Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ခုနှစ်၊ ဖေဖါဝါရီလ (၁၃) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ခုနှစ်၊ ဖေဖါဝါရီလ (၁၃) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၁ သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။

၂ မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည် အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။

၃ မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍အသက်တာရှည် မည်အကြောင်း ဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။

၄ အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်း ကိုပြုလျက် ကျွေးမွေးကြလော့။

(ဧဖက် ၆း၁-၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ သားသမီးများကို ပြုစုပျိုထောင်ခြင်း

က။ သားသမီးများကို လိမ္မာစွာ ကြီးထွားအောင် ပြုစုခြင်းဖြစ်သည်။
ခ။ သမ္မာကျမ်းစာ၏သွန်သင်ချက်များကို သားသမီးများပြုစုရာ၌ အသုံးပြုရမည်ကို များစွာသောမိဘများသည် ကောင်းမွန်စွာ နားမလည်ကြ။

၂။ သမ္မာကျမ်းစာနှင့်ညီသော သားသမီးပြုစုခြင်း

က။ သခင်ဘုရား၌ မိဘများကို နာခံတတ်သော သားသမီးများအဖြစ် ပြုစုကြရမည်။

(၁) နာခံခြင်းသည် အမှန်သင်ယူပြီး လက်တွေ့ကျင့်သုံးရန် လွယ်ကူသော စကားလုံး မဟုတ်ပါ။
(၂) သို့သော် ဤစကားလုံးသည် မရှိမဖြစ်သော စကားလုံး ဖြစ်သည်။
(၃) ဘုရားသခင်သည် အမှန်သခင်ဖြစ်သည်ကို သိမှတ်လျှက် လက်တွေ့ကျင့် သုံးရမည့် စကားလုံး ဖြစ်သည်။

ခ။ တရားသောအမှု ဖြစ်သည်။

(၁) သမ္မကျမ်းစာနှင့် ညီသည်။
(၂) ဘုရားသခင်၏ရှေ့တော်၌ မှန်သောအမှု ဖြစ်သည်။

ဂ။ မိဘကို နာခံခြင်းနှင့် စပ်ဆက်သော ကတိတော်ရှိသည်။

(၁) ဘုရားသခင် ကောင်းချီးပေးမည်။
(၂) နာခံတတ်သော သားသမီးများကို ရှည်သောအသက်တာ ပေးမည်။

၃။ မိဘများအတွက် အရေးပါသော သတိပေးချက်

က။ မိမိတို့၏ကလေးများကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။
ခ။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုသာ ပြုရမည်။
ဂ။ ငြင်းပယ်လို့မရသောအချက်မှာ- သမ္မာကျမ်းစာ၏သွန်သင်ချက်များကို အသုံးပြု၍ သားသမီးများကို ပြုစုရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ မိဘများနှင့် သားသမီးများ

က။ များစွာသော မိဘများသည် သူတို့၏သားသမီးများကို အလိုလိုက်လွန်း၍ ဖျက်ဆီးကြသည်။
ခ။ သူတို့၏ကလေးများသည် ထာဝရဘုရားသခင်ကို မယုံကြည်ဘဲ ကြီးထွားလာကြသည်။

၂။ ဤပြဿနာသည် အသင်းတော်ကိုပင် ဆိုးဝါးစွာ ထိခိုက်လာလိမ့်မည်။

က။ ဘုရားသခင်ပေးသော ဆုကျေးဇူးများစွာထဲမှာ သားသမီးရတနာလည်း တစ်ခုအဖြစ် ပါဝင်သည်။
ခ။ သားသမီးများကို ကောင်းမွန်စွာ ပြုစုနိုင်မည်အကြောင်း မိဘများသည် အလွန်တရာမှ ကြိုးစားလိုစိတ် ရှိရမည်။ ထိုအချက်သည်ကား အလွန်အ ရေးကြီးသည်။

၃။ မအောင်မြင်သော မိသားစုများ

က။ မလိမ္မာသော သားသမီးများသည် မိဘများအတွက် ဝမ်းနည်းစရာအကြောင်း ဖြစ်လာကြသည်။
ခ။ ထို့ကြောင့်၊ ကလေားများကို အကောင်းဆုံးပြုစုနိုင်ဖို့ ရှိသမျှအားစိုက်ပြီး ကြီုးစားပြုစုကြရမည်။

၄။ သင်းအုပ်ဆရာများနှင့် သူတို့၏မိသားစုများ

က။ အကျွန်ုပ်တို့၏ကလေးများ ကောင်းမွန်စွာ ကြီးထွားခြင်းသည် အလွန် အရေးကြီးသည်။
ခ။ အကျွန်ုပ်တို့ မိသားစုဝင်များကို ပြုစုရာ၌ သမ္မာကျမ်းစာ၏သွန်သင်ချက်များကို အသုံးပြုသောအခါ ဘုရားသခင်ကို ကျေးဇူးပြု၍ သနားတော်မူပါစေ။
ဂ။ ခိုင်ခံ့သော ခရစ်ယာန်မိသားစုများ တည်ဆောက်နိုင်မည်အကြောင်း သာ၍ အားစိုက်ကာ ဆုတောင်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်