Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၃၀၊၈၊၂၀၂၀

ပတ်စဉ်သင်းအုပ်ပေးစာ ၃၀၊၈၊၂၀၂၀

 

ချစ်သောညီအစ်ကိုတို့၊

မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည် ရှေးကပ်ကာလမရောက်မှီ ကတိထားတော်မူ၍ ငါတို့ကိုကယ်တင်သောအရှင် ဘုရားသခင်၏ပညတ်တော်အတိုင်း၊ ငါ၌အပ်ထားသောတရားဟောခြင်းအခွင့်အားဖြင့် တော်လျော်သောအချိန်၍ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သော တာဝရအသက်ကို မျှော်လင့်သည်ဖြစ်၍ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်ဆိုင်သောသမ္မတရားကို ဝန်ခံခြင်းအလိုငှါ၎င်း၊ ဘုရားသခင်ရွေးကောက်တော်မူသော သူတို့၏ယုံကြည်ခြင်း အလိုငှါ၎င်း၊ ဘုရားသခင်၏ ကျွန်တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သောငါပေါလုသည်၊
(တိ ၁း၁-၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ ဘုရားသခင်၌တည်သော အကျွန်ုပ်တို့၏ မျှော်လင့်ခြင်း
က။ ထာဝရအသက်နှင့်စပ်ဆိုင်သည်။
ခ။ အကျွန်ုပ်တို့၏မျှော်လင့်ခြင်းသည် ဘုရားသခင်၌ တည်သည်။
(၁) ဤမျှော်လင့်ခြင်းသည် ခိုင်ခံ့စွာ တည်ရှိသည်။
(၂) ဘုရားသခင်သည် မုသာနှင့်ကင်းစင်သောသူ ဖြစ်သည်။
(၃) အရှေးကာလမရောက်မှီကတည်းက ဘုရားသခင် ကတိပေးတော်မူသောအရာဖြစ်သည်။

၂။ ထင်ရှားလာသော ဤမျှော်လင့်ခြင်း
က။ ဤမျှော်လင့်ခြင်းသည် နှုတ်ကပတ်တော်အားဖြင့် ထင်ရှားသည်။
ခ။ ဤမျှော်လင့်ခြင်းသည် တရားဟောခြင်းအားဖြင့်လည်း ထင်ရှားသည်။

၃။ ရှင်ပေါလု၏ဆက်ကပ်ခြင်း
က။ တရားဟောခြင်းအမှုသည် မိမိအား အပ်နှံထားသော အမှုတော်အဖြစ် ပေါလုခံယူသည်။
ခ။ ထို့ကြောင့်၊ ပေါလုသည် သခင်ဘုရားပေးသနားတော်မူသော အမှုတော်မြတ်၌ သစ္စာရှိသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ မျှော်လင့်ခြင်းနှင့်စပ်ဆိုင်သော ယုံကြည်ခံယူချက်
က။ ကောင်းမွန်စွာ နားလည်ရမည့် အရာဖြစ်သည်။
ခ။ မျှော်လင့်ခြင်းသည် ယုံကြည်ခြင်းနှင့် အမြဲတွန်တွဲသည်။
ဂ။ နှုတ်ကပတ်တော်ကို ကောင်းမွန်စွာ ဟောကြားခြင်းသည် မျှော်လင့်ခြင်းကို ဆောင်ကြဉ်းနိုင်ရမည်။

၃။ မျှော်လင့်ခြင်းနှင့်စပ်ဆိုင်သော ယုံကြည်ခံယူချက် မူလအစ
က။ လူသား မတည်မရှိမှီ ဤမျှော်လင့်ခြင်းသည် တည်နှင့်လျက် ရှိသည်။
ခ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောကြားခြင်းအားဖြင့် ဤမျှော်လင့်ခြင်းသည် ပို၍ ထင်ရှားလာသည်။

၄။ တရားဟောကြားခြင်းနှင့် သမ္မာကျမ်းစာသွန်သင်ခြင်း အမှုတော်
က။ တရားဟောကြားခြင်းနှင့် သွန်သင်ခြင်းဟူသမျှသည် နှုတ်ကပတ်တော်နှင့် စပ်ဆက်မှု အမြဲရှိနေရမည်။
ခ။ ဤအမှုတော်မြတ်သည် သခင်ဘုရားက အကျွန်ပ်တို့အား ယုံကြည်၍အပ်နှံသော အရာဖြစ်သည်ကို လုံး၀ ခံယူနိုင်ရမည်။

 

အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်
၁။ တရားဟောခြင်း၊ သွန်သင်ခြင်းအမှုတော်ကို ကောင်းမွန်စွာ နားလည်သည်၊ မလည်သည်ကို ပြန်၍ စစ်ဆေးကြရန်၊
က။ ဘုရားသခင်ကိုယ်တိုင်က အကျွန်ုပ်တို့အား ယုံကြည်၍အပ်နှံတော်မူသော အမှုတော်ဖြစ်သည်ကို ခံယူနိုင်ကြပြီလား။
ခ။ ဘုရားသခင်က ယုံကြည်၍အပ်နှံသော အမှုတော်မြတ်ကို ထိုက်တန်စွာ တုံ့ပြန်ကြရအောင်။

၂။ တရားဟောခြင်းနှင့် သွန်သင်ခြင်းအမှုတော်နှင့် စပ်ဆိုင်သော မမှန်သော၊ နိမ့်ကျသော အမြင်များကို စွန့်လွတ်ကြရန်
က။ အချို့သောသူတို့သည် တရားဟောခြင်းအမှုကို အလွန်အထင်သေးကြသည်။
ခ။ ကောင်းမွန်စွာ တရားဟောကြားရန် သေချာပြင်ဆင်ခြင်း မရှိကြ။

၃။ တရားဟောခြင်းနှင့် သွန်သင်ခြင်းကို လေးနက်စွာ ခံယူခြင်း
က။ မြင့်မြတ်သော အခွင့်အရေး ဖြစ်သည်။
ခ။ အကျွန်ုပ်တို့သည်
(၁) ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောကြားရမည်။
(၂) ထာဝရအသက်နှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းကို ဟောကြားရမည်။

၄။ ဘုရားသခင်ကို တည်ကြည်စွာ ကြည်ညှိခြင်းကို တည်ဆောက်ခြင်း
က။ ရိုသေရမည့် ဘုရားသခင်ဖြစ်သည့်အားလျော်စွာ ရိုသေပါ။
ခ။ အကျွန်ုပ်တို့အား အံ့သြဖွယ်သော ကတိတော်များကို ပေးသနားတော်မူသော ဘုရားသခင်အဖြစ် ရိုသေပါ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်