Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၊၈၊၂၀၂၀

ပတ်စဉ်သင်းအုပ်ပေးစာ ၂၊၈၊၂၀၂၀

 

ချစ်သောညီအက်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၄း၆ အကြောင်းမူကား၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။ စုတေ့ရသောအချိန် ရောက်ေလေပြီ။-
၄း၇ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။-
၄း၈ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့မဘို့ သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။-
၂ တိ ၄း၆-၈

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ အသက်တာနှင့်အမှုတော်ကို အမှန်တိုင်း သိမြင်နားလည်ခြင်း
က။ မိမိသည် အသက်ကြီးရင့်သောသူ ဖြစ်နေသည်ကို ပေါလု သဘောပေါက်သည်။
ခ။ သူသည် သခင်ဘုရား၏အမှုတော်ကို သစ္စာရှိရှိ၊ အကျိုးရှိရှိ ဆောင်ရွက်ခဲ့သည်။
ဂ။ မကြာမီ စုတေ့ရသောအချိန် (သေဆုံးချိန်) ရောက်လာမည်။

၂။ အသက်တာနှင့်အမှုတော်မြတ်ကို ထိရောက်စွာ နှိုင်းယှဉ်ခြင်း
အသက်တာနှင့်အမှုတော်မြတ်ကို
က။ ကောင်းစွာသောတိုက်လှန်ခြင်း၊
ခ။ အပြေးပြိုင်ပွဲ၊ စသည်တို့ဖြင့် နှိုင်းယှဉ်သည်။

၃။ အလွန်နှိမ့်ချသော (တန်ဖိုးဖြတ်) သုံးသပ်ခြင်း
က။ သူသည် ကောင်းစွာ တိုက်လှန်ခဲ့သည်။
ခ။ ပြေးရသောလမ်းကိုလည်း အဆုံးထိ ပြေးခဲ့သည်။
ဂ။ ယုံကြည်ခြင်း နှင့် ယုံကြည်ခြင်းတရား တို့ကိုလည်း စောင့်ရှောက်ခဲ့သည်။

၄။ ဘ၀ (လောက အသက်တာ) ၏အဆုံး
က။ ဘုရားသခင်သည် သရဖူကို ပေးလိမ့်မည်။
– အောင်မြင်ခြင်းသရဖူ၊
– ဘုရင်တပါး၏သရဖူ၊
ခ။ ဓမ္မသရဖူ ဟုခေါ်သည်။ ယင်းသည် ဖြောင့်မတ်ခြင်းသရဖူ ဖြစ်သည်။
– အသက်တာသည် ဖြောင့်မတ်ခြင်းနှင့် တန်ဆာဆင်ရသည်။
– အမှုတော်မြတ်သည် ဖြောင့်မတ်ခြင်းဖြင့် ဆောင်ရွက်ရသည်။
– ပေါလုသည် ဖြောင့်မတ်စွာ အသက်ရှင်၍ ဖြောင့်မတ်စွာ အစေခံခဲ့သည်။

၅။ သခင်ဘုရားသခင်သည် ဖြောင့်မတ်သော တရားသူကြီး ဖြစ်သည်
က။ ထာဝရဘုရားသခင်သည် မှန်ကန်စွာ၊ တရားမျှတစွာ စီရင်မည်။
ခ။ ပေါလုသည် သခင်ခရစ်တော်ပြန်ကြွလာမည့် နေ့ရက်ကို မျှော်လင့်စောင့်စားခဲ့သည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဝါရင့် (အသက်အရွယ်အားဖြင့်လည်း) သောအမှုတော်ဆောင်များ
က။ ဝိညာဉ်ရေးရာ၌ အမှန်ရင့်ကျက်သောသူများ ဖြစ်ကြစို့။
ခ။ အသက်တာနှင့်အမှုတော်မြတ်ကို ဝိညာဉ်မျက်စီဖြင့် ရင့်ကျက်စွာ ရှုမြင်၍ နားလည်ကြစို့။
ဂ။ လောကမှ ထွက်ခွါကြရမည့် နေ့ရက်အတွက် ကြိုတင်ပြင်ဆင်ကြစို့။
ဃ။ ဘုရားသခင်သည် အကျွန်ုပ်တို့ကို အဘယ်သို့ တရားစီရင်မည်ကို ကြိုတင်ပြီး ဆင်ခြင်ကာ ပြင်ဆင်ကြစို့။

၂။ ကိုယ့်ကိုယ်ကို မေးရမည့်မေးခွန်းများမှာ
က။ ကောင်းသောတိုက်လှန်ခြင်း ပြုပြီလော့။
ခ။ ဘဝအပြေးပြိုင်ပွဲကို အဆုံးထိ ပြေးပြီးပြီလား။
ဂ။ ဘုရားသခင်ရှေ့မှောက်တော်၌ အစဉ် ဖြောင့်မတ်ရဲ့လား။
၃။ နောက်မျိုးစေ့သစ်
က။ သစ္စာရှိရှိ ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ကြရမည်။
ခ။ ဖြောင့်မတ်ခြင်းကို လက်တွေ့ဖော်ဆောင်ရမည်။
ဂ။ ရာနှုန်းပြည့် သစ္စာရှိလျှက် အမှုတော်ကို ဆောင်ရွက်ကြရမည်။

ပို၍ သစ္စာရှိရှိ ဘုရားသခင်၏အစေကို ခံနိုင်ကြဖို့အလို့ငှါ ဆုတောင်း၍ ဆင်ခြင်ကြစို့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်