Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ မတ်လ ၁၅

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ မတ်လ ၁၅

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၁း၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကို ကယ်တင်သော သခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှင်း၍၊ အသက်ရှင်ခြင်းအကြာင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစတော်မူပြီ။
၂တိ၁း၁၀

 

အရေးပါသောတွေ့ရှိချက်များနှင့် အနက်ဖွင့်ခြင်း
၁။ `ထင်ရှားစေ´တော်မူသည့်အရာများ-
က။ ဘုရားသခင်၏ ကြီးမြတ်သော ကယ်တင်ခြင်းစီမံကိန်း
ခ။ ဤကယ်တင်ခြင်းစီမံကိန်းသည် အတိတ်ကာလ၌ ကောင်းစွာ နားလည်သဘောပေါက်ခြင်း မရှိခဲ့။

၂။ ဤဖွင့်ပြခြင်းကို အဘယ်သို့ နားလည်နိုင်မည်နည်း။
က။ သခင်ခရစ်တော်ကိုယ်တိုင် မွေးဖွါး၍ ကြွလာခြင်းအားဖြင့်သာ ဖြစ်သည်။
ခ။ သခင်ခရစ်တော်သည် ခန္ခာအားဖြင့် ကြွလာလျက် ဘုရားသခင်၏
ကယ်တင်ခြင်းစီမံကိန်းကို အကောင်အထည်ဖော်ရမည် ဖြစ်သည်။

၃။ ဧဝံဂေလိတရားတော်
က။ အရိုးရှင်းဆုံးဆိုရလျှင် `သတင်းကောင်း´ ဖြစ်သည်။
ခ။ သခင်ယေရှုသည် ထိုသတင်းကောင်း (ဧဝံဂေလိ)ကို ဟောပြောခဲ့သည်။

၄။ သတင်းကောင်း၏ လက္ခဏာတချို့မှာ-
က။ ကယ်တင်ရှင်ဖြစ်သော သခင်ယေရှုခရစ်တော်၊
ခ။ ဤကယ်တင်ခြင်းသတင်းကောင်း၌ သခင်ယေရှုသည် သေခြင်းကို ချေမုန်းဖျက်စီးလိုက်သည်။
(၁) သေခြင်းသည် အကျွနု်ပ်တို့ကို မခြိမ်းခြောက်နိုင်၊
(၂) သေလွန်ပြီးနောက် အသက်ရှင်ခြင်း အမှန်ရှိနေသည်။
(၃) သေခြင်းသည် လုံး၀ ဖျက်စီးပြီးဖြစ်သောကြောင့် အကျွနု်ပ်တို့ကို လုံး၀ နောက်တဖန် မထိခိုက် မနစ်နာစေနိုင်ပါ။
ဂ။ ဤကယ်တင်ခြင်းအမှုကြောင့် ကျွန်ုတော်တို့သည် ခရစ်တော်၌
(၁) သေခြင်းနှင့် အစဉ်ကင်းလွတ်နိုင်ကြမည် ဖြစ်သည်။
(၂) ထာဝရအသက် ပိုင်ဆိုင်သောသူများ ဖြစ်ကြသည်။
(၃) ကောင်းကင်ဘုံ၌ ကယ်တင်ရှင်နှင့်အတူ ထာဝရ စံစားကြမည် ဖြစ်သည်။

၅။ ဧဝံဂေလိတရား၏ အခန်းကဏ္ဍ
က။ မှောင်မိုက်ဟူသမျှ၊ မသိနားမလည်ခြင်းဟူသမျှကို ပပျေက်စေမည့် အလင်းကို ဆောင်ကြဉ်းပေးသည်။
ခ။ အလင်းသည် အမှောင်ကို ထိရောက်စွာ မောင်းထုတ်နိုင်သည်။
ဂ။ ဧဝံဂေလိတရားမှ လာသောအလင်းသည် သခင်ယေရှုကို အကျွနု်ပ်တို့၏ ကယ်တင်ပိုင်ရှင်အဖြစ် ထင်ရှားစွာ မြင်နိုင်စွမ်းပေးသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ အောက်ပါအချက်တို့ကို ဆောင်ရွက်ပါ။
က။ ဧဝံဂေလိတရားကို ကောင်းစွာ နားလည်သဘောပေါက်ပါ။
ခ။ အကျွနု်ပ်တို့၏ ကယ်တင်ရှင်ကို ပို၍ချစ်မြတ်နိူးပါ။
ဂ။ သခင်ဘုရားဖြစ်သော ခရစ်တော်ယေရှု၌ ရရှိသော ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ပါ။

၂။ ဆက်ကပ်ပါ။
က။ ဧဝံေဂလိတရားကို ဟောပြောခြင်းအမှု၌ သစ္စာရှိပါ။
ခ။ အများတကာနှင့် ကယ်တင်ခြင်းသတင်းကောင်း ဝေငှလိုစိတ်ကို မွေးပါ။
ဂ။ ဧဝံဂေလိတရားအပေါ် သစ္စာရှိပါ။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်