Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၈) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၈) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၃ သင်တို့သည် ယေရှုခရစ်ကိုယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်၎င်း၊
၄ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည်အထက်က ကြားသိကြသည် အတိုင်း၊ သင်တို့ အဘို့ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း၍၊
၅ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။
၁၇ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့။

(ကော ၁း၃-၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်စပ်ဆိုင်သော ဆုတောင်းခြင်း

က။ ဤအချက်သည် ပေါလုအသက်တာ၌ အလွန်ထင်ရှားသော အချက်ဖြစ်သည်။

(၁) ပေါလု၏ကိုယ်တွေ့အသက်တာ၊
(၂) ပေါလု၏သင်းအုပ်လုပ်ငန်း၊

ခ။ ပေါလုသည် သခင်ဘုရားကို ကျေးဇူးတင်ရမည့်အကြောင်းပြချက် အမြဲေတွေ့သည်။

(၁) ကျွန်ုပ်တို့သည်လည်း ပေါလုကဲ့သို့ ဘုရားသခင်ကို ကျေးဇူးတင်ရန် ခိုင်ခံသော အကြောင်းပြချက် ရှိနေရမည်။
(၂) ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းတို့သည် အကျွန်ုပ်တို့၏အသက်တာနှင့် အမှုတော်မြတ်တို့၏ အစိတ်အပိုင်းဖြစ်ပါစေ။

၂။ ဆုတောင်းခြင်းသည်

က။ ခမည်းတော်ဘုရားသခင်နှင့်လည်းကောင်း၊
ခ။ သခင်ယေရှုခရစ်တော်နှင့်လည်းကောင်း၊ ဆက်နွယ်ခြင်း ဖြစ်သည်။
ဂ။ ပေါလုသည် ဤအချက်ကို အစဉ်တစိုက် အလေးထားသည်။
ဃ။ ပေါလုသည် ခမည်းတော်ဘုရားသခင်ပြုသောမှုတို့ကို သိမြင်နိုင်သည်။
င။ ပေါလုသည် သခင်ယေရှုခရစ်တော်ပြုသောအမှုတို့ကိုလည်း သိမြင်နိုင်သည်။

၃။ ကောလောသဲယုံကြည်သူများနှင့်စပ်လျှဉ်းသော အချက်နှစ်ချက်မှာ-

က။ သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်း

(၁) စစ်မှန်သောယုံကြည်ခြင်း၊
(၂) သက်သေထူပြီးသော ယုံကြည်ခြင်း၊
(၃) သီအိုရီဆန်သော ယုံကြည်ခြင်းမျိုး မဟုတ်။

ခ။ သန့်ရှင်းသောသူတို့ကို ချစ်မြတ်နိူးခြင်း

(၁) ချစ်ခြင်းမေတ္တာသည် ဝိညာဉ်တော်၏အသီးအပွင့်ဖြစ်သည်။
(၂) ချစ်ခြင်းမေတ္တာသည် သခင်၌တည်သော ယုံကြည်ခြင်းသက်သေ ဖြစ်သည်။

၄။ ကောလောသဲယုံကြည်သူများကို မည်သည့်အကြောင်းတရားက နိူးဆော်သနည်း။

က။ ကောင်းကင်ဘုံ၌ ရှိသော သူတို့၏မျှော်လင့်ချက်၊
ခ။ ထိုမျှော်လင့်ချက်သည် ဧဝံဂေလိတရား၏အစိအပိုင်း ဖြစ်သည်။
ဂ။ ဧဝံဂေလိတရားသည် သမ္မာရား၌ အစဉ်အမြဲ အခြေပြုရမည်။

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ အကျွန်ုပ်တို့သည် ဧဝံဂေလိတရားကို အဘယ်သို့ ဝေငှကြသည်ကို ပြန်လည်သုံးသပ်ကြရမည်။

က။ သခင်ယေရှုခရစ်၌ ဗဟိုပြုရမည်။
ခ။ သမ္မတရား၌ အခြေပြုရမည်။

၂။ အကျွန်ုပ်တို့ဟောကြားသော ဧဝံဂေလိတရား၏အသီးအပွင့်များကိုလည်း ပြန်သုံးသပ်ကြရမည်။

က။ ယုံကြည်ခြင်း၊
ခ။ ချစ်ခြင်းမေတ္တာ၊
ဂ။ မျှော်လင့်ခြင်း၊

၃။ ဧဝံဂေလိတရားကို

က။ ထိရောက်စွာ ဝေငှရမည်။
ခ။ မှန်သောအမှုတို့ကို အလေးထားလျှက် ဝေငှရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်