Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ စက်တင်ဘာလ (၁၂) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ စက်တင်ဘာလ (၁၂) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည်ကျေးဇူးတော်ကို အသီးသီး ကိုယ်စီခံရကြပြီ။ ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟုလာသတည်း။
(ဧဖက် ၄:၇-၈)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ကျေးဇူးတော်

က။ အရေးပါ၍ အချက်အခြာကျသော အမှန်တရား ဖြစ်သည်။
ခ။ ဆုကျေးဇူးဟူသမျှတို့သည် ကျေးဇူးတော်အားဖြင့် ခံရကြသည်။

(၁) အကျွန်ုပ်တို့ ကောင်းသောကြောင့် မဟုတ်၊
(၂) အကျွန်ုပ်တို့ တော်သောကြောင့် မဟုတ်၊

၂။ “ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း”

က။ ဤအချက်သည်လည်း အရေးသော အကြောင်းတရား ဖြစ်သည်။
ခ။ သခင်ခရစတော် ဗေဒနှင့် ရာနှုန်းပြည့် သက်ဆိုင်သည်။

(၁) ခံရသောအရာတို့သည် သခင်ယေရှုခရစ်တော်အားဖြင့်သာ ဖြစ်ကြသည်။
(၂) သခင်ခရစ်တော်က မိမိအလိုတော်အတိုင်း ပေးကမ်းလိုသောသူတို့ကိုပေးသနားတော်မူသည်။

ဂ။ အတိုင်း (အတိုင်းအတွာ)

(၁) သခင်ခရစ်တော်သည် ဆုကျေးဇူးတစ်ခုမျှသာ ပေးလိုလျှင် ပေးမည်။
(၂) သူသည် ဆုကျေးဇူးများစွာကို ပေးလိုလျှင် ပေးမည်။
(၃) သခင်ဘုရားကသာ (ဆုကျေးဇူး) မည်မျှပေးမည်ကို ဆုံးဖြတ်ပိုင်သည်။

၃။ “မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်”

က။ အောင်ပွဲခံသည်ကို တစ်နည်းတစ်ဖုံ ဖော်ပြခြင်းဖြစ်သည်။
ခ။ သခင်ဘုရားသည် အောက်ပါတို့ကို အောင်နိုင်တော်မူသည်။

(၁) အပြစ်
(၂) လောက
(၃) စာတန်

ဂ။ ရှင်ပြန်ထမြောက်ခြင်းသည် အထက်ဖော်ပြပါတို့ကို အောင်နိုင်ကြောင်းသက်သေထူသည်။

၄။ အောင်ပွဲဆင်နွဲနေသော ဘုရင်တပါးနည်းတူ သခင်ဘုရားသည် ဆုလဒ်များ ပေးနေသည်။

က။ ဘုရင်သည် ရဲရင့်သောစစ်သည်တော်များကို ဆုလဒ်များပေးသော အစဉ် အလာရှိသည်။
ခ။ တိုက်ပွဲ၌ ပါဝင်သောသူတိုင်းကို သခင်ဘုရား ဆုလဒ်များပေးသည်။
ဂ။ သူသည် ဆုလဒ်များပေးသည်

(၁) အကျွန်ုပ်တို့နှင့် သက်ဆိုင်သည်။
(၂) ယုံကြည်သူတိုင်းသည် ဝိညာဉ်ဆုကျေးဇူးများ ခံရကြသည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ စိန်ခေါ်ချက်

က။ မိမိတို့ခံသော ဆုကျေးဇူးများကို သိနားလည်ရန်၊
ခ။ ထိုဆုကျေးဇူးများကို ထပ်ဆင့်မွန်းမံရန်၊
ဂ။ ထိုဆုကျေးဇူးများကို ထိရောက်စွာ အသုံးပြုရန်၊

၂။ အောက်ပါတို့ကို ရှာဖွေကြစို့။

က။ ခံရသော ဆုကျေးဇူးများကို သိနိုမည်အကြောင်း၊
ခ။ ဆုလဒ်များကို အမြတ်တနိုးထားရသကဲ့သို့ ဝိညာဉ်ဆုကျေးဇူးများကိုလည်းအမြတ်တနိုးထားကြစို့။
ဂ။ ဝိညာဉ်ဆုကျေးဇူးများကို ကောင်းမွန်စွာ အသုံံးပြုသောအခါ အသင်းတော်သည်လည်း အလွန်အားကောင်းလာမည် ဖြစ်သည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်