Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၃) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၃) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

 

၁၇ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့။

(ဧဖက် ၆း၁၇)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ကယ်တင်ခြင်းတည်းဟူသော သံခမောက်

က။ အကျွန်ုပ်တို့၏ ကယ်တင်ခြင်း

(၁) အလွန်ကြီးမားသော ဆုကျေးဇူး ဖြစ်သည်။
(၂) သံခမောက် ဟုသမုတ်ထားသည်။

ခ။ သံခမောက်ကို အဘယ်မှာ သုံးခဲ့ကြသနည်း။

(၁) အမှတ်အသားသဖွယ် အသုံးပြုခဲ့ကြသည်။
(၂) တပ်ဖွဲ့အမျိုးမျိုးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် သံခမောက်အမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။

ဂ။ အကျွန်ုပ်တို့၏ ကယ်တင်ခြင်းသံခမောက်

(၁) ဘုရားသခင်၏ တပ်ဖွဲ့ဝင်ဖြစ်ကြသည်ကို ဖော်ပြသည်။
(၂) ကောင်းကင်နိုင်ငံတော်နှင့် သက်ဆိုင်သောသူများ ဖြစ်ကြသည်ကို ဖော်ပြသည်။
(၃) အကျွန်ုပ်တို့အား ပေးသနားတော်မူသော သခင်ဘုရား၏ကျေးဇူးတော်နှင့် ကရုဏာတော်ကို ထင်ဟပ်စေသည်။

၂။ အကျွန်ုပ်တို့၏ကယ်တင်ခြင်းနှင့်ဆိုင်သော ခံယူချက်

က။ သေချာလေ့လာရမည့် အချက်ဖြစ်သည်။
ခ။ အကုန်အစင် နားလည်ရမည့် အချက်ဖြစ်သည်။
ဂ။ ဝမ်းမြောက်စရာအကြောင်းတရား ဖြစ်သည်။
ဃ။ ဘုရားသခင်ပေးသနားတော်မူသော ကယ်တင်ခြင်းအမှု၌ ဂုဏ်ယူကြစို့။

၃။ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထား

က။ ဘုရားသခင်၏နှုတ်ကပတ်တော်၌ များစွာသော အင်္ဂါလက္ခဏာများ ရှိသည်။
ခ။ ဒါဝဒ်မင်းကြီးရေးသားပြုစုသော ဆာလံကျမ်းကို ဖတ်ကြည့်ပါ။

၇ ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။
၈ ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့် မတ်သည် ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကို ရှင်းလင်းစေတတ်၏။
၉ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည် ဖြစ်၍၊ ကာလအစဉ်အမြဲတည်၏။ ထာဝရ ဘုရား၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။
၁၀ ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက် ချိုကြ၏။
၁၁ တရားတော်အားဖြင့် ကိုယ်တော်၏ ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။
(ဆာလံ ၁၉း၇-၁၁)

၄။ ဘုရားသခင်၏နူတ်ကပတ်တော်၌ အသက်တာကို ပြောင်းလဲစေနိုင်သော တန်ခိုးရှိသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ နူတ်ကပတ်တော်နှင့်စပ်လျဉ်း၍၊ များစွာသော သင်းအုပ်ဆရာတို့သည် အားနည်းခြင်း ရှိကြသည်။
၂။ အများအားဖြင့် တွေ့ရသောပြဿနာများမှာ-

က။ လုံလောက်စွာ ဖတ်ရှုလေ့လာခြင်း မရှိကြ။
ခ။ နက်ရှိင်းစွာ ဖတ်ရှုဆင်ခြင်းခြင်း မရှိကြ။
ဂ။ အလွတ်ကျက်မှတ်ခြင်း မရှိကြ။
ဃ။ လက်တွေ့ဖောင်ဆောင်ခြင်း မရှိကြ။
င။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဝိညာဉ်တော်၏ဓါး အဖြစ် အဘယ်သို့ သုံးရမည်ကိုလည်း နားမလည်ကြ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်