Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇန်နဝါရီ ၁၀

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇန်နဝါရီ ၁၀

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင်ထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌ ရှိပါစေသော။ ၃ငါတို့သည်ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည် အကြောင်း၊ ၄ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ။ ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
(ဧဖက် ၁း-၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မင်္ဂလာရှိစေသတည်း

က။ ဘုရားသခင်၏နာမတော်မြတ်အား ကောင်းချီးပေးခြင်းသည် ဓမ္မဟောင်းသူတော်စင်များ၏ စံချိန်စံညွှန်းဖြစ်သည် (ဆာလံ ၁၀၃) ။
ခ။ ပေါလုသည် ထာဝရဘုရားသခင်၏နာမကို ကောင်းချီးပေးတတ်အောင် သွန်သင်ခြင်းခံရလျက် ကြီးပြင်းလာသော ယုဒုလူမျိုးတစ်ဦး ဖြစ်သည်။

၂။ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်

က။ ဘုရားသခင်ကို ရည်ညွှန်းရာ၌ သခင်ယေရှုနှစ်သက်သော စကားလုံးမှာ ခမည်းတော် ဖြစ်သည်။
ခ။ ဤအချက်ကို ယောဟန်ခရစ်ဝင်ကျမ်း၌ အထူးသဖြင့် ထင်ရှားစွာ တွေ့မြင်ရသည်။
ဂ။ ပေါလုသည်လည်း ဘုရားသခင်နှင့် ခမည်းတော် ဆက်စပ်၍ သုံးသည်။
ဃ။ ပေါလုသည် သခင်ယေရှုကို သေချာစွာ အတုယူသည်။
င။ သို့သော်၊ သူသည် သခင်ယေရှု၏ ပုံသက်သေကို ရိုသေစွာ အတုယူသည်။

၃။ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို အာရုံစိုက်သိမှတ်ခြင်း

က။ ပေါလုသည် ခန္ဓာနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာနှင့် ဝိညာဉ်နှင့်ဆိုင်သော ကောင်းချီးမင်္ဂလာတို့ကို ခွဲခြားသည်။

(၁) ခန္ဓာလောကနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာ

– ဘုရားသခင်သည် များစွာသော ခန္ဓာလောကနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသည်။
– သို့သော်၊ ခန္ဓာလောကနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများသာ ပေးသည် မဟုတ်။

(၂) ဝိညာဉ်နှင့်ဆိုင်သော ကောင်းချီးမင်္ဂလာ

– ဘုရားသခင်သည် အကျွန်ုပ်တို့အား ဝိညာဉ်နှင့် ဆိုင်သော ကောင်းချီမင်္ဂလာအပေါင်းတို့ကို အခမဲ့ပေးသနား တော်သည် ဟု ပေါလု ကြွေးကြော်သည်။

ခ။ ပေါလုသည် မည်သည့်အရာ ဆိုလိုသည်ကို အကျွန်ုပ်တို့ နားလည်ရမည်။
ဂ။ ပေါလုပြောသော ဓမ္မမင်္ဂလာများသည် အဘယ်မှာရှိကြသနည်း။
ဃ။ ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌

(၁) ဤကောင်းချီးမင်္ဂလာများသည် ဘုရားသခင်၏လက်တော်၌ ရှိကြသည်။
(၂) သူသည် ဤကောင်းချီးမင်္ဂလာများကို အကျွန်ုပ်တို့အား ပေးသနားတော်မူလိုသည်နှင့်အမျှ၊ ပေးသနားရန်လည်း အသင့်ရှိနေသည်။
(၃) သို့သော်၊ ထိုကောင်းချီးမင်္ဂလာများသည် လေနှင့်ရေ (မိုးရေ) ကဲ့သို့ ဝေပေးသည် မဟုတ်။

င။ ထိုကောင်းချီးမင်္ဂလာများကို အကျွန်ုပ်တို့သည် အဘယ်သို့ ရရှိနိုင်ကြမည်နည်း။

(၁) ဤအချက်သည် ဧဖက်သြဝါဒစာ ဖတ်ရှုကြရင်း လေ့လာတွေ့ရှိမည့် အရာဖြစ်သည်။
(၂) ဤအဖြေကို စိတ်နှလုံးနှိမ့်ချစွာ၊ ဆုတောင်းလျက် လေ့လာရှာဖွေခြင်းသည် ဉာဏ်ပညာ၏လမ်းစဉ် ဖြစ်ပေသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ခန္ဓာနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများထက် ဝိညာဉ်နှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများကို ရှာဖွေကြရမည်။

က။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ခန္ဓာနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကိုသာ ခေါင်းခဲသည့်အထိ အားရုံစိုက်တတ်ကြသည်။
ခ။ အကျွန်ုပ်တို့သည် ဝိညာဉ်နှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ကြိုးစား၍ ရှာဖွေသင့်သည့်အတိုင်း ရှာဖွေခြင်း မပြုကြ။

၂။ ကောင်းသော စိတ်နှလုံးကို ပြုစုပျိုးထောင်ကြရမည်။

က။ ကျေးဇူးသိတတ်သော စိတ်နှလုံး။
ခ။ ဘုရားသခင်ကို အမှန်ကျေးဇူးတင်၍၊ သူ၏နာမတော်ကို ကောင်းချီးပေးတတ်သော စိတ်နှလုံး။
ဂ။ ဉာဏ်ပညာနှင့်ပြည့်စုံ၍ ခွဲခြားသိမြင်တတ်သော စိတ်နှလုံး၊

၃။ ဝိညာဉ်နှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများသည် အမှန်မွန်မြတ်ကြသည်။

က။ သို့သော်၊ ယုံကြည်ခြင်းအားနည်းသောသူတို့သည် ထိုကောင်းချီးမင်္ဂလာတို့ကို တန်ဖိုးထားမြတ်နိူးခြင်း မရှိကြ။
ခ။ အကျွန်ုပ်တို့သည် ခန္ဓာလောကနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများထက် ဝိညာဉ်နှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ပို၍ တန်ဖိုးထား မြတ်နိူးတတ်သော စိတ်နှလုံးကို ကြိုးစားပျိုးထောင်ကြရမည်။
ဂ။ ဘုရားသခင်က ပေးသနားတော်မူပြီးသော အရာတို့ကို အလွန်တန်ဖိုးထားကြစို့။

အကျွန်ုပ်တို့သည် နည်းသော၊ ငယ်သောအမှုတို့၌ သစ္စာရှိမှသာ ကြီးမားသော၊ များစွာသော ကောင်းချီးမင်္ဂလာများကို ဘုရားသခင်ပေးသနားတော်မူမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်