Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂၊ ဇန်နဝါရီလ (၂၃) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂၊ ဇန်နဝါရီလ (၂၃) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၂၂ အချင်းမိန်မတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။

၂၃ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျား သည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။

၂၄ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံရကြမည်။

(ဧဖက် ၅း၂၂-၂၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မိန်းမတို့အား သွန်သင်ခြင်း

က။ အုပ်စိုးခြင်းကို ဝန်ခံတတ်ကြရမည်။
ခ။ သို့သော်၊ အုပ်စိုးခြင်း ဝန်ခံခြင်းဟူသော စကားလုံး၏အဓိပ္ပာယ်ကို ဦးစွာပထမ သေချာနားလည်ကြရမည်။

၂။ အုပ်စိုးခြင်း ဝန်ခံခြင်း မဟုတ်သော အချက်များမှာ-

က။ များစွာသောသူတို့သည် (မိန်းမက မိမိယောင်္ကျားကို) ခြွင်းချက်မရှိဘဲ နာခံရမည်ဟု ဤကျမ်းချက်ကို မှားယွင်းစွာ ကိုးကားကြသည်။
ခ။ ထိုသို့ မိမိယောင်္ကျားအား နာခံခြင်းသည် မိုက်မဲ၍ မျက်ကန်းသော နာခံခြင်း
ဖြစ်သည်။
ဂ။ ဘုရားသခင်ပေးသနားတော်မူသော အရာတို့ကို လျစ်လှူရှုထားခြင်း ဖြစ်သည်။
ဥပမာအားဖြင့်၊
(၁) အသိပညာ၊
(၂) နားလည်သဘောပေါက်ခြင်း၊
(၃) ဉာဏ်ပညာ၊

၃။ အုပ်စိုးခြင်း ဝန်ခံခြင်း ဆိုသည်မှာ-

က။ ဝန်ခံခြင်းအမှုသည် “သခင်ဘုရား၌” ဖြစ်ရသည်။
ခ။ ထို ဝန်ခံခြင်းသည် သမ္မာကျမ်းစာ၏သွန်သင်ချက်များနှင့် ဆန့်ကျင်ဖက် မဖြစ်ရ။

၄။ ခေါင်းဖြစ်ခြင်း

က။ ယောင်္ကျားကို ဦးဆောင်မှုပေးသောသူသည် သခင်ဘုရားဖြစ်သည်။
ခ။ ဤအချက်ကို ကောင်းမွန်စွာ နားလည်ထားရမည်။

၅။ သခင်ယေရှု၏ပုံသက်သေ

က။ သူ၏ကဏ္ဍ

(၁) အသင်းတော်၏ခေါင်း (ဦးခေါင်း)
(၂) ကိုယ်ခန္ဓာ (အသင်းတော်) ၏ ကယ်တင်ရှင်

ခ။ သူ၏ကဏ္ဍကို ခြွင်းချက်မရှိ အပြည့်အ၀ ဆောင်ရွက်သည်။

၆။ အသင်းတော်နှင့် အုပ်စိုးခြင်း ဝန်ခံခြင်း

က။ အသင်းတော်သည် သခင်ဘုရား၏အုပ်စိုးခြင်းကို ဝန်ခံရမည်။
ခ။ ဝမ်းနည်းစွာ၊ အသင်းတော်သည် သခင်ဘုရား၏ အုပ်စိုးခြင်းကို မဝန်ခံဘဲ၊

(၁) သင်းအုပ် ဆရာ၏ အုပ်စိုးခြင်းကို ဝန်ခံနေရသည်။
(၂) သင်းအုပ်ဆရာသည်လည်း အလှူဒါနအားကြီးသောသူဌေးများ၏ အုပ်စိုးခြင်းကို ဝန်ခံနေရသည်။
(၃) ဤသို့ဖြစ်နေခြင်းသည် အလွန်မှားယွင်း၍ မလိမ္မာမိုက်မဲခြင်း ဖြစ်သည်။

၇။ မိန်းမသည် ယောင်္ကျား၏အုပ်စိုးခြင်းကို ဝန်ခံရမည်။

က။ ဘုရားသခင် သွန်သင်သော အမှုတို့ကို မိမိယောင်္ကျားက လိုက်နာဆောင် ရွက်သောအခါ၊
ခ။ မိမိယောင်္ကျားသည် မိသားစုကို ကောင်းမွန်စွာ ဦးဆောင်မှုပြုသောအခါ၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အသင်းတော်နှင့် သခင်ဘုရားတို့၏ ပုံသက်သေ
အသင်းတော်နှင့် သခင်ဘုရားတို့၏ ပတ်သက်ဆက်နွယ်မှု၊ ပေါင်းသင်းဆက်ဆံမှု၊ ကို နားလည်၍ ကျင့်သုံးနေရမည်။
၂။ မိသားစုဝင်အချင်းချင်း ပတ်သက်ဆက်နွယ်မှုနှင့် ပေါင်းသင်းဆက်ဆံမှု
ဤအချက်ကိုလည်း ဝမ်းမြောက်စွာ ခံယူ၍ ကျင့်သုံးနေရမည်။

 

အကျွန်ုပ်တို့သည် သခင်ဘုရား၏ လမ်းစဉ်ကို လိုက်နာနိုင်ကြပါစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်