Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၂၉) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၂၉) ရက်

 

 

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၁၀ ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်းသော အကျင့်အမျိုးမျိုးတည်း ဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသော ဉာဏ်တိုးပွါးခြင်း ရှိသဖြင့်၎င်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့်၎င်း၊

၁၁ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။

၁၂ အလင်း၌နေသော သန့်ရှင်းသူတို့၏ အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။

(ကော ၁း၁၀-၁၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ “ခွန်အားနှင့် ပြည့်စုံ”

က။ အကျွန်ပ်တို့သည် အထက်ပါအတိုင်း ဖြစ်ကြရန် ဘုရားသခင်ရည်ရွယ်သည်။

(၁) အကျွန်ပ်တို့သည် ခွန်အားကြီးကြရမည်။
(၂) အကျွန်ပ်တို့၌ ဘုရားသခင်၏တန်ခိုးတော်ပင် ရှိရမည်။

ခ။ သို့သော် စိတ်မကောင်းစရာကား၊

(၁) ယုံကြည်သောသူအများစုသည် ခွန်အားမရှိကြ။
(၂) များစွာသော သင်းအုပ်များသည်လည်း ဝိညာဉ်ခွန်အား မရှိကြ။

၂။ “ဘုန်းကြီးသော တန်ခိုးတော်အတိုင်း”

က။ အကျွန်ပ်တို့သည် ဘုရားသခင်၏တန်ခိုးတော်အတိုင်း ခွန်အားကြီးနိုင်သည်။
ခ။ ဘုရားသခင်၏တန်ခိုးတော်သည် အလွန်ပင် ဘုန်းကြီးတော်မူသည်။

၃။ ဘုရားသခင်သည် မည်သည့်ရည်ရွယ်ချက်များကြောင်း အကျွနု်ပ်တို့ကို ခွန်အားနှင့်ပြည့်စုံစေ သနည်း။

က။ ဤစကားလုံး ”စိတ်ရှည်ခြင်း“

(၁) ၎င်း၏အနက်မှာ “ဇွဲလုံးလရှိခြင်း”
(၂) အကျွန်ပ်တို့သည် ဘဝအသက်တာ အဆုံးထိ ဇွဲလုံးလရှိသောသူများ ဖြစ်နိုင်မည်အကြောင်း ဘုရားသခင်၏တန်ခိုးတော်ကို ခံရနိုင်ကြသည်။

ခ။ “ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌ သည်းခံခြင်း”

(၁) ၎င်း၏အနက်မှာ“အခက်ခဲကို ခံနိုင်ခြင်း”
(၂) ဘုရားသခင်၏တတ်စွမ်းစေခြင်းကြောင့်၊ အကျွန်ပ်တို့သည် များစွာသော အခက်ခဲများကို ခံနိုင်သည်။

၄။ “ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်”

က။ ကျွန်တော်တို့သည် ဘုရားသခင်ကို အစဉ် ကျေးဇူးတင်ရမည်။
ခ။ ကျေးဇူးတော်ကို ချီးမွမ်းရမည့် အကြောင်းရင်းများစွာ ရှိသည်။
ဂ။ ထိုကောင်းချီးမင်္ဂလာများကို အောက်ပါအတိုင်း ဖော်ပြထားသည်။

(၁) ဘုရားသခင်သည် အကျွန်ပ်တို့အား ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော အမွေကို ဆက်ဆံဝင်စားထိုက်စေသည်။
(၂) ဤအမွေတော်သည် အလင်း၌နေသော သန့်ရှင်းသူတို့ကိုသာ ကတိပေးထား သော အရာဖြစ်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ဘုရားသခင်၏ကျွန်များဖြစ်ကြသော အကျွန်ပ်တို့အတွက် စိန်ခေါ်ချက်များ

က။ ဘုရားသခင်၏တန်ခိုးတော်၌ အားကြီးခြင်း၊
ခ။ ဘုရားသခင်၏အမှုတော်မြတ်၌ ဇွဲလုံးလရှိခြင်း၊
ဂ။ အကျွန်ပ်တို့ကို တတ်စွမ်းစေသော သခင်ဘုရားအားဖြင့် အခက်ခဲများကို အဆုံးထိ ခံနိုင်ခြင်း၊

၂။ အားနည်းခြင်းနှင့်စပ်ဆိုင်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းကြစို့။

က။အကျွန်ပ်တို့အသက်တာ၌ ရှိသော အားနည်းချက်များကို ဖြေရှင်းကြစို့။
ခ။ အမှုတော်ဆောင်ရာ၌ ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းကြစို့။
ဂ။ အားနည်းချက်များကို မဖြေရှင်းကြလျှင်၊ အကျွန်ပ်တို့၏အမှုတော်တို့သည် ဘယ်တော့မှ များစွာသောအသီးကို သီးနိုင်ကြမည် မဟုတ်ချေ။

၃။ ကျေးဇူးတော်ချီးမွမ်းခြင်း

ကျေးဇူးတင်သောစိတ်ကို မွေးကြစို့။

က။ တစ်ဦးချင်း၏ အသက်တာ၌၊
ခ။ အသင်းတော်၏အမှုတော်မြတ်၌၊

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်