Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၁၅) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၁၅) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၆ ထိုတရားသည် လောကီနိုင်ငံတရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွါးခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။
၇ သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည် ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန် စွာ ဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။
၈ သင်တို့၌ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ။

(ကော ၁း၃-၆-၈)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဧဝံဂေလိတရားတော်

က။ ဧဝံဂေလိတရားတစ်ခုတည်းသာ ရှိသည်။
ခ။ ထိုတရားတော်ကို သခင်ယေရှုခရစ်က ဦးစွာ ဟောပြောခဲ့သည်။
ဂ။ ထို့နောက်၊ တမန်တော်တို့ကိုလည်း ထိုတရားကို ထပ်ဆင့်ဟောပြောကြသည်။ ၎င်းသည်

(၁) ကျေးဇူးတော် ဖြစ်သည်။
(၂) သမ္မတရား ဖြစ်သည်။
(၃) သခင်ယေရှုခရစ်တော်၌သာ တည်သည်။

၂။ ဧဝံဂေလိတရား၏ အသီးအပွင့်

က။ ကယ်တင်ခြင်း၊
ခ။ သခင်ဘုရားထံမှ ရရှိသော များစွာသော ကောင်းချီးမင်္ဂလာများ (ဧဖက် ၁း၃-၁၄)၊
ဂ။ အသီးအပွင့်ဟူသည်မှာ ဘုရားသခင်က အမှန်ကောင်းချီးပေးသောကြောင့်သာ ဖြစ်တည်သည်။
ဃ။ ကောလောသဲယုံကြည်သူတို့သည်လည်း သူတို့အသက်တာနှင့် အသင်းတော်၌ ဧဝံဂေလိတရား၏အသီးအပွင့်များ တွေ့မြင်ကြသည်။

၃။ ဧပဖြ ကိုချီးကျူးခြင်း

က။ ငါတို့ချစ်သော ကျွန်ချင်း၊
ခ။ သခင်ခရစ်တော်အတွက် သစ္စာရှိသော အစေခံကျွန်ဖြစ်သည်ဟု ချီးမွမ်းသည်။
ဂ။ ကောလောသဲယုံကြည်သူတို့၌ ထင်ရှားသော ချစ်ခြင်းမေတ္တာအကြောင်းနှင့်စပ်လျဉ်း၍၊ ဧပဖြသည် ပေါလုကို တဆင့်ပြောကြားသည်။
ဃ။ ဤချစ်ခြင်းတ္တောသည် သန့်ရှင်းသော ဝိညာဉ်တော်၏အသီးအပွင့် (အကျိုး) ဖြစ်သည် (ကလာတိ ၅း၂၂-၂၃)။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ဧဝံဂေလိတရားကို ဟောကြားခြင်း

က။ ဤအမှုအတွက် အကျွန်ုပ်တို့သည် အစွမ်းကုန် ဆက်ကပ်ကြရမည်။
ခ။ ဧဝံဂေလိတရား၏အသီးအပွင့်များသည် အံ့သြဖွယ်ဖြစ်သည်။

၂။ အကျွန်ုပ်တို့ ရင်ဆိုင်ရမည့် ပြဿနာများ

က။ ဧဝံဂေလိတရားဟောခြင်းအမှုုကို အလေးအနက်ထားသင့်သလောက် မထားမိကြ။
ခ။ ထို့ကြောင့်၊ ဧဝံဂေလိတရားဟောကြားခြင်း၏အကျိုး အနည်းငယ်သာ တွေ့ကြရသည်။

၃။ သင်းအုပ်လုပ်ငန်း

က။ ပေါလုသည် မြင့်မြတ်သော သင်းအုပ်ဆရာ တစ်ပါး ဖြစ်သည်။
ခ။ ဧပဖြသည် ကောင်းသော သင်းအုပ်ဆရာတစ်ပါး ဖြစ်သည်။
ဂ။ အကျွန်ုပ်တို့သည်လည်း ဘုရားသခင်ဖြစ်စေလိုသော သင်းအုပ်ဆရာဖြစ်နိုင်ကြမည်အကြာင်း ကြိုးစားကြရမည်။

၄။အကျွန်ုပ်တို့၏ ကိုယ်တွေ့အသက်တာ

က။ အဖြစ်နိုင်ဆုံး၊ လေးနက်စွာ သွန်သင်ခြင်းကို ခံယူကြရမည်။
ခ။ ပြုပြင်တိုးတတ်နိုင်သလောက်၊ တိုးတတ်ပြောင်းလဲကြရမည်။
ဂ။ သခင်ဘုရားအတွက် အသက်ရှင်ကြရန် အခြားသောသူတို့ကိုလည်း တွန်းအား ပေးကြရမည်။
ဃ။ ဘုရားသခင်၏ဝိညာဉ်တော်သည် အကျွန်ုပ်တို့အသက်တာ၌ လုံးဝအုပ်စိုးနေရမည်။
င။ သမ္မာကျမ်းစာဖတ်တိုင်း၊ နက်ရှိုင်းစွာ တို့ထိခြင်းခံကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်