Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၀ ) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၀ ) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၁၅ ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှါပြင်ဆင်သော အဖြစ်တည်း ဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။

(ဧဖက် ၆း၁၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “ခြေစွပ်ကိုစွပ်လျက်”

က။ ပြင်ဆင်မှုကို ဦးစွာလုပ်ထားရမည်။
ခ။ များစွာသောသူတု့ိသည် ဧဝံဂေလိတရားကို ဝေငှသက်သေခံခြင်းငှါ မဆက်ကပ်ကြပါ။

၂။ ဧဝံဂေလိတရား ဝေငှခြင်းအမှုကို “ဧဝံဂေလိဆရာ” က ဆောင်ရွက်အပ်သည်ဟု ခံယူခြင်းသည် အလွန်အမင်း မှားနေသည်။

က။ ဧဖက် ၆ သည် သခင်ဘုရား၏ စစ်သည်တော် အကြောင်းဖြစ်သည်။
ခ။ ကျမ်းချက်သည်လည်း ဧဝံဂေလိတရား ဝေငှခြင်းသည် ဆုကျေးဇူးရသော
(ဧဝံဂေလိဆရာများ) အတွက်သာ ဖြစ်သည်ဟု မဆို။

၃။ ပြင်ဆင်ခြင်းသည် အလွန်အရေးပါသော အချက်ဖြစ်သည်။

က။ သခင်ခရစ်တော်၏ပုံသက်သေကို ကြည့်ပါ။
ခ။ ဧဝံဂေလိတရား ဝေငှခြင်းသည် သူ၏စိတ်နှလုံးထဲ၌ အစကတည်းက ရှိနေသည်။
ဂ။ အောက်ပါကျမ်းချက်ကို ဆင်ခြင်နှလုံးသွင်းပါ။

၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။
၁၉ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ ငါ့ကို ဘိသိတ် ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။
(လုကာ ၄း၁၈-၁၉)

၄။ လုကာကျမ်းချက်ကို နားလည်ခြင်း

က။ ဘုရားသခင်ဝိညာဉ်တော်၏ ဘိသိပ်ပေးခြင်း

(၁) အလွန်အရေးကြီးသော အချက်ဖြစ်သည်။
(၂) အကျွန်ုပ်တို့သည်လည်း ဝိညဉ်တော်နှင့် ပြည့်ဝကြရမည်။

ခ။ ဧဝံဂေလိတရား အလွန်ကျယ်ပြန့်စွာ ဟောကြားသည်ကို ကြည့်ပါ။

(၁) ဆင်းရဲသောသူတို့
“ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ”
(၂) ကြေမွသောသူတို့
“ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှါ၎င်း”
(၃) ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့
“ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်း”
(၄) မျက်စိကန်းသောသူတို့
“မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်း”
(၅) ညှဉ်းဆဲ ခံရသောသူတို့
“ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း”

ဂ။ နည်းလမ်းမှာ-

က။ တရားဟောခြင်း၊
ခ။ ဝေငှခြင်း၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဧဝံဂေလိတရားဟောခြင်းကို ဘယ်တော့မှ လစ်လျူမရှုသင့်ပေ။
၂။ ဤအမှု (ဧဝံဂေလိတရားဟောခြင်းအမှု) ကို သစ္စာရှိရှိ၊ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်