Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၅) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၅) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၃ မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။

၄ မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ယယ်သော စကားများကိုလည်းပယ်၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့။
၅ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာ ပြုသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစုံတယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့ သိကြ၏။

၆ လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏။

၇ ထိုကြောင့်သူတို့နှင့်ဆက်ဆံ၍ မကျင့်ကြနှင့်။

(ဧဖက် ၅း၃-၇)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဖော်ပြထားသော ဒုစရိုက်အပြစ်များ

က။ မတရားသော မေထုန်၌မှီဝဲခြင်း၊
ခ။ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊
ဂ။ လောဘလွန်ကျူးခြင်း၊
ဃ။ မတော်မလျော်သော ညစ်ညူးပြက်ပြယ်ခြင်း၊
င။ ပြက်ယယ်သော စကားများဆိုခြင်း၊
စ။ ရုပ်တုကို ကိုးကွယ်၍ လောဘလွန်ကျူးခြင်း၊

၂။ ဤအပြစ်များကို ဖော်ပြရခြင်းမှာ-

က။ ဤအပြစ်တို့သည် လောကကြီးကို ယေဘုယျအားဖြင့် ပေါ်လွင်ထင်ရှားစေသည်။
ခ။ ဤပြဿနာတို့သည် အသင်းတော်ရှိသော ယုံကြည်သူများအပေါ် လွှမ်းမိုး မှုရှိသည်။
ဂ။ အချို့သော ယုံကြည်သူတို့သည် လမ်းလွှဲ၍ ဤလောကီလမ်းစဉ်များနောက်သို့ စလိုက်နေကြပြီး ဖြစ်နိုင်သည်။

၃။ သမ္မာကျမ်းစာ၏အမြင်

က။ ဤဒုစရိုက်အပြစ်တို့သည် ယုံကြည်သောသူတို့ကြားတွင် ကြားပြင်မကြားဖူးသော အရာ ဖြစ်ရမည်။
ခ။ ဤအရာတို့သည် သန့်ရှင်းသောသူတို့နှင့် မတော်မလျော်သောအရာများ ဖြစ်ကြသည်။
ဂ။ အကျွန်ုပ်တို့ (သန့်ရှင်းသူတို့)သည် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်သာ ပြည့်ဝနေရမည်။

၄။ အောက်မေ့အပ်သောအရာ

က။ အကျွန်ုပ်တို့သည် ဘုရားသခင်နိုင်ငံတော်ကို အမွေခံကြသည်။
ခ။ ကျွန်ုပ်တို့သည် အထက်က ဖော်ပြထားသောအပြစ်များကို ကျူးလွန်နေပါက၊ ထိုအမွေတော်နှင့် မဆက်ဆိုင်ကြ။
ဂ။ ထို့ကြောင့်၊ စစ်မှန်သော ယုံကြည်သူတိုင်းသည်

(၁) မတရားသော မေထုန်၌မှီဝဲသောသူ၊
(၂) မသန့်ရှင်းသောသူ၊
(၃) လောဘလွန်ကျူးသောသူ၊
(၄) ရုတိုကို ကိုးကွယ်သောသူ၊ စသည်တို့ မဖြစ်ရ။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ လှည့်ဖြားခြင်း

က။ အန္ဒရာယ် ဖြစ်သည်။
ခ။ အထက်က ဖော်ပြသောအပြစ်တို့ကို လက်ခံဖွယ်သောအမှုများအဖြစ် သွန်သင်ပေးသည်။
ဂ။ ထိုသို့သော သွန်သင်ခြင်းများသည် “အချည်းနှီးသောစကားများ” သာဖြစ်သည်။

၂။ ဘုရားသခင်၏အမျက်ဒေါသ

က။ ထိုအပြစ်များကို ကျူးလွန်သောသူတို့အပေါ်သို့ ကျရောက်လိမ့်မည်။
ခ။ ထိုသူတို့ကို “အမျက်တော်ကို ခံရသောသူများ” ဟုသိမှတ်ခေါ်တွင်ကြသည်။

၃။ ထိုသို့သောသူတို့နှင့် လုံး၀ မဆက်ဆံရ။

က။ အထူးတလယ် ပြောစရာမလိုသော အမှုဖြစ်သည်။
ခ။ ထိုအကျင့်တို့သည် ဒဏ်ခပ်အပြစ်ပေးရမည့် ဒုစရိုက်အပြစ်များ ဖြစ်သည်။

၄။ အချို့သောသူတို့၌ အထက်က ဖော်ပြသောဒုစရိုက်အပြစ်များရှိသည်ကို

အကျွန်ုပ်တို့ကိုယ်တိုင် သိမြင်ခဲ့ကြပြီး ဖြစ်သည်။ သူတို့သည် သူတပါးတို့ကိုလည်း လှည်းဖြားကြသည်။ ဘုရားသခင်မှ လာမည့် သူတို့၏အပြစ်စီရင်ခြင်းအမှုသည် အလွန်ကြောက်မက်ဖွယ် ဖြစ်သည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်