Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ခုနှစ်၊ ဖေဖဝါရီလ (၆) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ခုနှစ်၊ ဖေဖဝါရီလ (၆) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၂၈ ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။၂၉ ကိုယ်အသားကို မုန်းသောသူတယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။ ၃၀ အကယ်စင်စစ်ငါတို့သည် သခင်ဘုရား၏ သားတော်၊ အရိုးတော် တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။ ၃၁ ထိုအကြောင်းအကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက် တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ ၃၂ ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော် ကိုရည်မှတ်၍ဆိုသတည်း။ ၃၃ သို့ရာတွင်သင်တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။
(ဧဖက် ၅း၂၈-၃၂)

 

လေ့လာတွေရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ယောင်္ကျားနှင့် မိန်းမ ဆက်ဆံပေါင်းသင်းခြင်း

က။ ချစ်ခြင်းမေတ္တာ (နှစ်ဦးကြား၌)

(၁) အလိုအလျောက်ရှိရမည့်အချက် ဖြစ်သည်။
(၂) အကျိုးနှင့်အကြောင်းညီသောအချက် ဖြစ်သည်။

ခ။ အလိုအလျောက်၊ သဘာဝကျ၍ ကန့်ကွပ်မရသောအရာမှာ မိမိကိုယ်ကို ချစ်ခြင်းဖြစ်သည်။

(၁) မိမိတို့၏ကိုယ်ကို ကျွေးမွေးစောင့်ရှောက်ကြသည်။
(၂) ကျန်းမားသန်စွမ်းအောင် နေထိုင်ကြသည်။
(၃) နာမကျမ်းသောအခါ၊ ပကတိကျန်းမာခြင်းငှါ ကုသမှုခံယူကြသည်။

၂။ အသင်းတော်အတွက် သခင်ဘုရား၏မေတ္တာ

က။ ကိုယ်တောယ်သည် အသင်းတော်ကို သူ၏သူတို့သမီးသဖွယ် ချစ်သည်။
ခ။ ကိုယ်တော်သည် အသင်းတော်ကို ကျွေးမွေးစောင့်ရှောက်သည်။
ဂ။ ကိုယ်တော်သည် အသင်းတော်ကို အမြတ်တနိူးယုယသည်။

၃။ ကမ္ဘာဦးကျမ်း၌ အသင်းတော်ကို အောင်ပါ စကားလုံးတို့ဖြင့် ဖော်ညွှန်းသည်။

က။ အသားထဲကအသား
ခ။ အရိုးထဲကအရိုး

၄။ အကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်နှင့် “တစ်သားတစ်ကိုယ်တည်း” ဖြစ်ကြသည်။
၅။ အလွန်နက်နဲသောအရာသည် ဖွင့်ပြ၍ထင်ရှားခြင်းသို့ ရောက်လေပြီ။

က။ သခင်ယေရှုနှင့် အသင်းတော်
ခ။ လက်ထပ်ထိမ်းမြားခြင်းစပ်ဆက်သော

(၁) ချစ်ခြင်းမေတ္တာ
(၂) ဆက်ကပ်အပ်နှံခြင်း

၆။ အသက်တာ၌ ကျင့်သုံးခြင်း

က။ ယောင်္ကျားသည် မိမိ၏မိန်းမကို ချစ်ရမည်။
ခ။ မိန်းမကလည်း မိမိ၏ယောင်္ကျားကို ရိုသေလေးစားရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ မည်သည့်အရာသည် ပျောက်ဆုံးနေသနည်း။

က။ အသင်းတော်၌
ခ။ လင်နှင့်မယားကြား၌

၂။ ပျောက်ဆုံးနေသော အရာမှာ-

က။ ချစ်ခြင်းမေတ္တာ
ခ။ ဆက်ကပ်အပ်နှံခြင်း၊ ပေးဆပ်ခြင်း
ဂ။ ပြုစုစောင့်ရှောက်ခြင်း၊

၃။ အထက်ပါအတိုင်း ချစ်ခြင်းမေတ္တာကို အမှန်နားလည်ခြင်း
ဤအရာကို အသက်သွန်း၍ လက်တွေ့ဖော်ဆောင်ကြရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်