Bethany Independent Presbyterian Church

Myanmar

ပတ်စဉ် သင်းအုပ်ပေးစာ ၄၊၁၀၊၂၀၂၀

ပတ်စဉ် သင်းအုပ်ပေးစာ ၄၊၁၀၊၂၀၂၀

 

ချစ်သော ညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၁၀ အကြောင်းမူကား၊ နားမထောင်ဘဲ အချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြားတတ်သောသူအများ ရှိကြ၏။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း အထူးသဖြင့်ရှိကြ၏။ ၁၁ ထိုသူတို့၏နှုတ်ကိုပိတ်ရမည်။ သူတို့သည် မစင်ကြယ်သော စီးပွါးကိုတပ်မက်လျက်၊ မပေးအပ်သော ဩဝါဒကိုပေး၍၊ တအိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏။ ၁၂သူတို့အပါအဝင်၊ အမျိုးသားချင်းပရောဖက် ဆရာတယောက်က၊ ကရက်သားမြဲ၊ မုသာစွဲလမ်း၊ သားရဲ ကြမ်းကြုတ်၊ စားကြူးတုတ်တုတ်၊ လူယုတ်ပေဟု စပ်ဆိုသတည်း။ ၁၃ဤသက်သေမှန်၏။ ထိုကြောင့်၊ သူတို့သည် ယုဒဒဏ္ဏာရီစကားကို၎င်း၊ သမ္မာတရား ကိုစွန့်သောလူတို့၏ ပညတ်တို့ကို၎င်း၊
(တိ ၁း၁၀-၁၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အမှုတော်တွင် ရင်ဆိုင်ရသော စိန်ခေါ်ချက်များ
က။ မမှန်သော ဆရာသမားများ၏ ခြိမ်းခြောက်မှုများ
ခ။ တမန်တော်ခေတ်က မမှန်သော ဆရာသမားများသည် အောက်ပါအတိုင်း ဖြစ်ကြသည်။
(၁) နားမထောင်တတ်သောသူ၊
(၂) အချည်းနှီးသော စကားကို ပြောတတ်သောသူ၊
(၃) လှည့်ဖြားတတ်သောသူ၊
(၄) ယုဒလူတို့သည် အသင်းတော်ကို ဒုက္ခပေးနေကြသည် (ပေါလုခေတ်)။

၂။ အသင်းတော်ကို ကာကွယ်စောင့်ရှောက်ခြင်း
က။ မမှန်သော ဆရာသမားများ၏ ပါးစပ်ကို လုံး၀ တားမြတ်ရမည်။
ခ။ သူတို့သည် မိသားစုများ၏ စုစည်းမှုများကို အားနည်းစေသည်။
ဂ။ သူတို့သည် မသင်ပေးအပ်သော အရာများကို သွန်သင်ကြသည်။
(၁) မှားသော အယူဝါဒများ
(၂) ကောက်ကျတ်သော သွန်သင်ချက်များ

၃။ မမှန်သော ဆရာသမားများကို သိကျွမ်းခြင်း
က။ မစင်ကြယ်သောစီးပါွးကို တတ်မက်ကြသည်။
ခ။ မုသာကို ပြောတတ်ကြသည်။
ဂ။ သားရဲ ကြမ်းကြုတ်သောကြောင်း တရိစ္ဆာန်နှင့်ပင် တူကြသည်။
ဃ။ စားကြူးတုတ်တုတ်၊ လူယုတ် ဖြစ်ကြသည်။

၄။ မမှန်သော ဆရာသမားများကို အထိရောက်ဆုံး ကိုင်တွယ်ခြင်း
က။ ဆုံးမရမည်။
ခ။ မမှန်သောအရာများ သွန်သင်ခြင်းမှ လုံး၀ တားမြတ်ရမည်။
ဂ။ မမှန်သော ဆရာသမားများကို ကိုင်တွယ်ရာတွင် ဉာဏ်ပညာနှင့် ယှဉ်သော ရင့်ကျက်ခြင်း ရှိရမည်။

 

အသက်တာနှင့် အမှုတော်တွင် လက်တွေ့ဖော်ဆောင်ခြင်း

၁။ မိမိကိုယ်ကို သတိနှင့်စောင့်ရှောက်ခြင်း
က။ မှားသောအယူဝါဒသို့ လှဲမကျမိရန်၊
ခ။ အမှုတော်ကို နာမည်ပျက်နှင့် အဆုံးမသတ်မိရန်၊

၂။ အသင်းတော်ကို သတိနှင့်စောင့်ရှောက်ခြင်း
က။ အသင်းတော်တွင်းရှိ ဝိညာဉ်များကို စောင့်ရှောက်ရမည်။
(၁) အသင်းဝင်တို့သည် မိမိကိုယ်ကို ကာကွယ်ခုခံတတ်ကြမည် မဟုတ်။
(၂) မှားသော သွန်သင်ချက်များကို အသင်းတော်တွင်းသို့ လုံး၀ မဝင်စေရ။
(၃) အသင်တော်ကို စောင့်ရှောက်ခြင်းသည် အကျွန်ုပ်တို့၏ တာဝန် ဖြစ်သည်။
(၄) အကျွန်ုပ်တို့ သင်းအုပ်များအား ပေးအပ်သော တာဝန် ဖြစ်သည်။
ခ။ အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံကြရမည်။
(၁) ဗဟုသုတ
(၂) ဉာဏ်ပညာ
(၃) သတ္တိ

သင်းအုပ်ရာထူးနှင့် သာသနာပြုရာထူးများကို လေးနက်စွာ ခံယူကြစို့။ သစ္စာရှိသောသူများ ဖြစ်နိုင်ကြပါစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်