Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ အောက်တိုဘာလ (၂၄) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ အောက်တိုဘာလ (၂၄) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၂၀ ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊
၂၁ အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူ ဟောင်းကိုချွတ်ပယ်၍၊
၂၂ စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊
၂၃သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍၊
၂၄ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။

(ဧဖက် ၄း၂၀-၂၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ သခင်ယေရှုခရစ်တော်နှင့်စပ်လျဉ်းသော သင်ခန်းစာများ
၂။ ဤအကြောင်းခြင်းရာကို တိုက်ရိုက် ဖြေရှင်းရမည်။
၃။ မှားယွင်းသော သင်ယူမှုများ

က။ သီအိုရီအားဖြင့် သခင်ဘုရားကို သိရှိခြင်း
ခ။ လူအများစုသည် သခင်ဘုရားကို အနည်းအကျဉ်း သိကြသည်။

(၁) ခရစ်ဝင်ကျမ်းများ၌ ဖော်ပြထားသော လူထု၊
(၂) ဖာရိရှဲ၊
(၃) ဇဒ္ဒုကဲ၊
(၄) ကျမ်းပြုဆရာများ၊
(၅) ဘာသာရေးခေါင်းဆောင်များ၊

ဂ။ ပြဿနာသည် အသိပညာကြောင့် အသက်တာ ပြောင်းလဲခြင်း မရှိကြချေ။

(၁) စိတ်နှလုံးတို့သည် ဆက်လက်မာကျောလျက် ရှိသည်။
(၂) ဉာဏ်မျက်စီ ဆက်လက်ကွယ်လျက် ရှိကြသည်။
(၃) အပြုအမူတို့သည် အပြစ်တင်ခြင်းနှင့် မကင်းလွတ်ဘဲ ရှိနေသည်။
(၄) သူတို့ပိုင်ဆိုင်သော အသိဉာဏ်သည် မည်သည့်အကျိုးကိုမျှ လုံး၀ မပေး။

၄။ စစ်မှန်သော အသိဉာဏ်

က။ ခရစ်တော်၏စကားကို ကြားနာရသည်ဖြစ်၍ (၄း၂၃)
ခ။ ထိုသခင်ထံ၌ နည်းခံကြပြီ (၄း၂၄)
ဂ။ သခင်ယေရှုသည် ဧဖက်ယုံကြည်သူများထံ၌ ရုပ်လုံးပေါ် ထင်ရှားခဲ့သလား။
လုံး၀ မထင်ရှားခဲ့ပါ။

၅။ ဒါဖြင့်၊ ဘာကို ဆိုလိုသနည်း။

က။ သခင်ဘုရား၏ အကြောင်းကို အမှန်သင်ယူခြင်း
ခ။ သခင်ဘုရားအသက်ရှင်စဉ်၌ ရှိနေပိသကဲ့သို့ သင်ခန်းစာများကို သင်ယူခြင်း၊

(၁) သခင်ယေရှု သွန်သင်ခြင်းကို ကြားနာခြင်း၊
(၂) သခင်ဘုရား၏တပည့်တော်များ သခင်ကို ဝန်းရံပြီး သင်ယူသည့်အလား သင်ယူခြင်း၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဤကဲ့သို့သော သင်ယူမှုမျိုးကို အကျွန်ုပ်တို့အသက်တာ၌လည်း လက်တွေ့မြင်နေရမည်။
၂။ တပည့်တော်တို့၏အသက်တာက ဖော်ပြသည်မှာ- တပည့်တော်တို့သည် သခင်၏

က။ သွန်သင်ခြင်း ခံကြရသည်။
ခ။ လွန်းမိုးခြင်း ခံကြရသည်။
ဂ။ တွန်းပို့ခြင်းကြောင့် စိတ်အားထက်သန်လျက် ရှိကြသည်။

၃။ ပျော့ညံ့သော တပည့်တော်တို့သည်

က။ ဆုတောင်းအားကြီးသောသူများ၊
ခ။ တရားဟောအားကြီးသောသူများ၊
ဂ။ နိုင်ငံတော်အတွက် ထင်ရှားကျော်ကြားသောသူများ ဖြစ်လာကြသည်။

၄။ သွန်သင်ခြင်းမှ တဆင့်ရရှိသော သင်ခန်းစာများကို မှန်ကန်စွာ သင်ယူကြမည်အကြောင်း ပြင်ဆင်ကြစို့။
၅။ ဗေသနိ အိုင်ပီစီ သင်းအုပ်ဆရာများသည်လည်း ဘုရားသခင်၏ အားကြီးသောအစေခံများ ဖြစ်လာနိုင်မည်အကြောင်း ဆုတောင်းပါ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်