Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဝင်ဘာလ (၂၈) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဝင်ဘာလ (၂၈) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၁ ထိုသို့သင်တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင်ကျင့်တော်မူသည် နည်းတူကျင့်ကြလော့။

၂ ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေ ခြင်းငှါ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။

(ဧဖက် ၅း၁-၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင် ကျင့်တော်မူသည် နည်းတူကျင့်သောသူဖြစ်ကြလော့

က။ ဘုရားသခင်၌ များစွာသော အရည်အသွေးရှိသည်။
ခ။ ဝိညာဉ်တော်၏ပကတိအကျိုးများသည် အကျွန်ုပ်တို့ကိုယ်တိုင်ပြုစုပျိုးထောင်ရမည့်အရာများဖြစ်သည်။
ဂ။ ဝိညာဉ်ပကတိအကျိုးများသည် ဘုရားသခင်၏ အရည်အသွေးများကို ပါ်လွင်ထင်ရှားစေသည်။
ဃ။ ထိုသို့အားဖြင့် အကျွန်ုပ်တို့သည် ဘုရားသခင်ကျင့်သည်နည်းတူကျင့်ကြရမည်။

၂။ ဝိညာဉ်တော်၏ပကတိအကျိုး (၉)မျိုးကို ပြန်လည်နှလုံးသွင်းခြင်း

က။ ချစ်ခြင်းမေတ္တာ၊
ခ။ ဝမ်းမြောက်ခြင်း၊
ဂ။ ငြိမ်သက်ခြင်း၊
ဃ။ စိတ်ရှည်သည်းခံခြင်း၊
င။ ကျေးဇူးပြုခြင်း၊
စ။ ကောင်းမြတ်ခြင်း၊
ဆ။ သစ္စာစောင့်သိခြင်း၊
ဇ။ နူးညံ့သိမ်မွေ့ခြင်း
ဈ။ ကာမဂုဏ်ချုပ်တည်းခြင်း၊

၃။ အထက်ပါအရာတို့ကို အမှန်ပြုစုပျိုးထောင်လျှင်၊ ဘုရားသခင်နည်းတူကျင့်နေခြင်းပင်ဖြစ်သည်။
၄။ ဘုရားသခင်နည်းတူကျင့်ခြင်းငှါ မည်သည့်အရာတွေက တွန်းအားပေးသနည်း။

က။ “ချစ်သား” များ ဖြစ်သောကြောင့်
ခ။ ”ချစ်သား” ဟူသောစကားလုံးသည် “ချစ်မြတ်နိူးခံရသောသူ”ဟု အနက်ရှိသည်။
ဂ။ သားသမီးများက မိမိတို့ဖခင်နောက်လိုက်လိုသည်မှာ သဘာဝကျ၍ မှန်သောအမှုဖြစ်သည်။

၅။ အထူးသတိပြုရမည့် ဦးတည်ချက်

က။ မေတ္တာ၌ ကျင်လည်ခြင်း
ခ။ သခင်ယေရှုခရစ်တော်၏ ပုံသက်သေကို စိတ်နှုလုံးထဲစွဲလမ်းကြရမည်။
ဂ။ သခင့်မေတ္တာသည် အမွန်မြတ်ဆုံးသော မတ္တာဖြစ်သည်။

(၁) စွန့်လွတ်အနစ်နာခံသော မေတ္တာ
(၂) (အကျွန်ုပ်တို့ကိုယ်စား) အသေခံခြင်းငှါ မိမိကိုယ်ကိုစွန့်တော်မူခြင်းဖြင့် သခင်ယေရှုသည် သူ၏မေတ္တာကြီးမြတ်ခြင်းကို ဖော်ပြသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့သည်

က။ ဘုရားသခင်နည်းတူကျင့်ကြရန်၊
ခ။ အကျွန်ုပ်တို့ကယ်တင်ခြင်း၏ ပုံသက်သေကို အတုယူကြရန်၊ စိတ်အား ထက်သန်ကြပါစေ။

၂။ သခင်ဘုရားအတွက် အကျွန်ုပ်တို့ဆောင်ရွက်သော အမှုတော်

က။ အကျွန်ုပ်တို့ ဆာင်ရွက်သော အမှုတော်သည် ဘုရားသခင်၏ချစ်ခြင်း မတ္တာ၏ ပုံပြင်ခြင်းကြောင့် ဖြစ်ရမည်။
ခ။ ထိုမှသာ အခြားသောသူတို့၏အသက်တာတို့ကို တို့ထိပြုပြင်နိုင်မည် ဖြစ်သည်။
ဂ။ ဘုရားသခင်၏ကို အဓိပ္ပာယ်ရှိ၍ ကြွယ်ဝသောအသက်တာဖြင့်အစေခံကြစို့။
ဃ။ အစေခံရရင်ပြီးရော့ ဟုဆိုကာ အလွယ်တကူ မကျေနပ်ကြစို့နှင့်။
င။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်တို့ကို ကြီးမားစွာ တွန်းပို့ပါစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်