Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ နိုဝင်ဘာလ (၇) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ နိုဝင်ဘာလ (၇) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှုလုံးသွင်းခြင်း

၂၅ ထိုကြောင့်မုသားစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့် တယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။
၂၆ အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။
၂၇ အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

(ဧဖက် ၄း၂၅-၂၇)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ပယ်ရှားရမည့်အရာများကို

က။ ချက်ချင်း
ခ။ အကုန်အစင်
ဂ။ ဘယ်တော့မှ ပြန်မလှည့်ဘဲ၊ စွန့်ပစ်ရမည်။

၂။ မုသားစကား

က။ များစွာသောသူတို့၌ တွေ့ရသော ပြဿနာ ဖြစ်သည်။

(၁) ကာက္ကုနသည် အာဗေလ အဘယ်သို့ ဖြစ်သည်ကို မသိဘူးဟု ဟန်ဆောင်၍ မုသာဆိုခဲ့သည် (ကမ္ဘာ ၄)။
(၂) အာဗြံ နှင့်စာရဲ တို့သည်လည်း ဖါရောဘုရင်ကို မုသာဆိုခဲ့ကြသည် (ကမ္ဘာ ၁၂)။

ခ။ ဤ မုသာဆိုတတ်ခြင်းကို လုံး၀ ပယ်ရှားရမည်။

(၁) အထူးသဖြင့်၊ အကျွနု်ပ်တို့သည် ဘုရားသခင်၏အစေကို ခံကြသောသူများ ဖြစ်ကြသည်။
(၂) မုသာဆိုခြင်းသည် ထာဝရဘုရားသခင်၏ မျက်နှာကို အိုးမြဲသုတ်ခြင်းပင် ဖြစ်သည်။
(၃) အချင်းချင်း သက္ခာချခြင်းသက်သက် ဖြစ်သည်။
(၄) သူတပါးတို့ကိုလည်း ခလုတ်ထိ၍ လှဲ့ကျစေသည်။

၃။ အမျက်ဒေါသထွက်ခြင်း

က။ အမျက်ဒေါသသည် အလွန်ုဒုက္ခဖြစ်စေတတ်သည်။
ခ။ စိတ်နှလုံးသား၌ အစဉ်တည်နေသော အမျက်ဒေါသ
ဂ။ ဘုရင်မင်းစောလုသည် ဒါဝဒ်ချီးချူးခြင်းခံရသောအခါ အလွန်အမျက် ဒေါသထွက်ခဲ့သည် (၁ ရာ ၁၈)။

၄။ မာရ်နတ်ကို အခွင့်ပေးမိခြင်းမှာ-

က။ စုံစမ်းသွေးဆောင်ခြင်း
ခ။ လိမ်လည်လှည့်ဖြားခြင်း
ဂ။ လောကီဆန်ခြင်း စသည်တို့ဖြစ်သည်။

၅။ မှန်သောစကားကိုသာ

က။ သစ္စာရှိရှိ၊
ခ။ စိတ်အားထက်သန်စွာ ဆိုပါ။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့အသက်တာဘဝ၌ အားနည်းချက်များ

က။ အတိအလင်း သိမှတ်ခြင်း
မိမိတို့ကိုယ်စီ အားနည်းချက်များကို သိမှတ်ရမည်။
ခ။ ဆုံးမသွန်သင်ခြင်း
အထက်ဖော်ပြပါ အပြစ်များကို အဘယ်သို့ ပယ်ရှားရမည်ကို သင်ယူကြစို့။
ဂ။ စိတ်အားထက်သန်ခြင်း
အကျွန်ုပ်တို့ဘဝအသက်တာ၌ တွေ့ရသော အားနည်းချက်များကို အပြီးအပိုင် ဖြေရှင်းနိုင်မည်အကြောင်း လမ်းကြောင်းမှန်ကို စိတ်အားထက်သန်စွာ ရှာကြစို့။

၂။ ဘုရားသခင်ထံတော်မှ မစခြင်း
မည်သည့်အရာတို့သည် ဘုရားသခင်ထံတော်မှ ရရှိနိုင်မည်နည်း (၂ တိ ၁း၇)

က။ တန်ခိုး
ခ။ ချစ်ခြင်းမေတ္တာ
ဂ။ ရှင်းလင်းသော စိတ်၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်