းသောပုံသက်သေ ဖြစ်သည်။
ဂ။ ကျွန်တော်တို့ အတုယူရမည့် ပုံသက်သေကောင်းများ ရှိနေရမည်။

၂။ သိုးစုများအတွက် ပုံသက်သေကောင်းများ ဖြစ်ခြင်း
က။ ပုံသက်သေများဖြစ်ကြသည်ကို အစဉ် နှလုံးသွင်းကြရမည်။
ခ။ အသင်းသူ၊အသင်းသားများသည် မိမိတို့သင်းအုပ်များ၏ ပုံသက်သေကို အတုယူတတ်ကြသည်။

၃။ ဒုက္ခဆင်းရဲခြင်းကို လုံးဝမကြောက်သောသူ
က။ သခင်ဘုရားအတွက် ဒုက္ခဆင်းရဲခံဖို့ရန် လုံး၀ မကြောက်သင့်ပေ။
ခ။ အလိုတော်အတိုင်း အသက်ရှင်သောသူသည် သခင်ဘုရားအတွက် ဆင်းရဲဒုက္ခခံရမည် ဧကန်မုချ ဖြစ်သည်။ ဤ ဆင်းရဲဒုက္ခ ဓမ္မသဘောတရားကို
(၁) သခင်ခရစ်တော်၊
(၂) တမန်တော်ပေါလု၊
(၃) တမန်တော်ပေတရု ၊ တို့က အကျယ်တဝန့် သွန်သင်ခဲ့သည်။
ဂ။ သခင်ခရစ်တော်ယေရှု၏ နောက်ကို အပြည့်အ၀ လိုက်နိုင်ရန် လိုအပ်သော ယုံကြည်ခြင်း၊ သတ္တိနှင့် ဝိညာဉ်ခွန်အား ရရှိပိုင်ဆိုင်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်