Bethany Independent Presbyterian Church

Myanmar

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၀၊ မတ်လ ၂၉

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၀၊ မတ်လ ၂၉

 

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၁း၁၃ ငါ့ထံ၌ကြားရပြီးသော၊ စင်ကြယ်သောတရား စကားအချုပ်အခြာကို ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။
၁း၁၄ သင်၌အပ်ထားသော အရာမြတ်ကို ငါတို့၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စောင့်ရှောက်လော့။
၂တိ ၁း၁၃-၁၄

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဝေငှထားသော ဘုရားသခင်၏နှုတ်ထွက်စကား
က။ `စင်ကြယ်သော တရာစကား´ ဟုခေါ်သည်။
ခ။ ဝေငှထားသော အရာဖြစ်သည်။
(၁) သခင်ခရစ်တော်ကိုယ်တိုင်ကသော်လည်းကောင်း၊
(၂) တမန်တော်တို့ ကိုယ်တိုင်သော်လည်းကောင်း၊
(၃) အကျွနု်ပ်တို့အဖို့ ကျမ်းစကားများ ဖြစ်လာကြသည်။

၂။ ပေါလုသည် ထိုနှုတ်ကပတ်တော်ကို သင်ပေးသောခါ
က။ ယုံကြည်ခြင်းနှင့်တကွ သင်ကြားပေးသည်။
(၁) မိမိကိုယ်တိုင်၏ ယုံကြည်သက်ဝင်မှု၊
(၂) အသက်ပါသော ယုံကြည်မှု
ခ။ မေတ္တာနှင့်တကွ သင်ကြားပေးသည်။
(၁) သခင်ဘုရားကို ချစ်မြတ်နှိုးလျက်၊
(၂) ညီအစ်ကိုများကို ချစ်မြတ်နှိုးလျက်၊
ဤမေတ္တာသည် သခင်ခရစ်တော်အားဖြင့်သာ ဖြစ်နိုင်သည်။

၃။ အရာမြတ် (ကောင်းသောအရာ)
က။ ဤကျမ်းချက်၌
(၁) အရာမြတ်သည် ပေါလုမှ တိမောသေအား သင်ပေးသမျှ လည်းပါဝင်သည်။
(၂) ယုံကြည်၍ အပ်နှံထားသော အမှုတော်မြတ်သည်လည်း `အရာမြတ် ´ဖြစ်သည်။

၄။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် စောင့်ရှောက်ခြင်း
က။ လူအများစုသည် ဘုရားသခင်ပေးသနားတော်မူသော အမှုတော်မြတ်ကို တန်ဖိုး မထားတတ်ကြ။
ခ။ ထို့ကြောင့် အများစုသည် ရှုံးနိမ့်ကြရသည်။
(၁) ဇဝီဇဝါ ဖြစ်ကြသည်။
(၂) လမ်းပျောက်ကြသည်။
(၃) စိတ်ဓါတ်ရေးရာ၌ ခြောက်ကပ်လျက် ရှိကြသည်။
(၄) အသက်ဝိညာဉ် ခန်းခြောက်လျက် ရှိကြသည်။
(၅) အသက်တာနှင့် အမှုတော်မြတ်၌ တန်းခိုးမရှိ ဖြစ်နေကြသည်။
(၆) အချို့မူကား မကောင်းဆိုးဝါးသောသူများအဖြစ် ပြောင်းလဲ့သွားကြသည်။
ဂ။ ဝိညာဉ်တော်၏ မစခြင်းသည် အလွန်တရာမှ လိုအပ်ခြင်း
(၁) တန်ခိုးပေး၍ မစသည်။
(၂) မကောင်းဆိုးဝါးမှ ကာကွယ်ပေးသည်။
(၃) ပြန်၍နှိုးကြားစေသည်။
(၄) လိမ္မာပါးနပ်ပြီး ခွဲြုခားစိပ်ဖြာနိုင်ရန် ဝိညာဉ်တော်၏ မစခြင်း လိုအပ်သည်။

 

စိန်ခေါ်ချက်
၁။ ပတ်စဉ် အောက်ဖော်ပြပါ အချက်တို့၌ ဆက်လက်ကြိုးစားကြစို့။
က။ အပ်နှံထားသော အမှုတော်မြတ်ကို တန်ဖိုးထားခြင်း၊
ခ။ ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း၊
ဂ။ သစ္စာရှိရှိ အစေခံခြင်း၊
ဃ။ ပို၍ များစွာသော အသီးသီးခြင်း၊

၂။ လေးနိုင်ငံ (သြစတီးယား၊ အင်ဒီးယား၊ မြန်မာနှင့် စင်္ကာပူ) ၌ ရှိနေကြသော အကျွနု်ပ်တို့အသင်းတော်များအတွက် ဆုတောင်းကြစို့။
က။ ဘုရားသခင်၏ ကျေးဇူးတော်နှင့်
ခ။ ဘုရားသခင်၏ဂရုဏာ၊ စသည်တို့ကို အစဉ်ခံစားကြရန်၊