Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇန်နဝါရီလ (၃)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဇန်နဝါရီလ (၃)

 

ချစ်သောညီအစ်ကိုတို့၊

ကျွန်ုပ်တို့သည် တမန်တော်ပေါလုရေးသားသော ဧဖက်သြဝါဒစာကို စပြီးဖတ်ရှုလေ့လာကြတော့မည် ဖြစ်သည်။ ရှင်ပေါလု၏စာစောင်များမှ လေ့လာသင်ယူအပ်သော သင်ခန်းစာများစွာ အမြဲရှိတတ်ပေသည်။ ပြည့်ဝသော အကျိုးကျေးဇူးကို ရရှိဖို့အလို့ငှါ၊ ဆုတောင်းခြင်းနှင့်တကွ သတိဝိရိယရှိရှိ ဖတ်ကြရမည် ဖြစ်သည်။ ဧဖက်သြဝါဒစာကို အတူတကွ ဖတ်ရှုလေ့လာဖို့ အချိန်ပေးကြစို့။ ထာဝရဘုရားသခင်ကိုယ်တိုင် ကြွယ်ဝစွာ ကောင်းချီးပေးပါစေသော်။

 

ဆင်ခြင်နှလုံးသွင်းခြင်း
၁ ဘုရားသခင်၏အလိုတော်အားဖြင့်၊ ယေရှုခရစ်၏တမန်တော်ဖြစ်သော ငါပေါလုသည် ဧဖက်မြို့၌ နေသော သန့်ရှင်းသူတည်းဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို ကြားလိုက်ပါ၏။ ၂သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင်ထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌ ရှိပါစေသော
(ဧဖက် ၁း၁-၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ တမန်တော်ဖြစ်သော ရှင်ပေါလု

က။ ပေါလုသည် တမန်တော်တစ်ပါးအဖြစ် ခန့်အပ်ခြင်းအမှုကို သတိရစွဲလမ်းခြင်း ရှိသည်။
ခ။ သူရေးသော သြဝါဒစာများ၌ တမန်တော်တစ်ပါးအဖြစ် ဘုရားသခင်ခန့်အပ်သည်ကို ဖော်ပြလျက်ရှိသည်။

၂။ ဘုရားသခင်၏အလိုတော်

က။ ပေါလုသည် ဘုရားသခင်၏အလိုတော်ကို သူရေးသားပြုစုသောသြဝါဒစာများ၌ ကြိမ်ဖန်များစွာ ရေးသားဖော်ပြသည်။
ခ။ ခပ်သိမ်းသောအရာတို့ကို အစိုးရသော ဘုရားသခင်၏ အလိုတော်

(၁) ပေါလုသည် တမန်တော်ဖြစ်ဖို့ အရည်အချင်း မမှီ။
(၂) သူသည် တကျိတ်နှစ်ပါးသောတပည့်တော်တို့၏ အဖွဲ့ဝင်တစ်ဦးလည်း မဟုတ်။
(၃) သူသည် တမန်တော်ဖြစ်လာရန် သခင်ယေရှုကိုယ်တိုင်က မည်သည့်သင်တန်းမှ မပေး။
(၄) သူသည် အသင်းတော်ကိုညှဉ်းပန်းနှိပ်စက်သောသူအဖြစ် နာမည်ပျက်ခဲ့သည်။
(၅) ပေါလုသည် တမန်တော်ဖြစ်လာလျှင် ဘုရားသခင်အလိုတော် ရှိသောကြောင့်သာ ဖြစ်ရမည်။

၃။ သခင်ဘုရား၏မျှော်လင့်ချက်များအတိုင်း ရှင်သန်နိုင်ဖို့ အစဉ်သတိနှင့် ကြိုးစားရုန်းကန်သည်။

က။ ယုံကြည်သူတစ်ဦးအနေဖြင့်လည်းကောင်း၊
ခ။ သခင်ယေရှုခရစ်တော်၏ တမန်တော်အဖြစ်လည်းကောင်း၊
ဂ။ ပေါလုသည် တမန်တော်တစ်ပါးအနေဖြင့် အလွန်အောင်မြင်သောသူဖြစ်သည်။

(၁) ဧဝံဂေလိတရားဝေငှသက်သေခံခြင်း၊
(၂) သင်ကြားခြင်း၊ တရားဟောကြားခြင်း၊
(၃) ဧဝံဂေလိတရားကို ခုခံကာကွယ်ခြင်း၊
(၄) အသင်းတော်များ ထူထောင်ခြင်း၊
ပေါလုသည် အသက်တာနှင့် အမှုတော်မြတ်၌ ကြွယ်ဝစွာအသီးသီးသည်။

၄။ ယုံကြည်သူများကို တန်ဖိုးထားခြင်း

က။ ‘သန့်ရှင်းသူတို့ ဟုခေါ်သည်။
သူတို့သည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် သန့်ရှင်းစင်ကြယ်သောသူများ ဖြစ်ကြသည်။
ခ။ ဧဖက်မြို့၌ရှိသော သစ္စာရှိသော ယုံကြည်သူများကို အသိအမှတ်ပြုသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ခန့်အပ်ခြင်းအမှုကို သတိရစွဲလမ်းခြင်း

က။ သင်းအုပ်ဆရာများနှင့် စာချဆရာများ
ခ။ ကျွန်ုပ်တို့၏ခန့်အပ်ခြင်းသည်လည်း ဘုရားသခင်၏အလိုတော်အားဖြင့် ဖြစ်သည်။

၂။ ဘုရားသခင်၏အစေခံကျွန်များအဖြစ် ကျင်လည်ခြင်း

က။ သစ္စာရှိသောသူများဖြစ်သည့်အားလျော်စွာ မြင့်မြတ်စွာ ကျင်လည်ကြစို့။
ခ။ ဘုရားသခင်၏ ခေါ်တော်မူခြင်းကျေးဇူးတော်ကို လက်တွေ့ဖော်ဆောင်နိုင်ရန်
သခင်ဘုရားထံတော်၌ အသနားခံတောင်းလျောက်ကြစို့။

၃။ ဘုရားသခင်၏အမှုတော်မြတ်အတွက် ရာနှုန်းပြည့်ဆက်ကပ်ခြင်း

က။ ဘုရားသခင်က အကျွနု်ပ်တို့အား ယုံကြည်၍ အပ်နှံထားသော အမှုတော်မြတ်အတွက် ပို၍လေးနက်စွာ ဆက်ကပ်ခြင်းနှင့်အတူ နှစ်သစ်ကို ကြိုဆိုကြစို့။
ခ။ ဆောင်ရွက်သမျှသော အမှုတို့ကို ဘုရားသခင်ကောင်းချီးမင်္ဂလာကို ရှာကြစို့။
ဂ။ ၂၀၂၁ ခုနှစ်၌ အသီးအပွင့်ကြွယ်ဝသော အမှုတော်လုပ်ငန်းပိုင်ဆိုင်ဖို့ ဆုတောင်းကြစို့။ တမန်တော်ပေါလု၏ အသက်တာပုံသက်သေကို သေချာစွာ အတုယူကြစို့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်