Bethany Independent Presbyterian Church

Myanmar

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၀ခုနှစ်၊ ဇွန်လ (၂၈)

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၀ခုနှစ်၊ ဇွန်လ (၂၈)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၃း၆ ဒုစရိုက်အပြစ်ကို ထမ်းရွက်၍၊ အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာသို့လိုက်၍၊ အစဉ်သင်သော်လည်း၊-
၃း၇ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဘမ်းသွားသောသူတို့သည် ထိုသူတို့အဝင်ဖြစ်ကြ၏။-
၃း၈ ယန္နေနှင့်ယံဗြေသည် မောရှေကို ဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကို ဆီးတားကြ၏။-
၃း၉ ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲခြင်းသည်လည်း ထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍မလွန်မသွားရကြ။

၂ တိ၃း၆-၉

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မိစ္ဆာဆရာသမားများ
က။ ယုံလွယ်သောသူများကို ရည်မှတ်၍ သွေးဆောင်ကြသည်။
ခ။ အထူးသဖြင့် အမျိုးသမီးများကို လှည့်ဖြားသွေးဆောင်ကြသည် (ရှေးခေတ်က အမျိုးသမီးများသည် ပညာသင်ယူခြင်း မရှိသောကြောင့် ပညာတတ် အလွန်နည်းပါးကြသည်)။
ဂ။ များစွာသောအမျိုးသမီးများသည် အမျိုးသားများက လှည့်စားသောအခါ အပြစ်ဒစရိုက်ကျူးလွန်ခဲ့ကြသည်။

၂။ မိစ္ဆာတဆရာသမားများ၏ အသိပညာ
က။ ပညာရှိ၊ ပညာတတ် သဏ္ဌန်ရှိကြသည်။
ခ။ များစွာသိကျွမ်းသောသူများအဖြစ် ထင်ရသည်။
ဂ။ သို့သော်၊ သမ္မတရားနှင့်စပ်လျဉ်းသော အသိပညာကို မပိုင်ဆိုင်နိုင်ကြ။
(၁) ဘွဲ့ဒီဂရီ ရရှိခြင်းသည် မှန်သောအသိပညာရယူပိုင်ဆိုင်ခြင်း မဟုတ်။
(၂) ဓမ္မဘွဲ့ဒီဂရီများကို မှားယွင်းစွာ အမှီပြုခြင်းသည် အန္တာရာယ်ဖြစ်သည်။

၃။ ကိုးကားထားသော ပုံသက်သေများ
က။ ယန္နေနှင့်ယံဗြေသည် သမ္မာကျမ်းစာပြင်ပ ပုံသက်သေများ ဖြစ်ကြသည်။
ခ။ ၎င်းတို့သည် လူသိများသော ပုံသက်သေများ ဖြစ်နိုင်ချေရှိသည်။
ဂ။ သို့သော်၊ ၎င်းတို့ကို သမ္မာကျမ်းစာ၌ ရေးသွင်းဖော်ပြထားခြင်း မရှိ။
ဃ။ အမှန်တရားကို ဆန့်ကျင်ရာ၌ အထူးသတိပြုမိသော သူများ ဖြစ်ကြသည်။
(၁) သူတို့နည်းတူ၊ မိစ္ဆာဆရာများသည် သမ္မာတရားကို ဆန့်ကျင်ကြသည်။
(၂) ဘုရားသခင်၏ နှုတ်ထွက်စကားကို ဆန့်ကျင်နေသောသူများအား သတိထားကြရမည်ဖြစ်သည်။

၄။ မိစ္ဆာဆရာသမားများနှင့် စပ်လျဉ်းသော နောက်ထပ်အချက်များ
က။ စိတ်နှလုံးယိုယွင်းပျက်စီးသောသူများ ဖြစ်ကြသည်။
ခ။ သခင်ဘုရားကို ယုံကြည်ကိုးစားခြင်းနှင့်စပ်လျဉ်း၍ အသိအမှတ်ပြုခြင်းမခံရသောသူများဖြစ်ကြသည်။
ဂ။ ထပ်၍ တိုးတတ်ကြီးထွားနိုင်ကြမည် မဟုတ်။
ဃ။ သူတို့၏ မိုက်မဲခြင်းသည် ကျဆုံးခြင်းအကြောင်းတရား ဖြစ်မည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ထာဝရဘုရားသခင်၏ အမှုတော်မြတ်ကို တားဆီးပိတ်ပင်နိုင်သောဘေးမျိုးစုံနှင့် စပ်လျဉ်းပြီးသတိထားရမည်။
က။ မိစ္ဆာဆရာသမားများအသွန်သဏ္ဌာန်ဖြင့် လာနိုင်သည်။
ခ။ မှားယွင်းသောသွန်သင်ချက်အားဖြင့်လည်း လာနိုင်သည်။

၂။ မိစ္ဆာဆရာများနှင့် မှားယွင်းသောသွန်သင်ချက်များကို ထိရောက်စွာ ခုခံနိုင်ရာ အောက်ဖော်ပြပါအရာတို့ ပိုင်ဆိုင်ထားရမည်။
က။ ယုံကြည်သက်ဝင်မှု၊
ခ။ သတ္တိ၊
ဂ။ ခွန်အား၊
ဃ။ ဉာဏ်ပညာ၊

၃။ ဗေသနိအသင်းတော်များနေဖြင့်
က။ စိတ်ရော၊ကိုယ်ပါ စည်းလုံးကြရအောင်၊
ခ။ အပြင်လူကြောင့် အိုးမကွဲ၊ သိုက်မပျက်ဘဲ၊ အတူတကွ ရပ်တည်ကြစို့။

၄။ ဆုတောင်းချက်
က။ ဆက်ပြီး၊ ပို၍ ဆုတောင်းကြစို့။
ခ။ ထာဝရဘုရားသခင်၏ ကျေးဇူးတော်နှင့် သနားခြင်းကရုဏာတော်ကို ဆက်လက် မှီခိုကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်