Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂၊ ဇန်နဝါရီလ (၃၀) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂၊ ဇန်နဝါရီလ (၃၀) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၂၅ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။

၂၆ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊

၂၇ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့အလို့ငှါ ကိုယ်ကို ကိုယ်စွန့်တော်မူ၏။

(ဧဖက် ၅း၂၅-၂၇)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ သခင်ယေရှုခရစ်တော်၏ ပုံသက်သေ

က။ စိတ်နှလုံးထဲ၌ အမြဲအောက်မေ့ကြရမည်။
ခ။ ဤကျမ်းချက်၌ တွေ့ရှိသည်မှာ အသင်းတော်ကို ချစ်သော သခင့်မေတ္တာပင် ဖြစ်သည်။
ဂ။ သခင်ခရစ်တော်၏ မေတ္တာသည် အောက်ပါအတိုင်း ထင်ရှားပြသလျှက် ရှိသည်။

(၁) အသင်းတော်အဖို့အလို့ငှါ မိမိအသကို စွန့်တော်မူခဲ့သည်။
(၂) အသင်းတော်အဖို့အလို့ငှါ များစွာဒုက္ခဝေဒနာ ခံစားခဲ့ရသည်။

၂။ အသင်းတော်အဖို့အလို့ငှါ ကိုယ်တော်ပြုသော အခြားသောအရာများ

က။ အသင်းတော်ကို သန့်ရှင်းမြင့်မြတ်စေခြင်း၊

(၁) သခင်ဘုရားသည် အသင်းတော်ကို သန့်ရှင်းမြင့်မြတ်စေသည်။
(၂)ထိုသို့သော အလုပ်တာဝန်သည် လွယ်ကူသောအရာ မဟုတ်ပါ။

ခ။ အသင်းတော်ကို သုတ်သင်စင်ကြယ်စေခြင်း၊

(၁) သခင်ဘုရားသည် အသင်းတော်ကို သုတ်သင်စင်ကြယ်စေသည်။
(၂) သခင်သည် ဤသုတ်သင်ရှင်းလင်းခြင်းအမှုကို ယခုလက်ရှိကာလမှာ ပင်လျှင် လုပ်ဆောင်လျက် ရှိနေသည်။

ဂ။ အသင်းတော်ကို ဆေးကြောသန့်စင်ခြင်း၊

(၁) နှုတ်ကပတ်တော်အားဖြင့် ဆေးကြောသန့်စင်သည်။
(၂) နှုတ်ကပတ်တော်ကို အသင်းတော်၌ လက်တွေ့ကျင့်သုံးနေရမည်။

၃။ အသင်းတော်အတွက် သခင်ကိုယ်တော်တိုင် သတ်မှတ်သော ရည်မှန်းချက်ပန်းတိုင်များ

က။ အသရေတင့်တယ်လျက် ရှိသော အသင်းတော်
ခ။ အညစ်အကြေးတင်ခြင်းနှင့် ကင်းလွတ်သော အသင်းတော်
ဂ။ အရေတွန့်ခြင်းနှင့်ကင်းလွတ်သော အသင်းတော်
ဃ။ သန့်ရှင်းသော အသင်းတော်
င။ အပြစ်ကင်းလျှက် ရှိသော အသင်းတော်

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ သခင်ယေရှု၏ မြင့်မြတ်သော ပုံသက်သေ

က။ သခင်၏ပုံသက်သေကို နည်းခံကြစို့။
ခ။ သခင်၏ပုံသက်သေကို အတုယူကြရန် စိတ်အားထက်သန်ကြစို့။

၂။ အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်များ

က။ အကျွန်ုပ်တို့ အသင်းတော်များအတွက် ကြီးမားသော ရည်မှန်းချက်ပန်းတိုင် သတ်မှတ်ကြစို့။
ခ။ ဘုန်းအသရေရှိသော အသင်းတော်များ ပျိုးထောင်နိုင်မည်အကြောင်း အလွန်တရာမှ ကြိုးစားအားထုတ်ကြစို့။

၃။ ဆောင်ရွက်ရမည့် အရာ

က။ ကြီးမားစွာ အားစိုက်ထုတ်ခြင်း၊
ခ။ ဆုတောင်းခြင်းနှင့် ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊
ဂ။ နှုတ်ကပတ်တော်ကို သွန်သင်ခြင်းဖြင့် အကျွန်ုပ်တို့အသင်းတော်ကို သုတ်သင်ဆေးကြောကြစို့။
ဃ။ အကျွန်ုပ်တို့၏အသင်းတော်များကို ပို၍ ဂရုစိုက်နိုင်မည်အကြောင်း ဘုရားသခင်က အသစ်တစ်ဖန် နိူးကြားခြင်း ပေးတော်မူပါစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်