Bethany Independent Presbyterian Church

Myanmar

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၁၊ နိုဝင်ဘာလ (၂၁) ရက်

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၁၊ နိုဝင်ဘာလ (၂၁) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၃၁ ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။
၃၁ ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။
၃၂ အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။

(ဧဖက် ၄း၃၀-၃၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အလေးထားရမည့် အရာများ

က။ အရေးပါသော အချက်သုံးချက်ကို ဤကျမ်းပိုဒ်၌ ဖော်ပြထားသည်။
ခ။ ဤအရာများကို အလေးထား ဆင်ခြင်ကြရမည်။

၂။ ဝိညာဉ်ဘုရားကို ဆက်ဆံခြင်း

က။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေရ။

(၁) စိတ်ဆိုးစေခြင်း၊
(၂) ဒေါသထွက်စေခြင်း၊

ခ။ သူသည် အကျွန်ုပ်တို့ကို တံဆိပ်ခတ်သောသူဖြစ်သည်။

(၁) ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် အကျွန်ုပ်တို့ကို တံဆိပ်ခတ်သည်။
(၂) (ထို့ကြောင့်) သူ့ကို တန်ဖိုးထားရမည်။

၃။ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေသော အရာများမှာ-

က။ ခပ်သိမ်းသော စိတ်တိုခြင်း၊
ခ။ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊
ဂ။ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်း၊
ဃ။ ခပ်သိမ်းသော မနာလိုခြင်း၊
ဤအရာတို့ကို အကျွန်ုပ်တို့ အသက်တာမှ ပယ်ရှားရမည်။

၄။ ဘုရားသခင်၏ဝိညာဉ်တော်က နှစ်သက်အတည်ပြုမည့် အရာများမှာ-

က။ အချင်းချင်းကျေးဇူးပြုခြင်း၊
ခ။ သနားစုံမက်ခြင်း၊
ဂ။ အချင်းချင်း အပြစ်လွှတ်ခြင်း၊
ဘုရားသခင်သည် အကျွန်ုပ်တို့ကို များစွာကျေးဇူးပြုတော်မူပြီ။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း

က။ လူတိုင်း၌ မတွေ့ရသော အရည်အသွေး ဖြစ်သည်။
ခ။ လူနည်းစုကသည် ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းငှါ ကြိုးစားအားထုတ်ကြသည်။

၂။ ဝိညာဉ်တော်နှင့် မပြည့်ဝမှီ

က။ အကျွန်ုပ်တို့၏အပြစ်များကို

(၁) ဝန်ချတောင်းပန်ရမည်။
(၂) ဆေးကြောသန့်ရှင်းရမည်။

ခ။ အကျွန်ုပ်တို့၏အပြစ်များကို အကုန်အစင်၊ ထိရောက်စွာ ဖြေရှင်းရမည်။

၃။ ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းကို လက်တွေ့ကျင့်ဆောင်ရမည်။

က။ ဝိညာဉ်တော်နှင့်ပြည့်ဝသောအခါ၊ အသီးအပွင့်ရှိလာလိမ့်မည် (ဂလာတိ ၅း၂၂-၂၃)
ခ။ အချင်းချင်း ပို၍ကောင်းမွန်စွာ ဆက်ဆံတတ်ကြမည်။
ဂ။ အကျွန်ုပ်တို့အသက်တာ၌ ကျိန်းဝပ်သော ဝိညာဉ်တော်ကို ပို၍သိသာစွာ အောက်မေ့စွဲလမ်းတတ်လာမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်