Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ စက်တင်ဘာလ (၁၉) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ စက်တင်ဘာလ (၁၉) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

တက်ကြွတော်မူသည်ဟုဆိုသော်၊ အစစွာမြေကြီးအောက်အရပ်သို့ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။

ဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ်၊ အလုံးစုံတို့ကို ပည့်စုံစေခြင်းငှါ၊ ခပ်သိမ်းသော ကာင်းကင်တို့၏အထွဋ်ကို လွန်၍
တက်ကြွတော်မူသော သူဖြစ်သတည်း။

(ဧဖက် ၄း၉-၁၀)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ခက်ခဲ ရှုပ်ထွေးသော ကျမ်းချက် ဖြစ်သည်။

က။ ဖတ်ရှုခြင်း၊
ခ။ နားလည်သဘောပေါက်ခြင်း၊
ဂ။ အထူးသဖြင့်၊ လက်တွေ့အသုံးပြုခြင်း၊ တို့အတွက်ရှုပ်ထွေးသောကျမ်းချက်ဖြစ်သည်။

၂။ “တက်ကြွတော်မူသည်ဟုဆိုသော”

က။ ရည်ညွှန်းသောအရာများစွာ ရှိသည်။

(၁) သခင်ဘုရား၏ ရှင်ပြန်ထမြောက်ခြင်း၊
(၂) အပြစ်တရား၊ သခြင်းနှင့် စာတန်မာရ်နတ်တို့ကို သခင်ဘုရား အာင်နိုင်ခြင်း၊

ခ။ သခင်ယေရှုဘုရား တက်ကြွတော်မူသည်

(၁) ကာင်းကင်ဘုံသို့၊
(၂) သူ၏နေရာမှန်ဖြစ်သော ဘုရားသခင်၏လက်ျာတော်ဘက်သို့၊

၃။ “အစစွာ မကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကိုရည်မှတ်၍ဆိုသည်မဟုတ်လော” သည် ဘာကို ဆိုလိုသနည်း။

က။ တက်ကြွတော်မူခြင်း မပြုမှီ၊

(၁) အာက်သို့ ဦးစွာဆင်းသက်ရမည်။
(၂) ဤအချက်သည် သခင်ခရစ်တော်၏အသေခံခြင်းကိုရည်ညွန်းသည်။

ခ။ “မြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူ” သည်

(၁) အလင်္ကာမြောက်သော အရေးအသားဖြစ်သည်။
(၂) သခင်ခရစ်တော် ခန္ဓာကိုယ်အားဖြင့် သခဲ့သည်ကိုဆိုလိုသည်။
(၃) သခင်ယေရှုသည် အရိမသဲမြို့သားယာသပ်၏သင်္ချိုင်းတွင်း၌ထားခြင်းခံရသည်။
(၄) “မြေကြီးအောက်အရပ်”သည် သသောသူများရှိရာအရပ်ဖြစ်သည်။

၄။ “ဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ်၊ အလုံးစုံတို့ကိုပြည့်စုံစေခြင်း…”

က။ သခင်ခရစ်တော်ကို ရည်ညွန်းသည်။

(၁) သူသည် မကြီးအောက်အရပ်သို့ ဆင်းသက်သောသူဖြစ်သည်။

(၂) သူသည် (အပေါ်သို့) တက်ကြွသောသူလည်း ဖြစ်သည်။

ခ။ သခင်ဘုရား၏တက်ကြွတော်မူခြင်းနှင့် ၎င်း၏အကျိုးဆက်

(၁) သူသည် ခပ်သိမ်းသော ကာင်းကင်တို့၏အထွဋ်၌ ရှိနေသည်။
(၂) သူသည် အလုံးစုံတို့ကို ပည့်စုံစေသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ သခင်ခရစ်တော်၏ဆောင်ရွက်ချက်များကို ပါ့တန်စွာ မခံယူရ။

က။ သူခံစားရသော ဒုက္ခဝေဒနာ၊
ခ။ သူ၏အသေခံခြင်း၊
ဂ။ သူ၏ရှင်ပြန်ထမြောက်ခြင်း၊

၂။ အထက်သို့ တက်ကြွရာ၌ သခင်ခရစ်တော်၏ကြီးမြတ်ခြင်း

က။ အရာခပ်သိမ်းတို့၏အထွဋ်၌ ရှိသည်။
ခ။ အလုံးစုံတို့ကို ဖည့်စေသည်။
ဂ။ သူသည် အလွန်ကြီးမားစွာ ရိုသေကြရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်