Bethany Independent Presbyterian Church

Myanmar

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၀၊ အောက်တိုဘာလ (၂၅)

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၀၊ အောက်တိုဘာလ (၂၅)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
အသက်ကြီးရင့်သောယောက်ျားတို့သည် သမ္မာသတိရှိသောသူ၊ တည်ကြည်သောသူ၊ ဣန္ဒြေစောင့် သောသူ၊ ယုံကြည်ချင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၌ စိတ်သန်သောသူ ဖြစ်ရကြမည်အကြောင်း၊ ၃ထိုနည်းတူ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့် ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကြူးတတ်သောသူ၊ ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍၊
(တိတု ၂း၂-၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အသက်ကြီးသော အမျိုးသားများအတွက် တိုက်တွန်းအားပေးခြင်း
က။ အသက်တာနှင့်စပ်လျဉ်းသော်လည်းကောင်း၊
ခ။ ၁ တိမောသေ ၃ ၌ဖော်ပြထားသော အချက်များနှင့် ဆင်တူသည်။
– သင်းအုပ်ဆရာများ၊
– သင်းထောက်များ၊
ဂ။ ဖော်ပြသော အရည်အချင်းများသည် အမှုတော်နှင့်မဆိုင်၊ အသက်တာနှင့် ဆိုင်သည်။
ဃ။ သက်ကြွယ်များအနေဖြင့် လက်တွေ့ကျင့်သုံးရမည့် အရည်အချင်းများ ဖြစ်သည်။

၂။ အသက်ကြီးသော အမျိုးသမီးများအတွက် တိုက်တွန်းခြင်း
က။ “ထိုနည်းတူ” သည် သော့ချက် ဖြစ်သည်။
ခ။ အမျိုးသားများကဲ့သို့ အမျိုးသမီးများသည်လည်း မိမိတို့အသက်တာကို လေးနက်စွာ ပြုစုပျိုးထောင်ကြရမည်။

၃။ ဖော်ပြပါ အရည်အချင်းများကို အသေးစေ့လေ့လာခြင်း
က။ ဓမ္မအမှုနှင့် ထိုက်တန်သောသူ၊
ခ။ မချောစားတတ်သောသူ၊
ဂ။ စပျစ်ရည်၌ မလွန်ကြူးတတ်သောသူ၊
ဃ။ ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ

ဤ အရည်အချင်းများသည် အနည်းငယ် ခြားနားကြသော်လည်း၊ အလွန်ပင် ဆက်နွယ်နေကြသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘာကြောင့် အသက်တာကို အလေးထားရသနည်း။
က။ ယုံကြည်ခြင်းနှင့် အသက်တာ
– မည်သည့်အခါမျှ ခွဲခြားခြင်း မပြုရ။
– ယုံကြည်ခြင်းသည် အကျွနု်ပ်တို့၏ အသက်တာကို တိုက်ရိုက် ပုံသွင်းရမည်။
– အကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ အားသန်ပြီး အသက်တာ၌ ခွန်အားနည်းသောသူများ မဖြစ်နိုင်။
ခ။ အသက်ကြီးရင်းသောသူများ
– ငယ်ရွယ်သောကာလသည် သင်ယူရမည့်အချိန် ဖြစ်သည်။
– ကြီးရင့်လာသည်နှင့်အမျှ ယုံကြည်ခြင်းကို ပို၍လက်တွေ့ဖော်ဆောင်ကြရမည်။
ဂ။ ငယ်ရွယ်သောသူများအတွက် ပုံသက်သေကောင်း
– ကောင်းသောပုံသက်သေသည် အလွန်ပင် တန်ဖိုးကြီးသည်။
– ယုံကြည်ခြင်းသည် တသက်လုံးအတွက် အကျိုးဝင်သည်ကို ငယ်သောသူများ မြင်နိုင်ရန် အလွန်အရေးကြီးသည်။
– ငယ်ရွယ်သောသူများသည် သူတို့သဘောကျ၍ အတုယူလိုသော ပုံသက်သေကောင်းများ လိုအပ်သည်။

၂။ အသက်ကြီးသော သင်းအုပ်ဆရများအတွက် စိန်ခေါ်ချက်
က။ ငယ်ရွယ်သောသင်းအုပ်ဆရာများကို မိမိအသက်တာဖြင့် ဦးဆောင်ရမည်။
ခ။ ဤအချက်မှာ အလေးအနက် ထားရမည့် အချက်ဖြစ်သည်။
ဂ။ မိမိအသက်တာပုံသက်သေဖြင့် သင်ကြားပေးရမည်။

၃။ ငယ်ရွယ်သော သင်းအုပ်ဆရာများ
က။ စိတ်နှိမ့်ချက်လျက် သင်ယူနေရမည်။
ခ။ ယုံကြည်ခြင်းနှင့် အသက်ရှင်ဖို့ စိတ်အားထက်သန် နေရမည်။
ဂ။ အချိန်တန်သောအခါ၊ ငယ်ရွယ်သောသူတို့သည်လည်း ဝါရင့်သင်းအုပ်ဆရာများ ဖြစ်လာကြမည် ဖြစ်သည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်