Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ မတ်လ ၀၈

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ မတ်လ ၀၈

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၁း၉ ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရာက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မုူ၏။-
၂တိ ၁း၉

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ကယ်တင်ခြင်းနှင့် (ဘုရားသခင်မှ) ခေါ်တော်မူခြင်း
က။ ကယ်တင်ခြင်းသည် အကျွနု်ပ်တို့၏ ကောင်းမှုကုသိုလ်ကြောင့် ရရှိကြသည်မဟုတ်။
ခ။ ဘုရားသခင်မှ ခေါ်တော်မူခြင်းသည်လည်း အကျွနု်ပ်တို့၏ ကောင်းမှုကုသိုလ်ကြောင့် ရရှိကြသည် မဟုတ်။

၂။ ဘုရားသခင်၏ သန့်ရှင်းသော ခေါ်တော်မူခြင်း
က။ ဘုရားသခင်၏ ခေါ်တော်မူခြင်းသည် အမှန် သန့်ရှင်းသောခေါ်ခြင်း ဖြစ်သည်ကို  အောက်မေ့ကြရမည်။ ဘုရားသခင်သည် ကျွနု်ပ်တို့ကို သန့်ရှင်းရာသို့ ခေါ်သွင်းတော်မူသည်မှာ ငြင်းဖွယ်မရှိ။
ခ။ `သန့်ရှင်း´ ဟူသောစကားလုံး အလေးထားရခြင်းမှာ
(၁) ဘုရားသခင်သည် အမှန်သန့်ရှင်းသောသူ ဖြစ်သည်။
(၂) ဘုရားသခင်၏ ခေါ်တော်မူခြင်းသည်လည်း လုံး၀ သန့်ရှင်းသည်။
(၃) သခင်ဘုရား၏အလိုတော်ကို ဆောင်လိုသောသူတိုင်းသည်
သန့်ရှင်းခြင်းကို လက်တွေ့ကျင့်ကြံအားထုတ်ကြရမည်။
(၄) မသန့်ရှင်းသောသူသည် သန့်ရှင်းသောအမှုတော်မြတ်အတွက်
မည်သည့်နည်းနှင့်မျှ အရည်အချင်း မပြည့်နိုင်ပါ။

၃။ ဘုရားသခင်၏ အကြံစည်တော်နှင့် ကျေးဇူးတော်
က။ ဘုရားသခင်၏ ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော အင်္ဂါလက္ခဏာများ
(၁) သန့်ရှင်းသောခေါ်တော်မူခြင်း၊
(၂) အကြံအစည်တော်နှင့်ညီသော ခေါ်တော်မူခြင်း၊
(၃) ဘုရားသခင်၏ ကျေးဇူူးတော်ကို အခြေခံသော ခေါ်တော်မူခြင်း၊
ခ။ ဤခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော အင်္ဂါလက္ခဏာများသည်
(၁) သင်ကြားပို့ချပြီးဖြစ်သည်။
(၂) တိမောသေကို ပြန်လည်သတိပေးသည့်အနေဖြင့် ဖော်ပြထားသည်။
(၃) ကျွနု်ပ်တို့သည်လည်း ဤအမှန်တရားများကို မကြာခဏ
သတိရအောက်မေ့ကြရန် ဖြစ်သည်။

 

စိန်ခေါ်ချက်
၁။ အောက်ဖော်ပြထားသော အရာများကို ပြန်လည်သုံးသပ်ပါ။
က။ ကယ်တင်ခြင်း၊
ခ။ ဘုရားသခင်၏ ခေါ်တော်မူခြင်း၊
ဂ။ သခင်ဘုရားအတွက် အစေခံခြင်း၊

၂။ နှလုံးသားအား ပြန်လည်အသက်သွင်းခြင်း
က။ သန့်ရှင်းခြင်းနှင့် အစေခံခြင်း၊
ခ။ ရည်ရွယ်ချက်အပြည့်နှင့် အစေခံခြင်း၊
ဂ။ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ နှိမ့်ချစွာ အစေခံခြင်း၊

၃။ ဆက်ကပ်အပ်နှံခြင်းအမှုကို ပြန်လည်သစ်လွန်စေခြင်း
က။ ဆက်ကပ်အပ်နှံခြင်းအမှုကို ပြန်၍သစ်လွန်စေခြင်းသည် ကောင်းသောအကျင့်
ဖြစ်သည်။
ခ။ ထိုသို့ ပြုလုပ်ခြင်းသည် အောက်ပါအကျိုးကျေးဇူးများကို ဖြစ်စေသည်။
(၁) အတွင်းစိတ်သဘော အားရှိလာခြင်း၊
(၂) များစွာသောလူတို့သည်လည်း တို့ထိ၍ ပြောင်းလဲ့လာခြင်း၊
(၃) အမှုတော်မြတ် တိုးတတ်ကြီးထွါးလာခြင်း၊ စသည်တို့ဖြစ်သည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်