Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ အောက်တိုဘာလ (၃၁) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ အောက်တိုဘာလ (၃၁) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၂၁ အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူ ဟောင်းကိုချွတ်ပယ်၍၊
၂၂ စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊
၂၃သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍၊
၂၄ ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။

(ဧဖက် ၄း၂၁-၂၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ပြန်လည် သစ်လွန်ခြင်း

က။ များစွာသော သင်းအုပ်ဆရာတို့သည် ကြိမ်ဖန်များစွာ

(၁) မောပန်းကြသည်။
(၂) နိူးထခြင်း မရှိ။
(၃) အင်အားကုန်ခမ်းလျက် ရှိကြသည်။

ခ။ ပြန်လည် သစ်လွန်ခြင်းသည် အရေးပါသည်။

(၁) ပြန်လည် သစ်လွန်ခြင်းသည် စိတ်ဓါတ်ရေးရာ နယ်ပယ်၌ ဖြစ်ပွားသည်။
(၂) အသိဉာဏ်သည်လည်း ပြန်လည် သစ်လွန်ရမည်။

၂။ ပြန်လည် သစ်လွန်ခြင်းနှင့်စပ်လျဉ်းသော ကျမ်းချက်တစ်ခုမှာ-

၂၈ ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူ သော ဘုရားသခင်ဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင် အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင် သော ဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိမကြားဘူးသလော။
၂၉ ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အား ကို ပေးတော်မူ၏။ နွမ်းနယ်သော သူတို့အား၊ အစွမ်းသတ္တိ နှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။
၃၀ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ၃၁ ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။
(ယေရှာယ ၄၀း၂၈-၃၁)

က။ ပြန်လည် သစ်လွန်နိုင်မည်အကြောင်း ဘုရားသခင်သည် အကျွန်ုပ်တို့ကို ခွန်အားပေးတော်မူသည်။
ခ။ ဘုရားသခင်သည် အကျွန်ုပ်တို့၏ခွန်အားကို တိုးပွားစေလိမ့်မည်။
ဂ။ ဘုရားသခင်သည် အကျွန်ုပ်တို့ကို ပြန်လည် သစ်လွန်စေလိမ့်မည်
က။ အကျွန်ုပ်တို့သည် မောပန်းကြမည် မဟုတ်။
ခ။ အကျွန်ုပ်တို့သည် ထိမိ၍လှဲကြမည် မဟုတ်။

၃။ လူသစ်ကို ယူတင်ဝတ်ဆောင်ခြင်း

က။ ဘုရားသခင်က အကျွန်ုပ်တို့အား ပေးသနားတော်မူသော အသစ်သော ဇာတိပကတိ ဖြစ်သည်။
ခ။ ဘုရားသခင်၏ပုံသဏ္ဍန်တော်နှင့်အညီ ပြန်လည်ဖန်ဆင်းသော ဇာတိပကတိဖြစ်သည်။
ဂ။ ထင်ရှားသိသာသော လက္ခဏာနှစ်ခုမှာ-

(၁) မှန်သောဖြောင့်မတ်ခြင်း၊
(၂) သန့်ရှင်းခြင်း၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်၏အစေခံကျွန်များအနေဖြင့် အကျွန်ုပ်တို့ ရှာရမည့်အရာများမှာ-

က။ ဝိညာဉ်ရေး၌ ပြန်လည် သစ်လွန်ခြင်း၊
ခ။ တန်ခိုးနှင့် ခွန်အား၊

၂။ အသစ်သော (ဘုရားသခင်၏ပုံသဏ္ဍန်တော်နှင့်အညီ ဖန်ဆင်းသော) ဇာတိပကတိကို ပြုစုပျိုးထောင်ခြင်း၊

က။ မှန်သော ဖြောင့်မတ်ခြင်း၊
ခ။ သန့်ရှင်းခြင်း၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်