Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၃) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၃) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၁၄ သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊
(ဧဖက် ၆း၁၄)

 

လေ့လာတွေ့ရှချက်နှင့် အနက်ဖွင့်ခြင်း

၁။ “ခံရပ်ကြလော့” ( ၆း၁၅)

က။ ရန်သူကို ခုခိုင်ခြင်း၊
ခ။ သခင်ဘုရားအတွက် တိုက်ခိုက်ခြင်း၊
ဂ။ ထိုင်ရင်းနှင့် မည်သည့်စစ်ပွဲမျှ အောင်သည် မရှိပေ။

၂။ ပထမ တန်ဆာသည် သစ္စာတည်းဟူသော ခါးပန်းကိုစည်း ဖြစ်သည်။
“သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်”

က။ ခံရပ်ခြင်းမပြုမှီ ခါးပန်းကို စည်းရမည်။
ခ။ သစ္စာတည်းဟူသော ခါးပန်းကို စည်းရမည်။

၃။ သစ္စာတည်းဟူသော ခါးပန်းသည် အဘယ်နည်း။
သက်သာလောနိက၌ အဘယ်သို့ အမှုတော်ဆောင်ခဲ့သည်ကို ပေါလု ဝေငှ၍ ရေးသားသည်။
အောက်ပါကျမ်းချက်ကို သေချာ ဖတ်ရှုလေ့လာပါ။

၃ ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်း၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင် ကြသည်မဟုတ်။
၄ ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင်လက်ခံတော်မူသည်နှင့်အညီ၊ လူကို နှစ်သက်စေသကဲ့သို့မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေသကဲ့သို့ ဟောပြောကြ၏။
၅ အဘယ်သို့နည်းဟူမူကား၊ သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ချော့မော့သောစကားကို တခါမျှမသုံး၊ ဝှက်ထားသော လောဘစိတ်အလျှင်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ၏။
၆ ထိုမှတပါး၊ ခရစ်တော်၏တမန်တော်ဖြစ်၍၊ လေးသောဝန်ကို တင်ပိုင်သော်လည်း၊ လူပေးသော ဘုန်းအသရေကို သင်တို့တွင်မရှာ၊ အခြားသူတို့တွင်လည်း မရှာဘဲ၊
(၁ သက် ၂း၃-၆)

က။ မှားယွင်းခြင်းမရှိ၊
ခ။ လှည့်ဖြားခြင်းမရှိ၊
ဂ။ ချော့မော့သောစကားကို မသုံး၊
ဃ။ ဝှက်ထားသော လောဘစိတ်အလျှင်းမရှိ၊

၄။ ဒုတိယ တန်ဆာသည် ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ် ဖြစ်သည်။

က။ ဘုရားသခင်က ပေးသနားသော ဖြောင့်မတ်ခြင်းဖြင့် အစပြုရမည်။

(၁) ယုံကြည်ခြင်းကြောင့် သခင်ဘုရားက ပေးသနားတော်မူသည်။
(၂) အကျွန်ုပ်တို့အား ပေးသနားတော်မူသော ကယ်တင်ခြင်း ဖြစ်သည်။

ခ။ မိမိတို့ကိုယ်တိုင်က လက်တွေ့အသက်တာ၌ ဖြောင့်မတ်ခြင်းကို ပြုစုပျိုး ထောင်ရမည်။

(၁) ဆေးကြောသန့်စင်ခြင်း ဖြစ်သည်။
(၂) အကျွန်ုပ်တို့အထဲ၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်၏ (လက်ရှိ) လုပ်ဆောင်ချက် ဖြစ်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ဤတန်ဆာနှစ်မျိုးနှင့် စပ်လျဉ်း၍ မိမိတို့ကိုယ်ကို စစ်ဆေးကြစို့။
၂။ သစ္စာတရား (အမှန်တရား)

က။ သစ္စာတရားကို အမှန်သိကြသလား။
ခ။ အမှန်တရားကိုသာ အစဉ်ပြောဆိုကြသလား။

၃။ ဖြောင့်မတ်ခြင်း

က။ ဇွဲလုံးဝအပြည့်နှင့် ပြုစုပျိုးထောင်ရမည်။
ခ။ ဤတန်ဆာကို အသေအချာ ဝတ်ဆင်ကြရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်