Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၁၈ ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌာနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူအပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့် ရှောက်ကြလော့။

၁၉ ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊

၂၀ သံတမန်အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာကို ဘော်ပြခြင်းငှါ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်း အခွင့်ရှိမည်အကြောင်းကို၎င်း၊ ထိုတရားကိုဟောပြောအပ်သည်နှင့်အညီ၊ ရဲရင့်စွာဟော ပြောမည်အကြောင်းအကို၎င်း၊ ငါ့အဘို့လည်း ဆုတောင်းကြလော့။

(ဧဖက် ၆း၁၈-၂၀)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဆုတောင်းခြင်းအမှုကို ကြီးမားစွာ ပြုကြရမည်။

က။ ဆုတောင်း ပဌာနာပြုခြင်းအမျိုးမျိုး၊
ခ။ ကိုယ်စားဆုတောင်းခြင်း (သူတပါးအတွက် ဆုတောင်းခြင်း)၊
ဂ။ ဝိညာသ်တော်ဦးဆောင်သော ဆုတောင်းခြင်း၊

၂။ သတိရဆုတောင်းပေးရန် တောင်းဆိုခြင်း

က။ ပေါလုသည် အားကြီးသော တမန်တော်တစ်ပါး ဖြစ်သည်။
ခ။ သူကိုယ်တိုင်သည် ဆုတောင်းခြင်း၌ အားကြီးသောသူ ဖြစ်သည်။
ဂ။ သို့သော်၊ သူ့အတွက် သတိရဆုတောင်းပေးကြရန် တောင်းဆိုခဲ့သည်။

၃။ ပေါလု မည်သည့်အရာကို ရှာခဲ့သနည်း။

က။ “နက်နဲသောအရာကို ဘော်ပြခြင်း”

(၁) ကောင်းမွန်စွာ ဟောပြောနိုင်ခြင်း၊
(၂) စကားပြောရာ၌ ကျွမ်းကျင်မှု၊
(၃) ကောင်းမွန်စွာ ပြောဆိုတတ်ခြင်းသည် အလိုအလျောက် ရရှိသည်မဟုတ်။
(၄) များစွာသောသူတု့ိသည် ကောင်းမွန်စွာ ဟောပြောတတ်ခြင်း မရှိကြ။

ခ။ ရဲရင့်ခြင်း

(၁) ပေါလုသည် အလွန်ကြောက်မက်ဖွယ်သော အဖြစ်အပျက်များကို တွေ့ကြုံခဲ့ သည်။
(၂) လူသည် ခက်ခဲသောကာလ၌ သတ္တိနှင့်စိတ်ချမှုတို့ကို အလွန်တကူ ဆုံးရှုံးသွား နိုင်သည်။
(၃) ရဲရင့်ခြင်းကို သိသာစွာ အလေးထားစေလိုသောကြောင့် နှစ်ကြီမ်နှစ်ခါတိုင်တိုင် ဖော်ပြထားသည်။

ဂ။ ဧဝံဂေလိတရားတော်၏ နဲနက်သောအရာ

(၁) ဧဝံဂေလိတရားတော်သည် များစွာသောသူတို့အတွက် နဲနက်သောအရာ ဖြစ်သည်။
(၂) အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်မှာ ဘုရားသခင်နိုင်ငံတော်၏ နဲနက်သောအရာတို့ကို ရှင်းပြနိုင်သော အတတ်ပညာရှိရမည်။

ဃ။ “ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံရသော သံတမန်”

(၁) “သံကြိုး” သည် ထောင်ကျနေသည်ကို ဖော်ပြသည်။
(၂) ပေါလုသည် ခရစ်တော်၏ သံတမန်ဖြစ်သည်ကို စိတ်စွဲလမ်းလျက် ရှိနေသည်။
(၃) သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သံတမန်တစ်ဦးအနေဖြင့် ကိုယ်စား ပြုနေသည်။
(၄) ပေါလုသည် သံတမန်နေဖြင့်၊ သခင်ဘုရားကို ဂုဏ်သိက္ခာအပြည့်နှင့် ကိုယ်စားပြု လိုသည်။

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖောင်ဆောင်ခြင်း
၁။ အချင်းချင်း ဆုတောင်းပေးရန် စိန်ခေါ်ချက်

က။ အဓိပ္ပါယ်ရှိရှိ ဆုတောင်းပေးခြင်း၊
ခ။ သစ္စာရှိရှိ ဆုတောင်းပေးခြင်း၊

၂။ ပေါလု၏ အာရုံစိုက်ဦးတည်ချက်သည် မှန်ကန်သည်။

က။ သခင်ဘုရား၏သံတမန်ကောင်းများ ဖြစ်လာကြမည်အကြောင်း ဆုတောင်းကြစို့။
ခ။ အောက်ပါတို့အတွက်လည်း ဆုတောင်းကြစို့။

(၁) ရဲရင့်စွာ ဟောပြောနိုင်ခြင်း၊
(၂) စိတ်ချလက်ချ ကျွမ်းကျွမ်းကျင်ကျင် ဟောပြောနိုင်ခြင်း၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်