Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၀) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၀) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၁၈ ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌာနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူအပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့် ရှောက်ကြလော့။

(ဧဖက် ၆း၁၈)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌာနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။”

က။ ဆုတောင်းခြင်းသည် ပေါလုအသက်တာ၏အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ခ။ သူသည် ဆုတောင်းအားကြီးသောသူ ဖြစ်သည်။
ဂ။ သူရေးသားပေးပို့သောပေးစာများ၌ ဆုတောင်းချက်များကို ဖော်ပြလျှက်ရှိသည်။

၂။ ကာလအစဉ် ဆုတောင်းခြင်း

က။ ဆုတောင်းခြင်းအမှုကို အမြဲပြုအပ်သောအရာ ဖြစ်သည်။
ခ။ ဒါဝဒ်မင်းကြီးရေးသားသော ကျမ်းချက်များ၌ ထင်ရှားစွာ ဖော်ပြထားသည်။

၁၆ ငါမူကား၊ ဘုရားသခင်ကို ပဌနာပြု၍၊ ထာဝရ ဘုရားသည် ကယ်တင်တော်မူမည်။
၁၇ ညဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွားမြည်တမ်း၍၊ ငါ၏အသံကို ကြားတော် မူမည်။
(ဆာလံ ၅၅း၁၆-၁၇)

(၁) ဆုတောင်းခြင်းသည် ဘုရားသခင်အား ပဌနာပြုခြင်း (ခေါ်ခြင်း) ဖြစ်သည်။
(၂) အရေးတကြီး လေးနက်စွာ ပြုအပ်သော အမှုဖြစ်သည်။
(၃) ဒါဝဒ်မင်းကြီးသည်လည်း “ညဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌” ဆုတောင်းလျှက် ရှိသည်။

၄။ “ဆုတောင်း ပဌာနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။”

က။ ဆုတောင်းပဌနာပြုခြင်း အမျိုးမျိုး

(၁)ချီးမွမ်းခြင်း၊
(၂) အသနားခံခြင်း၊
(၃) ကိုယ်စားပြု ဆုတောင်းခြင်း၊
(၄) ကရုဏာတောင်းလျှောက်ခြင်း၊
(၅) နှိမ့်ချစွာ၊
(၆) ပြင်းထန်စွာ၊

၄။ “စိတ်နှလုံးပါလျှက်”
အဘယ်သို့သော စိတ်နှလုံးနှင့် ဆုတောင်းရမည်နည်း။

က။ ဘုရားသခင်၏ဝိညာဉ်တော်မှ နိူးဆော်သော စိတ်နှလုံး၊
ခ။ ဘုရားသခင်၏ဝိာညာဉ်တော်မှ အသက်သွန်းသော စိတ်နှလုံး၊

၅။ “စောင့် ရှောက်ကြလော့။”

က။ ဆုတောင်းနေသောသူသည် အားမလျော့ဘဲ သတိနှင့်ရှိနေရမည်။
ခ။ သခင်ခရစ်တော်ကလည်း သတိနှင့်စောင့်လျှက် ဆုတောင်းနေရမည်အကြောင်း သွန်သင်ခဲ့သည် (မဿဲ ၂၆း၄၁) ။

၆။ “ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူအပေါင်းတို့အဘို့”

က။ ဆုတောင်း၌ ဇွဲလုံးလ မရှိလို့မဖြစ်ပေ။

(၁) အားမလျော့ဘဲ တောင့်ခိုင်ခြင်း၊
(၂) အခက်ခဲများကို သီးခံခြင်း၊

ခ။ သန့်ရှင်းသူအပေါင်းတို့အတွက် ဆုတောင်းခြင်း၊

(၁) ဆုတောင်းခြင်းသည် အကျွနု်ပ်တို့အတွက်သာ မဖြစ်ရ။
(၂) ဆုတောင်းပေးရမည့်သူများစွာ ရှိနေသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖောင်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့၏ ဆုတောင်းခြင်းအသက်တာကို ပိုမို နက်ရှိုင်းစေကြစို့။
၂။ ပို၍ ဆုတောင်းအားကြီးသောသူများ ဖြစ်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်