Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ ဇန်နဝါရီလ (၁၇)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ ဇန်နဝါရီလ (၁၇)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ငါတို့သည်ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည် အကြောင်း၊ ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ။ ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

(ဧဖက် ၁း၃-၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရုံသာမက

က။ များစွာသောသူတို့သည် ခရစ်ယာန်ဆိုသည်မှာ ယေရှုခရစ်အား ယုံကြည်လက်ခံရုံမျှသာ ဖြစ်သည်ဟု ထင်မှတ်ကြသည်။
ခ။ သခင်ယေရှုကို မိမိတို့၏ ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ခြင်း အရေးပါသောအချက် ဖြစ်သည်။ ထိုမှသာ၊

(၁) ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်လာကြသည် (ယောဟန် ၁း၁၂)
(၂) ဤသည်ကား သခင်ခရစ်တော်က ယုံကြည်သူတိုင်းအား ပေးသနားတော်မူသော အခွင့် ဖြစ်သည်။

၂။ ရွေးကောက်ခြင်းနှင့်စပ်ဆိုင်သော ခံယူချက်

က။ သခင်ဘုရားကို အကျွန်ုပ်တို့က ရွေးချယ်သည်ဟု ယူဆကြသည်။

(၁) မှန်သည်ဟု ယူဆနိုင်သည်။
(၂) အကျွန်ုပ်တို့သည် သခင်ခရစ်တော် ယုံကြည်ကိုးစားမည်ဟု ဆုံးဖြတ်ချက်ချကြသည်။

ခ။ သမ္မာကျမ်းနှင့်ညီသော မြင့်မြတ်သောခံယူချက် ဖြစ်သည်

(၁) ဘုရားသခင်သည် ခရစ်တော်၌ အကျွန်ုပ်တို့ကို ရွေးကောက်တော်မူသည်။
(၂) ဤရွေးကောက်ခြင်းအမှုကို ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ဆောင်ရွက်ပြီး ဖြစ်သည်။

ဂ။ ဤခံယူချက်သည် ကြီးမားလေးနက်သော အမှန်တရား ဖြစ်သည်။

(၁) အဘယ်သူမျှ အကုန်အစင် နားလည်မည် မဟုတ်။
(၂) သို့သော်၊ ဘုရားသခင်သည် အကျွန်ုပ်တို့ကို အမှန်ရွေးကောက်တော်မူသည်။

ဃ။ ဘုရားသခင်သည် အကျွန်ုပ်တို့ကို ရွေးကောက်တော်မူသည်မှာ မှန်သော်လည်း၊ အကျွန်ုပ်တို့သည် သခင်ဘုရားကို ယုံကြည်ကိုးစားရန် ဆုံးဖြတ်ချက်တော့ ချကြရမည် ဖြစ်သည်။

ဤနှစ်မျိုးစလုံးသော အမှန်တရားသည် အမှန်တည်ရှိသည်။ သို့သော်၊ ဘုရားသခင်သည် အကျွန်ုပ်တို့ကို ရွေးကောက်တော်မူသည် ဟူသောအချက်သည် ပို၍ အလွန်လေးနက်သည်။

၃။ ဘုရားသခင်သည် အဘယ်အတွက်ကြောင့် အကျွန်ုပ်တို့ကို ရွေးကောက်တော်မူသနည်း။

က။ သန့်ရှင်းသောသူဖြစ်ကြမည်အကြောင်း အကျွန်ုပ်တို့ကို ရွေးချယ်သည်။

(၁) သူကိုယ်တိုင်သည်လည်း သန့်ရှင်းသောကြောင့် ဖြစ်သည်။
(၂) အကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏သားသမီး များဖြစ်ကြသည်နှင့်အညီ သူကဲ့သို့ ဖြစ်ကြရမည် ဖြစ်သည်။

ခ။ အပြစ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်တို့ကို ရွေးချယ်သည်။

(၁) ဤအချက်သည် အကျွန်ုပ်တို့၏ တာဝန်ဝတ္တရားကို အလေးပေး ဖော်ပြသည်။
(၂) ယုံကြည်စိတ်ချ၍ အပ်နှံထားသောအမှုတို့၌ အကျွန်ုပ်တို့သည် အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက် ရှိကြရမည်။

၄။ ဘုရားသခင်သည် အကျွန်ုပ်တို့ကို ဘာအကြောင်းကြောင့် ရွေးချယ်သနည်း။

က။ အကျွန်ုပ်တို့ကို ချစ်သနားသောကြောင့် ရွေးချယ်သည် (တိ ၃း၄-၇) ။
ခ။ အကျွန်ုပ်တို့ကို အလွန်ချစ်မြတ်နိူးသောကြောင့် ရွေးချယ်သည် (ယောဟန် ၃း၁၆၊ ၁ ယောဟန် ၄း၇-၁၁) ။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ရွေးကော်တော်မူခြင်းဆိုင်ရာ ခံယူချက်

က။ နက်ရှိုင်းသော အမှန်တရား ဖြစ်သည်။
ခ။ တန်ခိုးကြီးသော အမှန်တရား၊ အကျွန်ုပ်တို့ုကို အလွန်တရာမှ အားတတ်စေမည့် အမှန်တရား ဖြစ်သည်။

၂။ စိန်ခေါ်ချက်

က။ သန့်ရှင်းစွာ အသက်ရှင်ကြရမည်။
ခ။ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် နေကြရမည်။

၃။ ထိရောက်စွာ တုံ့ပြန်ခြင်း

က။ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက် အမှုတော်ဆောင်ကြစို့။
ခ။ သခင်ဘုရားအတွက် အသက်တာကို ဆက်ကပ်အပ်နှံလျက် သန့်ရှင်းစွာ ကျင်လည်ကြမည်အကြောင်း ပြင်းပြသောဆန္ဒရှိကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်