Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇန်နဝါရီလ (၂၄)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇန်နဝါရီလ (၂၄)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှါ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွကခွဲခန့်မှတ်သားတော်မူ၏

(ဧဖက် ၁း၅-၆)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ခွဲခန့်သတ်မှတ်ခြင်း (ကြိုတင်ရွေးကောက်ခြင်း)

က။ ကြိမ်ဖန်များစွာ မှားမှားယွင်းယွင်း နားလည်ခဲ့ကြသည်။
ခ။ အထူးသဖြင့်၊ လူတစ်ဦးတစ်ယောက်၏ ရွေးချယ်ပိုင်ခွင့်ကို မပါဘဲ ဘုရားသခင်က ခွဲခန့်မှတ်သားနှင့်သည်ဟု မှားယွင်းစွာ နားလည်ခဲ့ကြသည်။

၂။ ခွဲခန့်သတ်မှတ်ခြင်းကို မှန်ကန်စွာ နားလည်ခြင်း

က။ ဘုရားသခင်၏သားသမီးအရာကို ရမည်အကြောင်း ကြိုတင်ခွဲခန့်သတ်မှတ်ခံ ရခြင်းသည် အလွန်မွန်မြတ်ပေသည်။

(၁) လူ၏ရွေးချယ်ပိုင်ခွင့်သည် ဘုရားသခင်၏သားသမီးဖြစ်ရသောအခွင့်ကို ဘယ်တော့မှ ရနိုင်မည် မဟုတ်။
(၂) လူ၏ရွေးချယ်ပိုင်ခွင့်သည် အပြစ်ကြောင့် ဆိုးဝါးစွာ ပျက်စီးယိုယွင်းလျက် ရှိသည်။

ခ။ အလိုတော်ရှိသော စေတနာအတိုင်း

(၁) အကျွန်ုပ်တို့ပြုသော ကောင်းမှုကုသိုလ်ကြောင့် မဟုတ် (တိ ၃း၄-၇) ၊
(၂) ဘုရားသခင်၏ အလိုတော်ရှိသော စေတနာသည်

– ကရုဏာတော်၊
– မေတ္တာတော်၊
– ကျေးဇူးတော်နှင့်
– ကြင်နာခြင်း၊

၃။ သခင်ယေရှုခရစ်တော်၏ အခန်းကဏ္ဍ

က။ သခင်ယေရှုခရစ်တော်အားဖြင့်သာ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြသည်။
ခ။ ထိုကယ်တင်ရှင် ယေရှုခရစ်တော်ကို အစဉ် ချီးမွမ်းးကြစို့။

 

အသင့်တော်ဆုံးသော တုံ့ပြန်ချက်
၁။ ဘုရားသခင်ကိုယ်တော်တိုင်၏ ရည်ရွယ်ချက်ပန်းတိုင်ကို အစဉ်အောက်မေ့ကြစို့။
၎င်းတို့မှာ-

က။ ကျေးဇူးတော်၏ဘုန်းအသရေကို ချီးမွမ်းစေရန်၊
ခ။ ကျေးဇူးတော်အားဖြင့် ဘုရားသခင် ချစ်တော်မူသော သားတော်အားဖြင့် သားသမီးအရာကို ရကြရန်၊ စသည်တို့ဖြစ်သည်။

၂။ အကျွန်ုပ်တို့၏ အခန်းကဏ္ဍကို အပြီးဆောင်ရွက်ကြစို့။ ကျွန်တော်တို့သည်

က။ ဘုရားသခင်ကို ချီးမွမ်းကြရမည်။
ခ။ သခင်ဘုရား၏နာမတော်အဖို့အလို့ငှါ၊ သူ၏သားသမီးများပီပီ အသက်ရှင်ကြရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ကြိုတင်ခွဲခန့်သတ်မှတ်ခြင်းကို သင်ကြားပေးခြင်း
ဘာကြောင့် ဤယုံကြည်ခံယူချက်ကို သင်ကြားပေးရမည်နည်း။ အကြောင်းမှာ-

က။ သမ္မာကျမ်းစာနှင့်ညီသော သွန်သင်ချက် ဖြစ်သည်။
ခ။ မှန်သော သွန်သင်ချက် ဖြစ်သည်။
ဂ။ အံ့သြဖွယ်ကောင်းသော ယုံကြည်ခံယူချက် ဖြစ်သည်။

၂။ အကျွန်ုပ်တို့ ရရှိသော ကယ်တင်ခြင်းကို အသစ်တစ်ဖန် တန်ဖိုးထားမြတ်နိုးခြင်း

က။ အကျွန်ုပ်တို့အား ပေးသနားတော်မူသော ကျေးဇူးတော်အတွက် ကျေးဇူးတင်ကြစို့။
ခ။ ဘုရားသခင်၏သားသမီးများဖြစ်သည်ကို ပိုမိုလေးနက်စွာ သိမှတ်လျက်

(၁) ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံကြစို့။
(၂) ဝမ်းမြောက်ခြင်း ရှိကြစို့။
(၃) ချီးမွမ်းကြစို့။

၃။ သခင်ယေရှုခရစ်၏ ပုဂိုလ်တော်

က။ အသက်ရှင်သော ကယ်တင်ရှင်အဖြစ် မြတ်နိုးကြစို့။
ခ။ အကျွန်ုပ်တို့အတွက် သခင်ခရစ်တော်ကိုယ်တိုင် ဆောင်ရွက်သောအမှုတို့ကို တန်ဖိုးထားကြစို့။

၄။ သင်းအုပ်ဆရာများအနေဖြင့် အကျွန်ုပ်တို့၏ အခန်းကဏ္ဍ

က။ အသင်းသူ၊သားများအတွက် ကောင်းသောပုံသက်သေ အဖြစ် အသက်ရှင်ကြစို့။
ခ။ သခင်ဘုရားအတွက် ဝမ်းမြောက်စွာ အသက်ရှင်ကြစို့။
ဂ။ ဤ“ကြိုတင်ခွဲခန့်သတ်မှတ်ခြင်း” သည် အသက်တာနှင့်အမှုတော်မြတ်တို့ကို အသက်သွင်းနိုင်ပါစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်