Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀ ခုနှစ် ဧပြီလ ၅

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀ ခုနှစ် ဧပြီလ ၅

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၁း၁၅ အာရှိပြည်၌နေသောသူအပေါင်းတို့သည် ငါ့ကိုပယ်ကြပြီဟု သင်သည်ကြားသိ၏။ ထိုသူတို့တွင် ဖုဂေလုနှင့်
ဟေရမောဂင် ပါသတည်း။
၁း၁၆ ထာဝရဘုရား၏ ကရုဏာတော်သည် သြနေသိဖော်၏အိမ်၌ သက်ရောက်ပါစေသော။ သူသည် ငါ့ကို အဖန်ဖန်
သက်သာစေပြီ။ ငါ၌ သံကြိုးချည်နှောင်လျှက်ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ၊-
၁း၁၇ ရောမမြို့သို့ရောက်သောအခါ သာ၍ကြိုးစားလျက်ငါ့ကိုရှာ၍တွေ့၏။
၁း၁၈ သူသည် ထိုနေ့ရက်၌ သခင်ဘုရား၏ လက်မှကရုဏာတော်ကိုခံရမည်အကြောင်း၊ ထာဝရဘုရားသည်
ပေးသနားတော်မူပါစေသော။ သူသည် ဧဖက်မြို့၌လည်း ငါ့ကိုအဘယ်မျှလောက်ပြုစုသည်ကို
သင်သည်အမှန်သိ၏။
၂တိ ၁း၁၅-၁၈

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မတူသော လူစုနှစ်ဖွဲ့
က။ ပထမ အဖွဲ့ – နောက်လှည့်ထွက်သွားသောသူများ
(၁) နေရာဒေသမှာ အာရှိပြည်
(၂) ရှင်ပေါလုထံမှ ထွက်ပြေးတိမ်းရှောင်သောသူများ ဖြစ်ကြသည်။
(၃) ဖုဂေလုနှင့် ဟေရမောဂင် တို့ဖြစ်ကြသည်။
ခ။ ဒုတိယအဖွဲ့ – သစ္စာရှိသောသူများ
(၁) ပေါလုသည် သူတို့ကို အလွန်တရာမှ ချီးကျူးသည်။
(၂) သြနေသိဖော်ကို အထူးသဖြင့် နာမည်ဖော်၍ ချီးကျူးသည်။

၂။ သြနေသိဖော်ပြုသော ကောင်းသောအရာများ
က။ ပေါလုကို အဖန်ဖန် သက်သာစေသည်။
ခ။ တမန်တော်ပေါလုကို ကြီးမားစွာ ကူညီထောက်ပံ့သည်။
ဂ။ ရောမမြို့၌
(၁) ပေါလုအကျဉ်းထောင်ရောက်နေစဉ်၊
(၂) ပေါလုကို မတွေ့မချင်း ရှာဖွေခဲ့သည်။
(၃) အကျဉ်းထောင်၌ ရှိနေသော ပေါလုနှင့် ပတ်သက်သောသူဖြစ်သည်ကို
လုံး၀ ရှက်ကြောက်ခြင်း မရှိ။
ဃ။ ဧဖက်မြို့၌
(၁) ရှင်ပေါလု၏ အစေကိုခံခဲ့သည်။
(၂) တမန်တော် ပေါလုအတွက် အလွန်အရေးပါသော ကောင်းချီးမင်္ဂလာ
ဖြစ်ခဲ့သည်။

၃။ တောင်းရှောက်သော ကောင်းချီးမင်္ဂလာများ
က။ ဘုရားသခင်၏ လက်တော်မှ ကရုဏာကို ခံရရန်၊
ခ။ ဘုရားသခင်သည် သြနေသိဖော်ပြုသော ကောင်းမှုများကို အောက်မေ့သတိရရန်၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ သစ္စာပျက်ခြင်းနှင့် စပ်လျဉ်းသော အန္တရာယ်
က။ ပေါလိုကိုယ်တိုင် ကြုံတွေ့ခဲ့သည်။
ခ။ လူ၏ နှလုံးသားသည် သစ္စာဖောက်တတ်သည်။
ဂ။ အကျွနု်ပ်တို့၏ နှလုံးသားကို သတိကြီးစွာ စောင့်ရှောက်ကြရအောင်။
၂။ သူတပါးအတွက် အကျွနု်ပ်တို့ ဖြစ်လာနိုင်သော ကောင်းချီးမင်္ဂလာ
က။ ဤအမှု၌ သြနေသိဖော်သည် ကောင်းသောပုံသက်သေ ဖြစ်သည်။
ခ။ သမ္မာကျမ်းစာ၌ တွေ့ရသော ပုံသက်သေကောင်းများကို အတုယူကြရအောင်။
အဆုံးထိတိုင် သစ္စာရှိနိုင်ကြဖို့ ဘုရားသခင်သည် အကျွနု်ပ်တို့၏ လက်များကို ခိုင်ခံ့စေတော်ပါစေကြောင်း၊

 

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်