Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ နိုဝင်ဘာလ (၁၄) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ နိုဝင်ဘာလ (၁၄) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၂၈ ခိုးတတ်သောသူသည် နောက်တဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှါ၊ မိမိ လက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။

၂၉ ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။
(ဧဖက် ၄း၂၈-၂၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ခိုးယူခြင်း

က။ အမှန်ကြုံရသော စုံစမ်းခြင်းဖြစ်သည်။
ခ။ သင်းအုပ်ဆရာများသည်လည်း ခိုးမိကြသည်။

(၁) ယုံကြည်၍ အပ်နှံထားသော ငွေကြေးများနှင့်စပ်လျဉ်း၍ မရိုးသားသောအခါ၊
(၂) ဟန်ဆောင်၍ ဖြောင့်မတ်သကဲ့သို့ နေကြသောအခါ
(၃) ပေါ်တင် လိမ်ညာခြင်းပင် ဖြစ်သည်။

ဂ။ ဤအဖြစ်မျိုး လုံး၀ မရှိသင့်ပေ။

၂။ လက်နှင့် အလုပ်လုပ်ခြင်း

က။ အလုပ်လုပ်ခြင်းသည် မှန်သောအမှု ဖြစ်သည်။
ခ။ ကြီးစား၍ သစ္စာရှိရှိ လုပ်ဆောင်ခြင်းသည် မရှိမဖြစ်သော အရာဖြစ်သည်။
ဂ။ အလုပ်လုပ်ခြင်းကို မည်သည့်အရာကမျှ အစားထိုး၍ မရ။

၃။ ကြိုးစားအားထုတ်၍ လုပ်ဆောင်ခြင်းကို အကျိုးများ

က။ အကျွန်ုပ်တို့၏မိသာစုဝင်များကို ကျွေးမွေးနိုင်သည်။
ခ။ လိုအပ်သောသူတို့ကိုလည်း မျှဝေပေးကမ်းနိုင်သည်အထိ ကြွယ်ဝလာနိုင်သည်။

၄။ ညစ်ညူးသောစကား

က။ ဤစကားများသည်

(၁) ကြမ်းတမ်းသောစကားများ၊
(၂) မုသာစကားများ၊

ခ။ ထိုကဲ့သို့သောစကားများသည် အကျွန်ုပ်တို့၏နေ့စဉ်သုံး စကားလုံးများ မဖြစ်စေရပါ။

(၁) သင်းအုပ်ဆရာများလည်း ညစ်ညူးသောစကားကို ဆိုမိနိုင်သည်။
(၂) မမှန်သောအချက်အလက်များကိုလည်း ပေးကမ်းမျှဝေခြင်း မပြုရ။

၅။ သတိထားပြောရမည့်စကားများမှာ

က။ ကြားနာသောသူတို့၏အကျိုးကို ပြုစုသောစကားများ၊
ခ။ ကြားနာသောသူတို့၏စိတ်နှုလုံးကို တည်ဆောက်ပေးသည့် စကားများ၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ သူတပါးအား သွန်သင်ပေးသော သင်းအုပ်ဆရာများ
အထက်ပါအချက်ကို အမြဲသတိနှင့်ယှဉ်၍ ကျင့်သုံးကြရမည်။
သခင်ဘုရားအတွက် အကောင်းဆုံး စကားပြောတတ်ခြင်းငှါ အလိုရှိကြစေ။

၂။ သခင်ယေရှု၏ ပုံသက်သေကို သေချာဆင်ခြင်နှလုံးသွင်းပါ။

၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။
၁၉ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ ငါ့ကို ဘိသိတ် ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။
၂၀ ကျမ်းစာကိုလိပ်၍ စရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ စရပ်၌ရှိသောသူအပေါင်းတို့သည် ကိုယ် တော်ကိုစေ့စေ့ကြည့်လျက်နေကြ၏။
၂၁ ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြာသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော် မူ၏။
၂၂ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩ ချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏ သားမဟုတ်တုံသောဟု ဆိုကြ၏။
( လုကာ ၄း၁၈-၂၂)

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်