Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၂၆) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၂၆) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၁၄ ထိုကြောင့် အိပ်ပျော်သူနိုးလော့။ သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကို သင့်အား ပေးတော်မူမည်ဟု ဆိုသတည်း။
၁၅ ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့။
၁၆ ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။

(ဧဖက် ၅း၁၄-၁၆)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “ထိုကြောင့် အိပ်ပျော်သူနိုးလော့”

က။ အိပ်နေခြင်းသည် သေနေသည့်အလား ဖြစ်သည်။

(၁) အိပ်သောသူသည် သတိမရပါ။
(၂) အိပ်သောသူသည် ပြန်တုံ့ပြန်ခြင်း မပြုပါ။

ခ။ ဝိညာဉ်ရေး၌ အိပ်နေသောသူ

(၁) ဝိညာဉ်ရေး၌ သေသောသူနှင့် တူသည်။
(၂) ထိုသူသည် ဘုရားသခင်ကို ကောင်းမွန်စွာ တုံ့ပြန်နိုင်ခြင်းမပြု။

၂။ အကျွန်ုပ်တို့၏ အခန်းကဏ္ဍ

က။ အိပ်နေခြင်းမှ နိူးကြရမည်။
ခ။ သခင်ဘုရားထံသို့ ခြေဦးလှည့်ကြရမည်။
ဂ။ ထာဝရဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြရမည်။

၃။ ထာဝရဘုရားသခင်၏အခန်းကဏ္ဍ

က။ သူသည် အကျွန်ုပ်တို့ကို ဝိညာဉ်အိပ်ပျော်ခြင်းမှ ပြန်နိူးထစေမည်။
ခ။ သူသည် အလင်းပေးလိမ့်မည်။

၄။ ဘုရားသခင်၌ ပြန်၍ နိူးထပြီးနောက် အကျွန်ုပ်တို့သည် အောက်ပါအတိုင်း အသက်ရှင်ရမည်။

က။ အကျွန်ုပ်တို့သည် စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြရမည်။

(၁) သတိရှိရှိ အသက်ရှင်ကြရမည်။
(၂) ဖြစ်သလို လုံး၀ အသက်မရှင်သင့်ပါ။

ခ။ သိမှတ်ရမည့် ခြားနားချက်

(၁) အကျွန်ုပ်တို့သည် ပညာမဲ့ကဲ့သို့မဟုတ်၊
(၂) အကျွန်ုပ်တို့သည် ပညာရှိကဲ့သို့ အသက်ရှင်ကြရမည်။

၅။ အချိန်သည် အလွန်တရာမှ အဖိုးကြီးသည်။

က။ ကာလအချိန်ကို ရွေးနှုတ်ကြရမည်။
ခ။ အချိန်ကို အကျိုးမဲ့ မဖြူန်းရ။
ဂ။ နေ့ရက်ကာလတို့သည် အမှန် ဆိုးယုတ်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ၂၀၂၁ ဆုံးသွားတော့မည်အချိန်မှာ အကျွန်ုပ်တို့သည် အဘယ်သို့ အသက်ရှင်ကြသည်ကို ပြန်စစ်ဆေးကြစို့။

က။ ဝိညာဉ်ရေး၌ အသက်ရှင်နေကြသလား။
ခ။ သတိကြီးစွာ အသက်ရှင်နေကြသလား။
ဂ။ အချိန်ကာလကို အကျိုးရှိရှိ အသုံးပြုကြသလား။

၂။ ၂၀၂၂ ခုနှစ်မှာ ဘုရားသခင်၏အစေကို ပို၍ ခံနိုင်ကြမည်အကြောင်း ဆုတောင်းကြစို့။

က။ ၂၀၂၁ ခုနှစ်က အကျွန်ုပ်တို့၏ အပြစ်များကို နောင်တရကြစို့။
ခ။ ၂၀၂၂ ခုနှစ်ကို ခိုင်ခံ့သော ယုံကြည်ခြင်းနှင့် အစပြုကြစို့။

၃။ နှစ်သစ်မှာ ပို၍စုံလင်သော အသီးအပွင့်များအတွက် ဆုတောင်းကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်