Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၆၊၇၊၂၀၂၀

ပတ်စဉ်သင်းအုပ်ပေးစာ ၂၆၊၇၊၂၀၂၀

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၄း၃ အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သော သြဝါဒကို နာမခံနိုင်ဘဲ၊ ယားတတ်သောနားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။
၄း၄ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။ ။-
၄း၅ သင်မူကား၊ အရာရာ၌ သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထားသေ၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။-
၂တိ ၄း၃-၅

 

လေ့လာတွေကရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ အနာဂတ်နှင့်စပ်လျဉ်း၍ သတိပေးချက်
က။ ရှင်ပေါလုသည် အလွန်မှ ကြိုတွေး၍မြင်နိုင်သည်။
ခ။ သခင်ဘုရားသည် ပေါလုအား ဖွင့်ပေးတော်မူသည်။
၂။ ဖော်ပြသောအဖြစ်အပျက်သည် အသင်းတော်အတွင်း၌ ဖြစ်သည်။
က။ မှန်သောသွန်သင်ချက် (ခံယူချက်)
– သမ္မာတရားကို လူတို့သည် နားထောင်လိုခြင်း မရှိ။
– မှန်သောခံယူချက် (သွန်သင်ချက်)တောင်မှ နားထောင်ကြမည် မဟုတ်။
ခ။ မိမိအလိုဆန္ဒများ
– နားလိုသောအရာများကိုသာ နားထောင်ကြသည်။
– ဟုတ်မှန်သောသွန်သင်ချက်များမှ ဆင်းသက်လာသော အမှန်တရားများကို မနှစ်သက်ကြ။
ဂ။ ယားတတ်သောနား
– ယားတတ်သောနား၊
– အမှန်တရား၊ သမ္မာတရားကို မကြားနာလိုသော နား၊
ဃ။ ဆရာသမားများစွာ စုစောင်းကြခြင်း
– ဆရာသမားများစွာတို့၏နောက်ကို လိုက်ကြသည်။
– ထိုဆရာသမားများသည် သူတို့ကြားလိုသောအရာများကို ပို့ချကြသည်။
င။ လွှဲရှောင်လို့ မရသော အကျိူးဆက်များ
– သမ္မာတရားမှ လွှဲသွားကြလိမ့်မည်။
– ဒဏ္ဍာရီပုံပြင်များကို နှစ်သက်ကြလိမ့်မည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ သတိကြီးစွာ နေထိုကြရမည်။
က။ သတိဝိရိယအပြည့်နှင့် နေရမည်။
ခ။ မည်သည့်အမှုကိစိ၌မဆို သတိဝိရိယ ရှိရမည်။
၂။ ဆင်းရဲဒုက္ခများ
က။ ရောက်လာဦးမည်။
ခ။ ပုံစံမျိုးစုံနှင့် ရောက်လာဦးမည်။
ဂ။ ထိုအခက်ခဲများကို အဆုံးထ သည်းခံနိုင်ရမည်။
၃။ ဧဝံဂေလိလုပ်ငန်း
က။ သတင်းကောင်းကို ဝေငှပါ။
ခ။ အသက်ဝိညာဉ်များစွာကို ခရစ်တော်အတွက် ကယ်တင်ပါ။
၄။ အမှုတော်
က။ ဘုရားသခင်သည် အမှုတော်မြတ်ကို အကျွနု်ပ်တို့ထံ အပ်နှံတော်မူသည်။
ခ။ သင်းအုပ်ဆရာများပီပီ မိမိတို့၏တာဝန်များကို ဆောင်ရွက်ကြစို့
– သွန်သင်ခြင်း၊
– သတင်းကောင်းဝေငှခြင်း၊
– ဘုရားသခင်၏သိုးစုတော်ကို စောင့်ရှောက်ခြင်း၊
– ဆုတောင်းခြင်း၊

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်