Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ(၁၃)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ(၁၃)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၄၊ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ စေတနာတော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်းသောအခါ၊ ၅၊ ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြောအသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။
၆၊ ငါတို့ကို ကယ်တင်သော အရှင်ယေရှုခရစ်အားဖြင့် ငါတို့အပေါ်သို့ ထိုဝိညာဉ်တော်ကို ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။                  ၇၊ အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်၍ ထာဝရ အသက်ကို မြော်လင့်သည်နှင့်အညီ အမွေခံဖြစ်ကြမည်အကြောင်းတည်း။

(တိ ၃း၄-၇)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အမြတ်တနိူးထားရမည့် ဘုရားသခင်၏ ပကတိသဘာဝ

က။ စေတနာ
ခ။ မေတ္တာ
ဂ။ သနားခြင်းကရုဏာ
ဃ။ ကျေးဇူးတော်၊

၂။ အမြတ်တနိူးထားရမည့် ဘုရားသခင်၏ လုပ်ဆောင်ချက်များ

က။ ကယ်တင်ခြင်းအမှု
ခ။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်

(၁) ဆေးကြောခြင်း၊
(၂) ဒုတိယမွေးဖွားခြင်း၊
(၃) အသစ်ပြုပြင်ခြင်း၊

ဂ။ ဝိညာဉ်တော်သွန်းလောင်းခြင်း၊
ဃ။ အဓိကသောချက် – ကြွယ်ဝစွာ

ဤအမှန်တရားများကို ဝမ်းမြောက်စွာ အားရပါးရ ဟောပြောသက်သေခံရမည်။

၃။ ခမ်းနားသော အကျိုးရလဒ်များ

က။ ဖြောင့်မတ်ခြင်း

(၁) ဖြောင့်မတ်သောသူဟု ကြေငြာခြင်း ခံရသည်။
(၂) ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သော ရပ်တည်ချက် ဖြစ်သည်။

ခ။ ဘုရားသခင်၏ အမွေစားအမွေခံများ

(၁) မျှော်လင့်ချက်အပြည့်နှင့်၊
(၂) ထာဝရအသက်ကို ပိုင်ဆိုင်လျက်

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့၏ ကယ်တင်ခြင်း

က။ ပေါ့လျော့စွာ မခံယူသင့်ချေ။
ခ။ တစ်ဦးချင်းမှ တန်ဖိုးထားမြတ်နိူးကြရမည့် အရာဖြစ်သည်။

၂။ ကယ်တင်ခြင်းသိတင်းကောင်းကို ဝေငှခြင်း

က။ ဆက်လက် ဝေငှနေရမည်။
ခ။ စိတ်အားထက်သန်စွာ ကြိုးစား၍ လုပ်ဆောင်ရမည်။

၃။ အသင်းတော်၏ ခွန်အား

က။ ဧဝံဂေလိတရားကို အာရုံစိုက်သောအခါ၊
ခ။ အသင်းဝင်သစ်များ ဘုရားသခင်ပေးသောအခါ၊
ဂ။ သင်းအုပ်ဆရာများသည် နှုတ်ကပတ်တော်ကိုသာ စိတ်အားထက်သန်စွာ ဟောကြားသောအခါ၊
ဃ။ အမှုတော်မြတ်၌ အသင်းသားများ ပို၍ ပါဝင်ဆက်ကပ်ကြသောအခါ၊ အသင်းတော်ကြီးသည် ခွန်အားရှိလာသည်။

၄။ အံ့ဖွယ်သော ပုံသက်သေ

တမန်တော်ပေါလုသည် အံ့ဖွယ်သော ပုံသက်သေဖြစ်သည်။ သူသည် ကောင်းမွန်၍ သစ္စာရှိသော ဧဝံဂေလိဆရာတစ်ပါး ဖြစ်သည်။ သူ့အသက်တာကို အတုယူကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်