Bethany Independent Presbyterian Church

Myanmar

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၈) ရက်

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၈) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
6 ထိုနည်းတူ၊ အသက်ပျိုသောယောက်ျားတို့သည်လည်း၊ ဣန္ဒြေစောင့်ရကြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့။7 အရာရာ၌ ကောင်းသောအကျင့်တို့၏ ပုံသက်သေကို ကိုယ်တိုင်ပြလော့။ ဆုံးမဩဝါဒပေးသောအခါ၊ မိစ္ဆာဒိဋ္ဌိနှင့်ကင်းခြင်း၊ တည်ကြည်ခြင်း၊ 8 အပြစ်တင်ဘွယ်မရှိ၊ စင်ကြယ်သောတရားစကားကို ဟောပြောခြင်းတို့ကို ပြုလော့။ သို့ဖြစ်၍၊ တဘက်၌ နေသောသူသည်၊ ငါတို့ကို ကဲ့ရဲ့စရာအခွင့် မရနိုင်သောကြောင့်၊ ရှက်ကြောက်ခြင်းသို့ ရောက်လိမ့် မည်။
(တိ ၂း၆-၈)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အသက်ပျိုသော ယောကျ်ားတို့
က။ ငယ်ရွယ်သောကာလသည် အလွန်ကောင်းပေသည်။
(၁) ခွန်အားရှိသည်။
(၂) စွမ်းရည် ရှိသည်။
(၃) နောင်တချိန်၌ ဖြစ်နိုင်ချေများစွာ ရှိနေသည်။
ခ။ ငယ်ရွယ်သောကာလသည် အန္တာရာယ်ရှိသော အချိန်အခါ ဖြစ်သည်။
(၁) လောကီအရာများ၏ စုံစမ်းသွေးဆောင်ခြင်း၊
(၂) အသွေးအသား၏ စုံစမ်းသွေးဆောင်ခြင်း၊
(၃) စုံစမ်းနှောက်ယှက်ခြင်းများကို အရှုံးပေးခြင်း၊

၂။ သတိထားရမည့် စိန်ခေါ်ချက်
က။ သတိစောင့်ရေမည်။
ခ။ ကောင်းသောအကျင့်တို့၌ ပုံသက်သေကောင်း ဖြစ်ရမည်။
ဂ။ ယုံကြည်ခံယူထားသော ဆုံးမသြဝါဒ၌
(၁) ဣန္ဒြေစောင့်သောသူ ဖြစ်ရမည်။
(၂) လေးစားထိုက်သောသူ ဖြစ်ရမည်။
(၃) အကျင့်ပြတ်ပျားသောသူ မဖြစ်ရ။
ဃ။ စကားပြောခြင်း အမှု၌
(၁) တည်ကြည်ခြင်း၊
(၂) အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော စကား
င။ ဆန့်ကျင်ဖက်များ
(၁) ဆန့်ကျင်တတ်သောသူများ အရှက်ရစေရမည်။
(၂) ဖြောင့်မတ်သောသူကို အပြစ်တင်ခွင့် မရှိဘဲ ဖြစ်စေရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အသင်းတော်၏ လူငယ်များ
က။ သခင်ခရစ်တော်ကို သိကြစေရမည်။
ခ။ ခရစ်တော်၏ တပည့်အဖြစ်ကို ခံယူကြစေရမည်။
ဂ။ ယုံကြည်ခြင်း၌ အားကြီး၍ ခိုင်ခံ့သောသူများ ဖြစ်ကြရမည်။

၂။ အထူးသဖြင့် ဆောင်ရမည့်အချက်များ
က။ လူငယ်တို့ကို သိကျမ်းပါ။
ခ။ လူငယ်တို့ကို အားပေးတိုက်တွန်းပါ။
ဂ။ လူငယ်တို့ကို သင်ပေးပါ။
ဃ။ လူငယ်တို့၏ လိုအင်ဆန္ဒကို နိူးဆော်ပေးပါ။

၃။ အကျွန်ုတို့အသင်းတော်၏ အနာဂတ်
က။ လူငယ်တို့သည် အသင်းတော်၏ အနာဂတ်များ ဖြစ်ကြသည်။
ခ။ သူတို့ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပါက၊ အသင်းတော်ကို ပို၍ခိုင်ခံ့စေကြမည်။
ဂ။ လူငယ်တို့ကို အပြစ်နွံထဲမှ ကယ်နှုတ်၍၊ လောကီစုံစမ်းနှောက်ယှက်ခြင်းမှ ကယ်ထုတ်နိုင်ကြရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်